မန္ယူနိမ့္က်ေနတယ္လို႔ ေျပာဖို႔မစြမ္းသာေပမယ့္ ရင္ဆိုင္ဖို႔ေတာ့ အဆင့္သင့္ပဲ…

PC ; Internet

ရာသီသစ္ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ကို ပရိသတ္ေတြ မွတ္မိၾကဦးမယ္ထင္ပါတယ္။ပြဲစဥ္ -၁ မွာ မန္ယူနဲ႔ခ်ဲလ္ဆီးထိပ္တိုက္ေတြ႔ဆံုမႈဟာ စိတ္၀င္စားစရာအေကာင္းဆံုးျဖစ္ခဲ့တယ္။ရလဒ္ကေတာ့ အားလံုးသိၾကၿပီးျဖစ္တဲ့အတိုင္း အိုးလ္ထရက္ဖို႔ဒ္မွာ သရဲနီေတြက ၄ဂိုးျပတ္ ေအာင္ပြဲခံသြားခဲ့ပါတယ္။လမ္းပတ္အတြက္ ခ်ဲလ္ဆီးနည္းျပဘ၀ ပထမဆံုးပရီးမီးယားလိဂ္ပြဲစဥ္ဟာ စိတ္ပ်က္စရာရလဒ္နဲ႔ရင္ဆိုင္ခဲ့ရတာပါ။အခု အဂၤလန္ကြင္းလယ္လူေဟာင္းနဲ႔အျပာေရာင္ေတြအတြက္ လက္စားေခ်ဖို႔ အခြင့္အလမ္းေပၚလာခဲ့ပါၿပီ။

PC ; Internet

ကာရာေဘာင္ဖလားလို႔ေခၚတဲ့ လိဂ္ဖလား စတုတၳအဆင့္ပြဲစဥ္ေတြကို ထုတ္ျပန္ခဲ့ရာမွာ ခ်ဲလ္ဆီးဟာ မန္ယူနဲ႔ေတြ႕ဆံုေနပါတယ္။ မန္ယူဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က လိဂ္-၁ ကလပ္ ေရာ့ခ်္ေဒးကို ပံုမွန္ပြဲခ်ိန္အတြင္း ၁ဂိုးစီသေရက်ေနတာေၾကာင့္ ပင္နယ္တီအဆံုးအျဖတ္ခံယူခဲ့ရၿပီးမွ အႏိုင္ရခဲ့ပါတယ္။ ခ်ဲလ္ဆီးကေတာ့ ဂရင္စ္ဘီကို ၇-၁ဂိုးနဲ႔ေျခစြမ္းျပအႏုိင္ရၿပီး အခုအဆင့္ကိုေရာက္ခဲ့တာပါ။ အခုတစ္ႀကိမ္ေတြ႕ဆံုမႈမွာေတာ့ အရင္ကထက္ ရလဒ္ပိုေကာင္းမယ္လုိ႔ လမ္းပတ္က ေမွ်ာ္လင့္ေနၿပီး မန္ယူကိုရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ဖြင့္ဟလိုက္ပါတယ္။ဒါေပမဲ့ မန္ယူကို (၄)ဂိုးျပတ္နဲ႔ရံႈးနိမ့္ခဲ့ဖူးတာေၾကာင့္ လက္ရိွမန္ယူဟာနိမ့္က်ေနတယ္လို႔ ေျပာဆိုႏိုင္တဲ့့အေနအထား သူ႕မွာမရိွဘူးလို႔ လမ္းပတ္က ၀န္ခံခဲ့ပါတယ္။

PC ; Internet

“ အသင္းႀကီးႏွစ္သင္းရဲ႕ ပြဲႀကီးပြဲေကာင္းပါပဲ။ အိမ္ကြင္းမွာ ကစားရမွာျဖစ္လုိ႔ ကၽြန္ေတာ္ေက်နပ္ပါတယ္။ ကၽြန္ေတာ္တုိ႔ေစာင့္ၾကည့္ရမွာပါ။ ေဘာလံုးမွာ တိုေတာင္းတဲ့အခ်ိန္အတြင္း ဘာမဆိုျဖစ္သြားႏိုင္ပါတယ္။ ေနာက္တစ္ဆင့္က မနက္ျဖန္မွာကစားရမွာမဟုတ္ပါဘူး။ သူတို႔ကစားသမားေကာင္းေတြပိုင္ဆုိင္ထားလုိ႔ ကၽြန္ေတာ္တုိ႔ ေလးစားရပါမယ္။ ေနာက္ၿပီး ကၽြန္ေတာ္တို႔ကို(၄)ဂိုးျပတ္နဲ႔အႏိုင္ယူထားတာပါ။ ဒါေၾကာင့္ ေသခ်ာပါတယ္။မန္ယူကို အထက္စီးကေနေျပာဖုိ႔၊သူတို႔နိမ့္က်ေနၿပီလို႔ မွတ္ခ်က္ေပးဖို႔ အေျခအေနမ်ိဳး ကၽြန္ေတာ့္မွာမရိွပါဘူး။ ေသခ်ာတာကေတာ့ ဒီပြဲဟာလွပၿပီး ခက္ခဲမယ့္ပြဲျဖစ္လာလိမ့္မယ္ဆိုတာပါပဲ။မန္ယူကလည္း ဒီကို ေတာင့္တင္းတဲ့အသင္းနဲ႔ ေရာက္လာမွာပါ”လို႔ လမ္းပတ္က ေျပာၾကားလိုက္ပါတယ္။

PC ; Internet

ကာရာေဘာင္ဖလား စတုတၳအဆင့္ပြဲစဥ္ေတြကို ေအာက္တုိဘာလ(၂၉)ရက္မွာ ကစားသြားမွာပဲျဖစ္ပါတယ္။

(unicode)

ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို ပရိသတ်တွေ မှတ်မိကြဦးမယ်ထင်ပါတယ်။ပွဲစဉ် -၁ မှာ မန်ယူနဲ့ချဲလ်ဆီးထိပ်တိုက်တွေ့ဆုံမှုဟာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ခဲ့တယ်။ရလဒ်ကတော့ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အိုးလ်ထရက်ဖို့ဒ်မှာ သရဲနီတွေက ၄ဂိုးပြတ် အောင်ပွဲခံသွားခဲ့ပါတယ်။လမ်းပတ်အတွက် ချဲလ်ဆီးနည်းပြဘ၀ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်ဟာ စိတ်ပျက်စရာရလဒ်နဲ့ရင်ဆိုင်ခဲ့ရတာပါ။အခု အင်္ဂလန်ကွင်းလယ်လူဟောင်းနဲ့အပြာရောင်တွေအတွက် လက်စားချေဖို့ အခွင့်အလမ်းပေါ်လာခဲ့ပါပြီ။ကာရာဘောင်ဖလားလို့ခေါ်တဲ့ လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေကို ထုတ်ပြန်ခဲ့ရာမှာ ချဲလ်ဆီးဟာ မန်ယူနဲ့တွေ့ဆုံနေပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က လိဂ်-၁ ကလပ် ရော့ချ်ဒေးကို ပုံမှန်ပွဲချိန်အတွင်း ၁ဂိုးစီသရေကျနေတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီးမှ အနိုင်ရခဲ့ပါတယ်။ ချဲလ်ဆီးကတော့ ဂရင်စ်ဘီကို ၇-၁ဂိုးနဲ့ခြေစွမ်းပြအနိုင်ရပြီး အခုအဆင့်ကိုရောက်ခဲ့တာပါ။ အခုတစ်ကြိမ်တွေ့ဆုံမှုမှာတော့ အရင်ကထက် ရလဒ်ပိုကောင်းမယ်လို့ လမ်းပတ်က မျှော်လင့်နေပြီး မန်ယူကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဖွင့်ဟလိုက်ပါတယ်။ဒါပေမဲ့ မန်ယူကို (၄)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ဖူးတာကြောင့် လက်ရှိမန်ယူဟာနိမ့်ကျနေတယ်လို့ ပြောဆိုနိုင်တဲ့အနေအထား သူ့မှာမရှိဘူးလို့ လမ်းပတ်က ဝန်ခံခဲ့ပါတယ်။ “ အသင်းကြီးနှစ်သင်းရဲ့ ပွဲကြီးပွဲကောင်းပါပဲ။ အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ကျွန်တော်ကျေနပ်ပါတယ်။ ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။ ဘောလုံးမှာ တိုတောင်းတဲ့အချိန်အတွင်း ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ဆင့်က မနက်ဖြန်မှာကစားရမှာမဟုတ်ပါဘူး။ သူတို့ကစားသမားကောင်းတွေပိုင်ဆိုင်ထားလို့ ကျွန်တော်တို့ လေးစားရပါမယ်။ နောက်ပြီး ကျွန်တော်တို့ကို(၄)ဂိုးပြတ်နဲ့အနိုင်ယူထားတာပါ။ ဒါကြောင့် သေချာပါတယ်။မန်ယူကို အထက်စီးကနေပြောဖို့၊သူတို့နိမ့်ကျနေပြီလို့ မှတ်ချက်ပေးဖို့ အခြေအနေမျိုး ကျွန်တော့်မှာမရှိပါဘူး။ သေချာတာကတော့ ဒီပွဲဟာလှပပြီး ခက်ခဲမယ့်ပွဲဖြစ်လာလိမ့်မယ်ဆိုတာပါပဲ။မန်ယူကလည်း ဒီကို တောင့်တင်းတဲ့အသင်းနဲ့ ရောက်လာမှာပါ”လို့ လမ်းပတ်က ပြောကြားလိုက်ပါတယ်။ ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေကို အောက်တိုဘာလ(၂၉)ရက်မှာ ကစားသွားမှာပဲဖြစ်ပါတယ်။