မန္ယူနဲ႔ဟာလန္း ေရစက္ဆံုၾကမလား…

PC ; Internet

ဆဲလ္ဘတ္္တိုက္စစ္မွဴးဟာလန္းဟာ ဥေရာပထိပ္တန္းအသင္းေတြရဲ႕ ပစ္မွတ္ျဖစ္ေနတဲ့ ကစားသမားတစ္ေယာက္ပါ။အထူးသျဖင့္ အသက္ ၁၉ႏွစ္သားဟာ ဂ်န္႔နဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ အဖြင့္ပြဲစဥ္မွာ ဆဲလ္ဘတ္အတြက္ ဟက္ထရစ္သြင္းယူေပးႏိုင္ခဲ့တဲ့ေနာက္ပိုင္း ထိပ္တန္းအသင္းေတြ မ်က္စိက်မႈကိုခံလာခဲ့ရပါတယ္။ဒီအထဲမွာ ပရီးမီးယားလိဂ္ကလပ္ မန္ယူလည္းပါေနတယ္လို႔ သတင္းေတြထြက္ေနပါတယ္။လက္ရွိအခ်ိန္မွာေတာ့ ကာယကံရွင္ကိုယ္တိုင္က နည္းျပဆိုးလ္ရွားကိုခ်ီးက်ဴးလိုက္သလို အဂၤလန္ေဘာလံုးေလာကကိုလည္း သေဘာက်တယ္လို႔ ဖြင့္ဟလာတာေၾကာင့္ အိပ္မက္ကဇာတ္ခံုမွာ ေနာ္ေ၀သားကိုျမင္ရေတာ့မလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာျဖစ္လာခဲ့ပါတယ္။

PC ; Getty

အထူးသျဖင့္ သူဟာ မိုလ္ဒီအသင္းမွာရွိစဥ္တုန္းက ဆိုးလ္ရွားရဲ႕လႊမ္းမိုးမႈကိုအမ်ားႀကီးခံခဲ့ရဖူးတယ္လို႔ ဟာလန္းကေျပာသြားခဲ့တာပါ။မန္ယူပရိသတ္အမ်ားစုက ဟာလန္းကိုေခၚဖို႔ေထာက္ခံေနၾကခ်ိန္မွာ ဆဲလ္ဘတ္တိုက္စစ္မွဴးေလးက TV2နဲ႔ အင္တာဗ်ဴးမွာ ဆိုးလ္ရွားအေၾကာင္းဖြင့္ဟသြားတာျဖစ္ပါတယ္။“ ဆိုးလ္ရွားဟာ လူပုဂၢိဳလ္တစ္ေယာက္အျဖစ္နဲ႔ေရာ နည္းျပတစ္ဦးအေနနဲ႔ပါ ကၽြန္ေတာ္ရဲ႕ဘ၀ကိုသက္ေရာက္မႈအမ်ားႀကီးရွိခဲ့သူပါ။ သူဟာခ်န္ပီယံလိဂ္ဆုဖလားကိုရရွိခဲ့သူျဖစ္သလို အရမ္းေကာင္းတဲ့ကစားသမားတစ္ေယာက္လည္းျဖစ္ပါတယ္။ ကၽြန္ေတာ့္ကိုလည္း စကားေတြအမ်ားၾကီးေျပာခဲ့ပါတယ္။ ကၽြန္ေတာ္ကေတာ့ ကမၻာ့ အေကာင္းဆံုးအသင္းတစ္သင္းမွာကစားခ်င္တဲ့အိပ္မက္ရွိသူပါ။ အထူးသျဖင့္ အဂၤလန္ေဘာလံုးေလာကမွာေပါ့”လို႔ ဟာလန္းက ေျပာခဲ့တာပါ။

PC ; Getty

ဒါေပမဲ့ မန္ယူဟာ ဟာလန္းကိုေခၚခ်င္ရင္ ေပါ့ဘာရဲ႕အေျပာင္းအေရႊ႔ကိစၥမွာ သူတို႔နဲ႔ကေတာက္ကဆျဖစ္ခဲ့ဖူးတဲ့ ေအးဂ်င့္ရြိဳင္းအိုလာနဲ႔ျပန္လည္ထိပ္တိုက္ေတြ႕ရေတာ့မွာပါ။တကယ္ေတာ့ ဟာလန္းဟာ အဂၤလန္ႏို္င္ငံ လိဒ္မွာေမြးဖြားခဲ့သူျဖစ္ၿပီး တစ္ခ်ိန္ခ်ိန္မွာ ပရီးမီးယားလိဂ္ကိုလာကစားဖို႔ ဆႏၵရွိေနသူျဖစ္ပါတယ္။သူ႔ရဲ႕ဖခင္ျဖစ္သူ အက္ဖ္အင္ဂီကလည္း “ကစားသမားတိုင္းဟာ ပရီးမီးယားလိဂ္မွာကစားခြင့္ရဖို႔ အိပ္မက္တစ္ၾကိမ္မကရွိေနပါလိမ့္မယ္။ အမ်ားအာရံုစိုက္ျခင္းခံရတဲ့လိဂ္ျပိဳင္ပြဲျဖစ္သလို အရည္အေသြးျမင့္အသင္းေတြအမ်ားၾကီးရွိပါတယ္။ ပရီးမီးယားလိဂ္ဟာသူ႔ကိုအျပည့္အ၀ဆြဲေဆာင္ႏိုင္ပါလိမ့္မယ္”လို႔ ဆိုထားတာေၾကာင့္ မန္ယူနဲ႔ဟာလန္း ေရစက္ဆံုမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။

(unicode)

ဆဲလ်ဘတ်တိုက်စစ်မှူးဟာလန်းဟာ ဥရောပထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ကစားသမားတစ်ယောက်ပါ။အထူးသဖြင့် အသက် ၁၉နှစ်သားဟာ ဂျန့်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် အဖွင့်ပွဲစဉ်မှာ ဆဲလ်ဘတ်အတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တဲ့နောက်ပိုင်း ထိပ်တန်းအသင်းတွေ မျက်စိကျမှုကိုခံလာခဲ့ရပါတယ်။ဒီအထဲမှာ ပရီးမီးယားလိဂ်ကလပ် မန်ယူလည်းပါနေတယ်လို့ သတင်းတွေထွက်နေပါတယ်။လက်ရှိအချိန်မှာတော့ ကာယကံရှင်ကိုယ်တိုင်က နည်းပြဆိုးလ်ရှားကိုချီးကျူးလိုက်သလို အင်္ဂလန်ဘောလုံးလောကကိုလည်း သဘောကျတယ်လို့ ဖွင့်ဟလာတာကြောင့် အိပ်မက်ကဇာတ်ခုံမှာ နော်ဝေသားကိုမြင်ရတော့မလားဆိုတာ စောင့်ကြည့်ချင်စရာဖြစ်လာခဲ့ပါတယ်။အထူးသဖြင့် သူဟာ မိုလ်ဒီအသင်းမှာရှိစဉ်တုန်းက ဆိုးလ်ရှားရဲ့လွှမ်းမိုးမှုကိုအများကြီးခံခဲ့ရဖူးတယ်လို့ ဟာလန်းကပြောသွားခဲ့တာပါ။မန်ယူပရိသတ်အများစုက ဟာလန်းကိုခေါ်ဖို့ထောက်ခံနေကြချိန်မှာ ဆဲလ်ဘတ်တိုက်စစ်မှူးလေးက TV2နဲ့ အင်တာဗျူးမှာ ဆိုးလ်ရှားအကြောင်းဖွင့်ဟသွားတာဖြစ်ပါတယ်။“ ဆိုးလ်ရှားဟာ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နဲ့ရော နည်းပြတစ်ဦးအနေနဲ့ပါ ကျွန်တော်ရဲ့ဘဝကိုသက်ရောက်မှုအများကြီးရှိခဲ့သူပါ။ သူဟာချန်ပီယံလိဂ်ဆုဖလားကိုရရှိခဲ့သူဖြစ်သလို အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ကျွန်တော့်ကိုလည်း စကားတွေအများကြီးပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ ကမ္ဘာ့ အကောင်းဆုံးအသင်းတစ်သင်းမှာကစားချင်တဲ့အိပ်မက်ရှိသူပါ။ အထူးသဖြင့် အင်္ဂလန်ဘောလုံးလောကမှာပေါ့”လို့ ဟာလန်းက ပြောခဲ့တာပါ။ဒါပေမဲ့ မန်ယူဟာ ဟာလန်းကိုခေါ်ချင်ရင် ပေါ့ဘာရဲ့အပြောင်းအရွှေ့ကိစ္စမှာ သူတို့နဲ့ကတောက်ကဆဖြစ်ခဲ့ဖူးတဲ့ အေးဂျင့်ရွိုင်းအိုလာနဲ့ပြန်လည်ထိပ်တိုက်တွေ့ရတော့မှာပါ။တကယ်တော့ ဟာလန်းဟာ အင်္ဂလန်နိုင်ငံ လိဒ်မှာမွေးဖွားခဲ့သူဖြစ်ပြီး တစ်ချိန်ချိန်မှာ ပရီးမီးယားလိဂ်ကိုလာကစားဖို့ ဆန္ဒရှိနေသူဖြစ်ပါတယ်။သူ့ရဲ့ဖခင်ဖြစ်သူ အက်ဖ်အင်ဂီကလည်း “ကစားသမားတိုင်းဟာ ပရီးမီးယားလိဂ်မှာကစားခွင့်ရဖို့ အိပ်မက်တစ်ကြိမ်မကရှိနေပါလိမ့်မယ်။ အများအာရုံစိုက်ခြင်းခံရတဲ့လိဂ်ပြိုင်ပွဲဖြစ်သလို အရည်အသွေးမြင့်အသင်းတွေအများကြီးရှိပါတယ်။ ပရီးမီးယားလိဂ်ဟာသူ့ကိုအပြည့်အဝဆွဲဆောင်နိုင်ပါလိမ့်မယ်”လို့ ဆိုထားတာကြောင့် မန်ယူနဲ့ဟာလန်း ရေစက်ဆုံမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။