မန်ယူမှာတုန်းက စီရော်နယ်ဒိုငိုအောင် နစ္စတယ်ရွိင်းလုပ်ခဲ့တယ်လို့ တိုက်စစ်မှုးဟောင်းဆာဟာဖွင့်ဟ

photo-the sun

photo-gettyimages

မန်ယူတိုက်စစ်မှုးဟောင်းလူးဝစ်ဆာဟာတစ်ယောက် မကြာသေးခင်အင်တာဗျူးတစ်ခုမှာ သူ့ရဲ့မန်ယူအချိန်တွေကို ပြန်ပြောင်းပြောပြခဲ့ပြီး အဲဒီထဲမှာ စီရော်နယ်ဒိုနဲ့ နစ္စတယ်ရွိင်းတို့ကြားက ပြသနာကိုလည်း ဖွင့်ဟခဲ့ကာ နစ္စတယ်ရွိုင်းဟာ စီရော်နယ်ဒိုငိုအောင်လုပ်ခဲ့တယ်လို့ ဆိုခဲ့တာပါ။ ၂၀၀၅ ခုနှစ်မှာ စီရော်နယ်ဒိုရဲ့ဖခင် ကွယ်လွန်သွားခဲ့ပြီးနောက် နစ္စတယ်ရွိင်းနဲ့စီရော်နယ်ဒိုတို့ လေ့ကျင့်ရေးကွင်းမှာ ပြသနာတက်ခဲ့ကြတာပါ။ အဲဒီတုန်းက ဖာဂူဆန်ရဲ့အသင်းမှာ နစ္စတယ်ရွိုင်းဟာ ဦးစားပေးတိုက်စစ်မှုးဖြစ်ခဲ့ပြီး အဲဒီအတွက် အတ္တကြီးသူတစ်ယောက်လည်း ဖြစ်ခဲ့ကြောင်း ဆာဟာက ရှင်းပြခဲ့တာပါ။

photo-gettyimages

”ပေးပို့မှုတွေအားလုံးကို သူလိုချင်တဲ့အတ္တမျိုး နစ္စတယ်ရွိင်းဆီမှာ ရှိပါတယ်။ ဒါဟာ အဲဒီတုန်းက စီရော်နယ်ဒိုနဲ့ ရူနီတို့လို လူငယ်တွေတိုးတက်ဖို့အတွက် တစ်ခါတစ်ရံမှာ အနှောင့်အယှက်ဖြစ်ရပါတယ်။ နည်းပြအတွက်လည်း ကိုင်တွယ်ရခက်ခဲ့ပါတယ်။ စီရော်နယ်ဒိုငိုအောင် နစ္စတယ်ရွိုင်းလုပ်ခဲ့သလားဆိုရင် ဟုတ်တယ်လို့ပဲ ပြောရမှာပါ။ သတင်းတွေလည်း ထွက်ခဲ့တယ်။ စီရော်နယ်ဒိုရဲ့ဖခင်ကွယ်လွန်သွားပြီးချိန်မှာ သူတို့စကားမားျခဲ့ကြတာပါ။ ဒါကြောင့် အချိန်ကောင်းတော့ မဟုတ်ဘူးပေ့ါဗျာ။ ကစားသမားနှစ်ယောက် စိတ်ဓာတ်ပျောက်ဆုံးနေချိန်မှာ ဒါမျိုးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်သေချာပြောရဲတာက သူပြောခဲ့တာတချို့အတွက် နစ္စတယ်ရွိုင်း နောင်တရနေမယ်ဆိုတာပါပဲ”လို့ ဆာဟာက ပြောခဲ့တာပါ။

photo-gettyimages

စီရော်နယ်ဒိုနဲ့နစ္စတယ်ရွိုင်းတို့ဟာ ရီးရဲလ်မက်ဒရစ်မှာ တစ်ခါပြန်ဆုံကြပါသေးတယ်။ ဒါပေမဲ့ ၆ လလောက်သာ အတူရှိခဲ့ကြတာဖြစ်ပြီး အဲဒီနောက်မှာတော့ နစ္စတယ်ရွိုင်းဟာ ဟမ်းဘတ်ကို ပြောင်းသွားခဲ့ရတာပါ။ ဒီလိုမျိုး တစ်ချိန်တုန်းက နစ္စတယ်ရွိုင်းဟာ သူ့ကိုငိုအောင် လုပ်ခဲ့ဖူးပေမယ့်လည်း စီရော်နယ်ဒိုက သူ့ရဲ့ကစားသမားဘဝမှာ အဲဒီနယ်သာလန်သားတိုက်စစ်မှုးဟောင်းဟာ လှုံ့ဆော်နိုင်သူတွေထဲက တစ်ယောက်ဖြစ်ခဲ့ကြောင်း ပြီးခဲ့တဲ့လက ဖွင့်ဟခဲ့ပါတယ်။

[Zawgyi]

မန္ယူမွာတုန္းက စီေရာ္နယ္ဒိုငိုေအာင္ နစၥတယ္ရြိင္းလုပ္ခဲ့တယ္လို႔ တိုက္စစ္မႈးေဟာင္းဆာဟာဖြင့္ဟ

မန္ယူတိုက္စစ္မႈးေဟာင္းလူး၀စ္ဆာဟာတစ္ေယာက္ မၾကာေသးခင္အင္တာဗ်ဴးတစ္ခုမွာ သူ႔ရဲ႕မန္ယူအခ်ိန္ေတြကို ျပန္ေျပာင္းေျပာျပခဲ့ၿပီး အဲဒီထဲမွာ စီေရာ္နယ္ဒိုနဲ႔ နစၥတယ္ရြိင္းတုိ႔ၾကားက ျပသနာကိုလည္း ဖြင့္ဟခဲ့ကာ နစၥတယ္ရြိဳင္းဟာ စီေရာ္နယ္ဒိုငိုေအာင္လုပ္ခဲ့တယ္လို႔ ဆိုခဲ့တာပါ။ ၂၀၀၅ ခုႏွစ္မွာ စီေရာ္နယ္ဒိုရဲ႕ဖခင္ ကြယ္လြန္သြားခဲ့ၿပီးေနာက္ နစၥတယ္ရြိင္းနဲ႔စီေရာ္နယ္ဒိုတို႔ ေလ့က်င့္ေရးကြင္းမွာ ျပသနာတက္ခ့ဲၾကတာပါ။ အဲဒီတုန္းက ဖာဂူဆန္ရဲ႕အသင္းမွာ နစၥတယ္ရြိဳင္းဟာ ဦးစားေပးတိုက္စစ္မႈးျဖစ္ခဲ့ၿပီး အဲဒီအတြက္ အတၱႀကီးသူတစ္ေယာက္လည္း ျဖစ္ခဲ့ေၾကာင္း ဆာဟာက ရွင္းျပခဲ့တာပါ။

”ေပးပို႔မႈေတြအားလုံးကို သူလိုခ်င္တဲ့အတၱမ်ိဳး နစၥတယ္ရြိင္းဆီမွာ ရွိပါတယ္။ ဒါဟာ အဲဒီတုန္းက စီေရာ္နယ္ဒိုနဲ႔ ရူနီတို႔လို လူငယ္ေတြတိုးတက္ဖို႔အတြက္ တစ္ခါတစ္ရံမွာ အေႏွာင့္အယွက္ျဖစ္ရပါတယ္။ နည္းျပအတြက္လည္း ကိုင္တြယ္ရခက္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုငိုေအာင္ နစၥတယ္ရြိဳင္းလုပ္ခဲ့သလားဆုိရင္ ဟုတ္တယ္လို႔ပဲ ေျပာရမွာပါ။ သတင္းေတြလည္း ထြက္ခဲ့တယ္။ စီေရာ္နယ္ဒိုရဲ႕ဖခင္ကြယ္လြန္သြားၿပီးခ်ိန္မွာ သူတို႔စကားမား်ခဲ့ၾကတာပါ။ ဒါေၾကာင့္ အခ်ိန္ေကာင္းေတာ့ မဟုတ္ဘူးေပ့ါဗ်ာ။ ကစားသမားႏွစ္ေယာက္ စိတ္ဓာတ္ေပ်ာက္ဆုံးေနခ်ိန္မွာ ဒါမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ေသခ်ာေျပာရဲတာက သူေျပာခဲ့တာတခ်ိဳ႕အတြက္ နစၥတယ္ရြိဳင္း ေနာင္တရေနမယ္ဆိုတာပါပဲ”လို႔ ဆာဟာက ေျပာခဲ့တာပါ။

စီေရာ္နယ္ဒိုနဲ႔နစၥတယ္ရြိဳင္းတို႔ဟာ ရီးရဲလ္မက္ဒရစ္မွာ တစ္ခါျပန္ဆုံၾကပါေသးတယ္။ ဒါေပမဲ့ ၆ လေလာက္သာ အတူရွိခဲ့ၾကတာျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ နစၥတယ္ရြိဳင္းဟာ ဟမ္းဘတ္ကို ေျပာင္းသြားခဲ့ရတာပါ။ ဒီလိုမ်ိဳး တစ္ခ်ိန္တုန္းက နစၥတယ္ရြိဳင္းဟာ သူ႔ကိုငိုေအာင္ လုပ္ခဲ့ဖူးေပမယ့္လည္း စီေရာ္နယ္ဒိုက သူ႔ရဲ႕ကစားသမားဘ၀မွာ အဲဒီနယ္သာလန္သားတုိက္စစ္မႈးေဟာင္းဟာ လႈံ႕ေဆာ္ႏိုင္သူေတြထဲက တစ္ေယာက္ျဖစ္ခဲ့ေၾကာင္း ၿပီးခဲ့တဲ့လက ဖြင့္ဟခဲ့ပါတယ္။