
photo-gettyimages
photo-gettyimages
အလက္ဆစ္ဆန္းခ်က္ဇ္ရဲ႕ရွိရင္းစြဲ၀မ္းနည္းမႈေၾကာင့္ အဲဒီခ်ီလီသားဟာ မန္ယူမွာ အၿမဲတမ္းေျခစြမ္းမျပႏိုင္ခဲ့တာလုိ႔ ေမာ္ရင္ဟိုက ယုံၾကည္ေနပါတယ္။ ေမာ္ရင္ဟိုဟာ ဆန္းခ်က္ဇ္ကို ၂၀၁၈ ဇန္န၀ါရီလမွာ အာဆင္နယ္ကေန ၀ယ္ယူခ့ဲတာျဖစ္ၿပီး အမ္ခီတာယန္နဲ႔ အလဲအထပ္လုပ္ခဲ့တာပါ။ ဒါေပမဲ့လည္း ဆန္းခ်က္ဇ္ဟာ အိုးလ္ထရက္ဖုိ႔ဒ္မွာ ေျခစြမ္းမျပႏိုုင္ခ့ဲဘဲ မန္ယူအတြက္ ၄၅ ပြဲမွာ ၅ ဂိုးသာသြငး္ႏိုင္ခဲ့ပါတယ္။
photo-gettyimages
ေမာ္ရင္ဟိုကိုယ္တိုင္ကလည္း သူ႔အေနနဲ႔ ဆနး္ခ်က္ဇ္ဆီကေန အေကာင္းဆုံးေျခစြမး္ညွစ္ထုတ္ယူႏိုင္ခဲ့ျခင္းမရွိေၾကာင္း ၀န္ခံခဲ့ပါတယ္။ ေမာ္ရင္ဟိုေနရာဆက္ခံတဲ့ဆိုးလ္ရွားဟာလည္း ဆန္းခ်က္ဇ္အေနထားကို ေျပာင္းလဲေပးႏိုင္ျခင္း မရွိခဲ့ပါဘူး။ ဒါေၾကာင့္လည္း အသက္ ၃၀ အရြယ္ ဆန္းခ်က္ဇ္ဟာ အခုေႏြရာသီအေျပာင္းအေရႊ႕မွာ အင္တာမီလန္ကို တစ္ရာသီအငွားနဲ႔ ေျပာင္းသြားခဲ့တာပါ။
photo-gettyimages
တယ္လီဂရက္ဖ္သတင္းစာနဲ႔အင္တာဗ်ဴးမွာ ဆန္းခ်က္ဇ္အေၾကာင္းေျပာေတာ့ ေမာ္ရင္ဟိုက”သူဟာ ေပ်ာ္ရႊင္တဲ့သူတစ္ေယာက္မဟုတ္ဘူးလို႔ ခံစားရပါတယ္။ မေပ်ာ္ရႊင္ဘူးဆုိရင္ ဘယ္အလုပ္ပဲျဖစ္ျဖစ္ အလြယ္တကူလုပ္ႏိုင္မွာမဟုတ္ဘူးလို႔ ကၽြန္ေတာ္ထင္ပါတယ္။ ကၽြန္ေတာ္မွားတာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့။ သူ႔ဆီက အေကာင္းဆုံးေျခစြမး္ကို ကၽြန္ေတာ္ညွစ္ထုတ္မယူႏိုင္တာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့။ နည္းျပတစ္ေယာက္အေနနဲ႔ တစ္ခါတစ္ရံမွာ ကစားသမားေတြဆီကေန အေကာင္းဆုံးညွစ္ယူႏိုင္တဲ့လုပ္ႏိုင္စြမး္ရွိပါတယ္။ တျခားအခ်ိန္ေတြမွာဆုိရင္ေတာ့ အဲဒီလိုခ်ဥ္းကပ္မႈမွာ ခင္ဗာ်းမေအာင္ျမင္ပါဘူး။ ဒါေပမဲ့ လက္ေတြ႕ဘ၀မွာေတာ့ ဆနး္ခ်က္ဇ္ဟာ ၀မ္းနည္းတဲ့သူတစ္ေယာက္လို႔ ကၽြန္ေတာ္အၿမဲခံစားရပါတယ္။ ဒါေၾကာင့္ အီတလီမွာဆိုရင္ေတာ့ အဲဒါကေန သူျပန္လည္နာလန္ထူႏိုင္ပါလိမ့္မယ္။ သူလုပ္ႏိုင္မယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ကၽြန္ေတာ္က ကစားသမားတိုင္းကို အၿမဲတမ္းဆုမြန္ေကာင္းေပးပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
[Unicode]
အလက်ဆစ်ဆန်းချက်ဇ်ရဲ့ရှိရင်းစွဲဝမ်းနည်းမှုကြောင့် အဲဒီချီလီသားဟာ မန်ယူမှာ အမြဲတမ်းခြေစွမ်းမပြနိုင်ခဲ့တာလို့ မော်ရင်ဟိုက ယုံကြည်နေပါတယ်။ မော်ရင်ဟိုဟာ ဆန်းချက်ဇ်ကို ၂၀၁၈ ဇန်နဝါရီလမှာ အာဆင်နယ်ကနေ ဝယ်ယူခဲ့တာဖြစ်ပြီး အမ်ခီတာယန်နဲ့ အလဲအထပ်လုပ်ခဲ့တာပါ။ ဒါပေမဲ့လည်း ဆန်းချက်ဇ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ မန်ယူအတွက် ၄၅ ပွဲမှာ ၅ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။
မော်ရင်ဟိုကိုယ်တိုင်ကလည်း သူ့အနေနဲ့ ဆန်းချက်ဇ်ဆီကနေ အကောင်းဆုံးခြေစွမ်းညှစ်ထုတ်ယူနိုင်ခဲ့ခြင်းမရှိကြောင်း ဝန်ခံခဲ့ပါတယ်။ မော်ရင်ဟိုနေရာဆက်ခံတဲ့ဆိုးလ်ရှားဟာလည်း ဆန်းချက်ဇ်အနေထားကို ပြောင်းလဲပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အသက် ၃၀ အရွယ် ဆန်းချက်ဇ်ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ အင်တာမီလန်ကို တစ်ရာသီအငှားနဲ့ ပြောင်းသွားခဲ့တာပါ။
တယ်လီဂရက်ဖ်သတင်းစာနဲ့အင်တာဗျူးမှာ ဆန်းချက်ဇ်အကြောင်းပြောတော့ မော်ရင်ဟိုက”သူဟာ ပျော်ရွှင်တဲ့သူတစ်ယောက်မဟုတ်ဘူးလို့ ခံစားရပါတယ်။ မပျော်ရွှင်ဘူးဆိုရင် ဘယ်အလုပ်ပဲဖြစ်ဖြစ် အလွယ်တကူလုပ်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်မှားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ သူ့ဆီက အကောင်းဆုံးခြေစွမ်းကို ကျွန်တော်ညှစ်ထုတ်မယူနိုင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ နည်းပြတစ်ယောက်အနေနဲ့ တစ်ခါတစ်ရံမှာ ကစားသမားတွေဆီကနေ အကောင်းဆုံးညှစ်ယူနိုင်တဲ့လုပ်နိုင်စွမ်းရှိပါတယ်။ တခြားအချိန်တွေမှာဆိုရင်တော့ အဲဒီလိုချဉ်းကပ်မှုမှာ ခင်ဗာျးမအောင်မြင်ပါဘူး။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ ဆန်းချက်ဇ်ဟာ ဝမ်းနည်းတဲ့သူတစ်ယောက်လို့ ကျွန်တော်အမြဲခံစားရပါတယ်။ ဒါကြောင့် အီတလီမှာဆိုရင်တော့ အဲဒါကနေ သူပြန်လည်နာလန်ထူနိုင်ပါလိမ့်မယ်။ သူလုပ်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော်က ကစားသမားတိုင်းကို အမြဲတမ်းဆုမွန်ကောင်းပေးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။