မန္ယူခ်ိတ္ဆက္ေနတဲ့ ဖာနန္ဒက္စ္အေၾကာင္း တေစ့တေစာင္း

Photo Credit-getty

မန္ယူနဲ႔ပတ္သက္ၿပီး အခုအခ်ိန္မွာ နာမည္ႀကီးတဲ့ ကစားသမားတစ္ေယာက္ကေတာ့ စပို႔တင္းအသင္းက ကြင္းလယ္ကစားသမား ဖာနန္ဒက္စျဖစ္ပါတယ္။ သူနဲ႔ပတ္သက္တဲ့ သတင္းေတြ ဟာပရိသတ္ၾကားမွာ သိပ္ၿပီးပ်ံ႕ႏွံ႔ေလ့မရိွပါဘူး။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္းက စပို႔တင္းရဲ႕ပြဲအၿပီးမွာ ကြင္းထဲငိုတာကစၿပီး စာမ်က္ႏွာေတြထက္သူ႔သတင္းက ေနရာယူလာခဲ့ပါတယ္။ ဒါေၾကာင့္ ဖာနန္ဒက္စ္ရဲ႕ ဘ၀အစိတ္အပုိင္းအခ်ဳိ႕ကို ေဖာ္ျပေပးလုိက္ပါတယ္။

Photo Credit-getty

ဖာနန္ဒက္စ္ ဟာ မိုင္အာဆုိတဲ့ ေပၚတူဂီၿမိဳ႕ေလးမွာေမြးဖြားခဲ့တာျဖစ္ၿပီး၊ သူ႔မိသားစုဟာ အလယ္အလတ္တန္းစား မိသားစုျဖစ္ပါတယ္။ သူ႔အေဖက ေဘာလုံးသမားေဟာင္းတစ္ေယာက္ပါ။ စီးပြားေရးအေျခအေနအရသာ ဖာနန္ဒက္စ္အေဖအေနနဲ႔ ေဘာလုံးကစားတာကိုစြန္႔လြတ္ခ့ဲရေပမယ့္ မိဘႏွစ္ပါးစလုံးကေတာ့ ေဘာလုံးအားကစားကို ၀ါသနာပါၾကပါတယ္။ အေမျဖစ္သူက ေပၚတိုအသင္းကို အားေပးသူျဖစ္ပါတယ္။

Photo Credit-getty

ဖာနန္ဒက္စ္ရဲ႕အိပ္မက္ဟာေဘာလုံးသမားတစ္ေယာက္ျဖစ္ရမယ္ဆုိတာေၾကာင့္ ပညာေရးပိုင္းကိုေတာ့ ဆုံးခန္းမတိုင္ခဲ့ပါဘူး။ သူဟာ အင္ဖစ္စတာ ဆိုတဲ့ေဒသခံကလပ္ေလးမွာ ငယ္ဘ၀ကိုခဏျဖတ္သန္းခဲ့ၿပီး ဘုိအာဗစၥတာအကယ္ဒမီကိုေရာက္သြားခဲ့ပါတယ္။အဲဒီကေနမွ ၂၀၁၂ခုႏွစ္မွာ ႏုိဗာရာနဲ႔အတူ အီတလီ စြန္႔စားခန္း စဖြင့္ခဲ့တာပါ။

Photo Credit-getty

၂၀၁၃ခုႏွစ္ မွာ အူဒီးနိစ္ကိုေရာက္ကာ ၃ ရာသီကစားခဲ့ၿပီးေနာက္ ဆမ္ဒုိးရီးယားမွာ ၁ ရာသီျဖတ္သန္းကာ ၂၀၁၈ခုႏွစ္ မွာေတာ့ ယူရို ၈ သန္းေက်ာ္နဲ႔ အမိေျမေပၚတူဂီက စပို႔တင္းကိုျပန္ေရာက္ခဲ့တာပါ။စပို႔တင္းန႔ဲ ၂ ရာသီအတြင္း ၿပိဳင္ပြဲအရပ္ရပ္ ၁၀၆ ပြဲကစားကာ ၄၇ ဂိုးသြင္းႏုိင္ခဲ့ၿပီး အဲဒီအခ်ိန္မွာ ဥေရာပထိပ္တန္း ကလပ္ေတြ သတိထားမိလာခဲ့ပါတယ္။ မႏွစ္က စပို႔တင္းနဲ႔ ေပၚတူဂီလိဂ္ ၃၃ ပြဲမွာ ဂိုး ၂၀ သြင္းၿပီး ၁၃ ဂုိးဖန္တီးႏိုင္ခဲ့တဲ့ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္ပါတယ္။

Photo Credit-getty

ျပင္ပဘ၀ေနထိုင္မႈပုံစံလည္းရိုးရွင္းသူျဖစ္ပါတယ္။ ဖာနန္ဒက္စ္ေဆးလိပ္ေသာက္ေနတာ၊ အရက္ေသာက္ ေနတာကို ဘယ္သူမွမျမင္ေတြ႕ခဲ့ဖူးသလုိ၊ ရည္းစားနဲ႔ဇနီးဆိုတာမွာလည္း အခုလက္ရိွတစ္ေယာက္တည္း ရိွတဲ့ အန္နာပင္ဟုိျဖစ္ ပါတယ္။  ထူးျခားခ်က္အေနနဲ႔တက္တူးတစ္ခုေတာ့ ထိုးထားပါတယ္။ လက္ဖ်ံရဲ႕တစ္ဖက္တစ္ခ်ပ္ေပၚမွာေရးထိုးထားတဲ့ နံပါတ္ ၈ ဂဏန္းနဲ႔ F ဆိုတဲ့စာလံုးတုိ႔ပါ။ F ကေတာ့ ဖာနန္ဒက္စ္ဆုိတဲ့နာမည္ကိုကိုယ္စားျပဳတာပါ။ နံပါတ္ ၈ ကေတာ့ ငယ္စဥ္က သူ႕ဖခင္ေဘာလံုးကစားစဥ္၀တ္ဆင္ခဲ့တဲ့နံပါတ္ျဖစ္ၿပီး သူ႕ရဲ႕ေမြးေန႔ျဖစ္တဲ့ စက္တင္ဘာ ၈ ရက္ေန႔ကို လည္းရည္ညႊန္းထားတာျဖစ္ပါတယ္။ မန္ယူကိုေျပာင္းေရႊ႕လာခဲ့ရင္ ဘယ္နံပါတ္ကို ၀တ္ဆင္ရမယ္ ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Photo Credit-getty

(Unicode Version)

မန်ယူချိတ်ဆက်နေတဲ့ ဖာနန်ဒက်စ်အကြောင်း တစေ့တစောင်း

မန်ယူနဲ့ပတ်သက်ပြီး အခုအချိန်မှာ နာမည်ကြီးတဲ့ ကစားသမားတစ်ယောက်ကတော့ စပို့တင်းအသင်းက ကွင်းလယ်ကစားသမား ဖာနန်ဒက်စဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့ သတင်းတွေ ဟာပရိသတ်ကြားမှာ သိပ်ပြီးပျံ့နှံ့လေ့မရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက စပို့တင်းရဲ့ပွဲအပြီးမှာ ကွင်းထဲငိုတာကစပြီး စာမျက်နှာတွေထက်သူ့သတင်းက နေရာယူလာခဲ့ပါတယ်။ ဒါကြောင့် ဖာနန်ဒက်စ်ရဲ့ ဘဝအစိတ်အပိုင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဖာနန်ဒက်စ် ဟာ မိုင်အာဆိုတဲ့ ပေါ်တူဂီမြို့လေးမှာမွေးဖွားခဲ့တာဖြစ်ပြီး၊ သူ့မိသားစုဟာ အလယ်အလတ်တန်းစားမိသားစုဖြစ်ပါတယ်။ သူ့အဖေက ဘောလုံးသမားဟောင်းတစ်ယောက်ပါ။ စီးပွားရေးအခြေအနေအရသာ ဖာနန်ဒက်စ်အဖေအနေနဲ့ ဘောလုံးကစားတာကိုစွန့်လွတ်ခဲ့ရပေမယ့် မိဘနှစ်ပါးစလုံးကတော့ ဘောလုံးအားကစားကို ဝါသနာပါကြပါတယ်။ အမေဖြစ်သူက ပေါ်တိုအသင်းကို အားပေးသူဖြစ်ပါတယ်။

ဖာနန်ဒက်စ်ရဲ့အိပ်မက်ဟာဘောလုံးသမားတစ်ယောက်ဖြစ်ရမယ်ဆိုတာကြောင့် ပညာရေးပိုင်းကိုတော့ ဆုံးခန်းမတိုင်ခဲ့ပါဘူး။ သူဟာ အင်ဖစ်စတာ ဆိုတဲ့ဒေသခံကလပ်လေးမှာ ငယ်ဘဝကိုခဏဖြတ်သန်းခဲ့ပြီး ဘိုအာဗစ္စတာအကယ်ဒမီကိုရောက်သွားခဲ့ပါတယ်။အဲဒီကနေမှ ၂၀၁၂ခုနှစ်မှာ နိုဗာရာနဲ့အတူ အီတလီ စွန့်စားခန်း စဖွင့်ခဲ့တာပါ။

၂၀၁၃ခုနှစ် မှာ အူဒီးနိစ်ကိုရောက်ကာ ၃ ရာသီကစားခဲ့ပြီးနောက် ဆမ်ဒိုးရီးယားမှာ ၁ ရာသီဖြတ်သန်းကာ ၂၀၁၈ခုနှစ် မှာတော့ ယူရို ၈ သန်းကျော်နဲ့ အမိမြေပေါ်တူဂီက စပို့တင်းကိုပြန်ရောက်ခဲ့တာပါ။စပို့တင်းနဲ့ ၂ ရာသီအတွင်း ပြိုင်ပွဲအရပ်ရပ် ၁၀၆ ပွဲကစားကာ ၄၇ ဂိုးသွင်းနိုင်ခဲ့ပြီး အဲဒီအချိန်မှာ ဥရောပထိပ်တန်း ကလပ်တွေ သတိထားမိလာခဲ့ပါတယ်။ မနှစ်က စပို့တင်းနဲ့ ပေါ်တူဂီလိဂ် ၃၃ ပွဲမှာ ဂိုး ၂၀ သွင်းပြီး ၁၃ ဂိုးဖန်တီးနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။

ပြင်ပဘဝနေထိုင်မှုပုံစံလည်းရိုးရှင်းသူဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဆေးလိပ်သောက်နေတာ၊ အရက်သောက် နေတာကို ဘယ်သူမှမမြင်တွေ့ခဲ့ဖူးသလို၊ ရည်းစားနဲ့ဇနီးဆိုတာမှာလည်း အခုလက်ရှိတစ်ယောက်တည်း ရှိတဲ့ အန်နာပင်ဟိုဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့တက်တူးတစ်ခုတော့ ထိုးထားပါတယ်။ လက်ဖျံရဲ့တစ်ဖက်တစ်ချပ်ပေါ်မှာရေးထိုးထားတဲ့ နံပါတ် ၈ ဂဏန်းနဲ့ F ဆိုတဲ့စာလုံးတို့ပါ။ F ကတော့ ဖာနန်ဒက်စ်ဆိုတဲ့နာမည်ကိုကိုယ်စားပြုတာပါ။ နံပါတ် ၈ ကတော့ ငယ်စဉ်က သူ့ဖခင်ဘောလုံးကစားစဉ်ဝတ်ဆင်ခဲ့တဲ့နံပါတ်ဖြစ်ပြီး သူ့ရဲ့မွေးနေ့ဖြစ်တဲ့ စက်တင်ဘာ ၈ ရက်နေ့ကိုလည်းရည်ညွှန်းထားတာဖြစ်ပါတယ်။ မန်ယူကိုပြောင်းရွှေ့လာခဲ့ရင် ဘယ်နံပါတ်ကို ဝတ်ဆင်ရမယ် ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။