မန္ယူတစ္လတာအေကာင္းဆုံးဆုေပးအပ္ၿပီး ဒန္နီရယ္ဂ်ိမ္းစ္ကို ခ်ီးက်ဴးခဲ့တဲ့အီဗရာ

photo-man u

photo-man u

မန္ယူနဲ႔တာထြက္ေကာင္းခဲ့ၿပီး အသင္းရဲ႕တစ္လတာအေကာင္းဆုံးကစားသမားဆုရသြားခဲ့တဲ့ ေတာင္ပံကစားသမားသစ္ေလးဒန္နီရယ္ဂ်ိမ္းစ္က အသင္းကစားသမားေဟာင္းအီဗရာက ဆုေပးအပ္ခဲ့သလို မန္ယူမွာ ေအာင္ျမင္မယ့္သူလုိ႔လည္း ခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ ဆြမ္ဆီးကေန ေပါင္ ၁၅ သန္းနဲ႔ ေရာက္လာတဲ့ဒန္နီရယ္ဂ်ိမ္းစ္ဟာ မန္ယူအတြက္ ပထမဆုံး ၄ ပြဲမွာ ၃ ဂိုးသြင္းႏိုင္ခဲ့ကာ အဲဒီလိုတာထြက္ေကာင္းခဲ့လို႔လည္း ၾသဂုတ္လအတြက္ မန္ယူအေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ျခင္းခံခဲ့ရတာပါ။

photo-reuters

ဒီအပတ္ထဲမွာပဲ သူ႔ရဲ႕နည္းျပလက္မွတ္ေတြအတြက္ မန္ယူကိုျပန္ေရာက္ေနတဲ့ အီဘရာဟာ မန္ယူတစ္လတာအေကာင္းဆုံးကစားသမားဆုကို ဒန္နီရယ္ဂ်ိမ္းစ္ထံ ေပးအပ္ခြင့္ရခဲ့တာပါ။ ဆုေပးအပ္ၿပီးေတာ့ အီဗရာက”ဒါက မင္းနဲ႔ထိုက္တန္တယ္လို႔ ငါထင္တယ္။ ရိုးရိုးသားသားေျပာရရင္ ဒီဆုကို မင္းကိုေပးရလို႔ ငါတကယ္ကို ေပ်ာ္ရႊင္မိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စိတ္ထက္သန္ျပင္းျပမႈနဲ႔ ခုံမင္မႈေၾကာင့္ပါ။ ငါ အဲဒါကို ျမင္ႏိုင္တယ္။ ဒီကလပ္အတြက္ ကစားတဲ့အခ်ိန္ဟာ မင္းဘ၀ရဲ႕အေကာင္းဆုံးေန႔ပါပဲ။ ငါတုိ႔မွာ ဒီလုိကစားသမားေတြ လုိအပ္ပါတယ္”လို႔ ဒန္နီရယ္ဂ်ိမ္းစ္ကို ေျပာခဲ့တာပါ။

photo-ian hodgson

ခ်ဲလ္ဆီးနဲ႔ရာသီအဖြင့္တုန္းက ဂိုးသြင္းၿပီးေတာ့ ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ေအာင္ပြဲခံပုံကိုလည္း အီဗာရာက”မင္းေအာင္ပြဲခံတဲ့ပုံကို ငါမွတ္မိပါတယ္။ အဲဒါက င့ါကို ၾကက္သီးေမြးညင္းေတာင္ ထေစတယ္။ တီဗီမွာ ငါၾကည့္ခဲ့တာျဖစ္ၿပီး မင္းဂိုးေၾကာင့္ေတာ့ မဟုတ္ပါဘူး။ မင္းရဲ႕ေအာင္ပြဲခံပုံေၾကာင့္ပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အဲဒါက ကလပ္ဟာ လမး္ေၾကာင္းမွန္ေပၚမွာ ရွိေနသလိုပါပဲ။ ဘာေၾကာင့္လဲဆုိရင္ မင္းလုိကစားသမားေတြကို ငါတုိ႔လိုအပ္ေနလုိ႔ပါ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

[Unicode]

မန်ယူနဲ့တာထွက်ကောင်းခဲ့ပြီး အသင်းရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုရသွားခဲ့တဲ့ တောင်ပံကစားသမားသစ်လေးဒန်နီရယ်ဂျိမ်းစ်က အသင်းကစားသမားဟောင်းအီဗရာက ဆုပေးအပ်ခဲ့သလို မန်ယူမှာ အောင်မြင်မယ့်သူလို့လည်း ချီးကျူးပြောကြားလိုက်ပါတယ်။ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ဆွမ်ဆီးကနေ ပေါင် ၁၅ သန်းနဲ့ ရောက်လာတဲ့ဒန်နီရယ်ဂျိမ်းစ်ဟာ မန်ယူအတွက် ပထမဆုံး ၄ ပွဲမှာ ၃ ဂိုးသွင်းနိုင်ခဲ့ကာ အဲဒီလိုတာထွက်ကောင်းခဲ့လို့လည်း သြဂုတ်လအတွက် မန်ယူအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတာပါ။

ဒီအပတ်ထဲမှာပဲ သူ့ရဲ့နည်းပြလက်မှတ်တွေအတွက် မန်ယူကိုပြန်ရောက်နေတဲ့ အီဘရာဟာ မန်ယူတစ်လတာအကောင်းဆုံးကစားသမားဆုကို ဒန်နီရယ်ဂျိမ်းစ်ထံ ပေးအပ်ခွင့်ရခဲ့တာပါ။ ဆုပေးအပ်ပြီးတော့ အီဗရာက”ဒါက မင်းနဲ့ထိုက်တန်တယ်လို့ ငါထင်တယ်။ ရိုးရိုးသားသားပြောရရင် ဒီဆုကို မင်းကိုပေးရလို့ ငါတကယ်ကို ပျော်ရွှင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ထက်သန်ပြင်းပြမှုနဲ့ ခုံမင်မှုကြောင့်ပါ။ ငါ အဲဒါကို မြင်နိုင်တယ်။ ဒီကလပ်အတွက် ကစားတဲ့အချိန်ဟာ မင်းဘဝရဲ့အကောင်းဆုံးနေ့ပါပဲ။ ငါတို့မှာ ဒီလိုကစားသမားတွေ လိုအပ်ပါတယ်”လို့ ဒန်နီရယ်ဂျိမ်းစ်ကို ပြောခဲ့တာပါ။

ချဲလ်ဆီးနဲ့ရာသီအဖွင့်တုန်းက ဂိုးသွင်းပြီးတော့ ဒန်နီရယ်ဂျိမ်းစ်ရဲ့အောင်ပွဲခံပုံကိုလည်း အီဗာရာက”မင်းအောင်ပွဲခံတဲ့ပုံကို ငါမှတ်မိပါတယ်။ အဲဒါက င့ါကို ကြက်သီးမွေးညင်းတောင် ထစေတယ်။ တီဗီမှာ ငါကြည့်ခဲ့တာဖြစ်ပြီး မင်းဂိုးကြောင့်တော့ မဟုတ်ပါဘူး။ မင်းရဲ့အောင်ပွဲခံပုံကြောင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကလပ်ဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေသလိုပါပဲ။ ဘာကြောင့်လဲဆိုရင် မင်းလိုကစားသမားတွေကို ငါတို့လိုအပ်နေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။