မန္ယူပစ္မွတ္ကို လက္ဦးမႈရယူၿပီးေနာက္ ေနာက္ေျပာင္လိုက္တဲ့ စပိန္ဒုတိယတန္းကလပ္

photo-the sun

photo-gettyimages

စပိန္ဒုတိယတန္းကလပ္တစ္ခုျဖစ္တဲ့အယ္မာရီးယားဟာ မန္ယူအသင္းစိတ္၀င္စားေနတဲ့ ေနာ္တင္ဟမ္လူငယ္ၾကယ္ပြင့္အပီယာကို ေပါင္ ၈ သန္းနဲ႔ေခၚယူၿပီး လက္ဦးမႈရယူႏိုင္ခဲ့ပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ အဲဒီတိုက္စစ္မႈးေလးဟာ မန္ယူရဲ႕အနီးကပ္ေစာင့္ၾကည့္ျခင္းခံခဲ့ရတာပါ။ ဒါေပမဲ့လည္း သူဟာ အယ္မာရီးယားကုိ ေျပာင္းဖုိ႔ ရဲရင့္စြာနဲ႔ ဆုံးျဖတ္လိုက္ပါတယ္။

photo-gettyimages

အပီယာကိုေခၚယူႏိုင္မႈနဲ႔အတူ အယ္မာရီးယားဟာ ပရီးမီးယာလိဂ္အသင္းႀကီးျဖစ္တဲ့မန္ယူကို ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ ေနာက္ေျပာင္မႈလုပ္ခဲ့ပါတယ္။ အပီယာကိုေခၚယူႏိုင္ၿပီဆိုတဲ့သတင္းကို Twitter မွာ ပုံတင္ၿပီးေၾကညာရာမွာ ”ေဆာရီးပါ မန္ယူေရ…အာဗင္အပီယာဟာ အနီနဲ႔အျဖဴေရာင္ပါ”ဆုိတဲ့ caption ကိုပါေရးခဲ့တာပါ။

photo-gettyimages

အပီယာရဲ႕အေျပာင္းအေရႊ႕ဟာ စပိန္ဒုတိယတန္းသမိုင္းမွာ ေစ်းအႀကီးဆုံးအေျပာင္းအေရႊ႕ျဖစ္လာပါတယ္။ ေပါင္ ၈ သန္းေတာင္ေပးခဲ့တာမို႔ အယ္မာရီးယားဘက္က သူ႔ကိုဘယ္ေလာက္ေတာင္ လုိခ်င္ခဲ့သလဲဆုိတာ ေပၚလြင္ပါတယ္။ တကယ္လုိ႔ ကစားသမားက ေျခစြမ္းျပၿပီး အယ္မာရီးယားလည္း လာလီဂါကို တန္းျပန္တက္ႏိုင္မယ္ဆုိရင္ အပီယာဟာ မက္ဆီတို႔နဲ႔ေတာင္ ရင္ဆိုင္ခြင့္ရႏိုင္ပါတယ္။ အဲဒီဆယ္ေက်ာ္သက္ကစားသမားေလးဟာ ၿပီးခဲ့တဲ့ယူရိုၿပိဳင္ပြဲမွာ အဂၤလန္ယူ-၁၇ အသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့သူ ျဖစ္ပါတယ္။

[Unicode]

စပိန်ဒုတိယတန်းကလပ်တစ်ခုဖြစ်တဲ့အယ်မာရီးယားဟာ မန်ယူအသင်းစိတ်ဝင်စားနေတဲ့ နော်တင်ဟမ်လူငယ်ကြယ်ပွင့်အပီယာကို ပေါင် ၈ သန်းနဲ့ခေါ်ယူပြီး လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် အဲဒီတိုက်စစ်မှုးလေးဟာ မန်ယူရဲ့အနီးကပ်စောင့်ကြည့်ခြင်းခံခဲ့ရတာပါ။ ဒါပေမဲ့လည်း သူဟာ အယ်မာရီးယားကို ပြောင်းဖို့ ရဲရင့်စွာနဲ့ ဆုံးဖြတ်လိုက်ပါတယ်။

အပီယာကိုခေါ်ယူနိုင်မှုနဲ့အတူ အယ်မာရီးယားဟာ ပရီးမီးယာလိဂ်အသင်းကြီးဖြစ်တဲ့မန်ယူကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ နောက်ပြောင်မှုလုပ်ခဲ့ပါတယ်။ အပီယာကိုခေါ်ယူနိုင်ပြီဆိုတဲ့သတင်းကို Twitter မှာ ပုံတင်ပြီးကြေညာရာမှာ ”ဆောရီးပါ မန်ယူရေ…အာဗင်အပီယာဟာ အနီနဲ့အဖြူရောင်ပါ”ဆိုတဲ့ caption ကိုပါရေးခဲ့တာပါ။

အပီယာရဲ့အပြောင်းအရွှေ့ဟာ စပိန်ဒုတိယတန်းသမိုင်းမှာ ဈေးအကြီးဆုံးအပြောင်းအရွှေ့ဖြစ်လာပါတယ်။ ပေါင် ၈ သန်းတောင်ပေးခဲ့တာမို့ အယ်မာရီးယားဘက်က သူ့ကိုဘယ်လောက်တောင် လိုချင်ခဲ့သလဲဆိုတာ ပေါ်လွင်ပါတယ်။ တကယ်လို့ ကစားသမားက ခြေစွမ်းပြပြီး အယ်မာရီးယားလည်း လာလီဂါကို တန်းပြန်တက်နိုင်မယ်ဆိုရင် အပီယာဟာ မက်ဆီတို့နဲ့တောင် ရင်ဆိုင်ခွင့်ရနိုင်ပါတယ်။ အဲဒီဆယ်ကျော်သက်ကစားသမားလေးဟာ ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲမှာ အင်္ဂလန်ယူ-၁၇ အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။