မန္ယူကို ေျပာင္းႏိုင္မယ့္ ဖာဂူဆန္နဲ႔ေတြ႕ဆုံပုံအေၾကာင္းကို ခေရေစ့တြင္းက် အို၀င္ဖြင့္ဟ

photo-PA

photo-PA

အခုခ်ိန္မွာ ေဘာလုံးေ၀ဖန္သုံးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့မိုက္ကယ္အို၀င္ဟာ ကစားသမားဘ၀ေႏွာင္းပိုင္းတုန္းက မန္ယူမွာ ကစားခဲ့သူျဖစ္ၿပီး သူ႔ရဲ႕ထြက္ရွိေတာ့မယ့္ ကိုယ္ေရးအထၱဳပၸတၱိတစ္ခုျဖစ္တဲ့ စာအုပ္သစ္ My Life, My Time ထဲမွာ မန္ယူကိုေျပာင္းႏုိင္မယ့္ ဖာဂူဆန္နဲ႔ေတြ႕ဆုံပုံအေၾကာင္းကို ခေရေစ့တြင္းက်ေရးသားထားပါတယ္။ အုိ၀င္ဟာ ၂၀၀၉ မွာ မန္ယူကုိမေရာက္ခင္က နယူးကာဆယ္မွာ ကစားခဲ့တာျဖစ္ၿပီး အဲဒီအရင္ ရီးရဲလ္မွာ ကစားခဲ့ေသးကာ ဒီႏွစ္သင္းစလုံးမွာ ရုန္းကန္ခဲ့ရတာပါ။ နယူးကာဆယ္နဲ႔ ျဖတ္သန္းခဲ့ရတဲ့ ၄ ရာသီစလုံးဟာ သူ႔အတြက္ ဆုိးရြားခဲ့ၿပီး အဲဒီမွာ ျပင္းထန္တဲ့ဒူးဒဏ္ရာတစ္ခု ရရွိခံစားရကာ အသင္းလည္း တန္းဆင္းခဲ့ရပါတယ္။

photo-PA

ဒါေပမဲ့ နယူးကာဆယ္နဲ႔သူစာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္မွာ မန္ယူကိုေျပာင္းႏိုင္မယ့္ ကမ္းလွမး္မႈတစ္ခုရခဲ့ပါတယ္။ အဲဒီတုန္းက သူဟာ အဲဗာတန္ကိုေျပာင္းဖို႔ မိုယက္စ္နဲ႔ေတြ႕ၿပီးသြားပါၿပီ။ ဒါေပမဲ့ မန္ယူကစားသမားေဟာင္းျဖစ္တဲ့ နစ္ကီဘတ္က ”ျပင္ဆင္ထား၊။ ဖာဂူဆန္က မင္းကို ဖုန္းေခၚလိမ့္မယ္”လို႔ သူ႔ကို ေျပာခဲ့ပါတယ္။ အဲဒီေနာက္ သူဟာ ဖုန္းေခၚဆုိမႈရရွိခဲ့ၿပီး ဖာဂူဆန္က အိမ္လာခဲ့ဖို႔ သူ႔ကို ဖိတ္ေခၚခဲ့ပါတယ္။

photo-owen my life my time

ဖာဂူဆန္နဲ႔ဘယ္လုိေတြ႕ခဲ့တယ္ဆုိတာ My Life, My Time စာအုပ္ထဲမွာ အုိ၀င္ေရးထားတာက”ပထမဆုံးေတြ႕တဲ့အခ်ိန္မွာ အျမင္ေကာင္းေအာင္လုပ္ဖို႔ သတိျပဳမိပါတယ္။ ကၽြန္ေတာ္ဟာ အ၀တ္အစားေတြေသခ်ာေရြးခ်ယ္၀တ္ဆင္ၿပီး အဲဒီကုိ ေစာေစာ ကားေမာင္သြားခဲ့ကာ သူ႔အိမ္နဲ႔မိုင္၀က္ေလာက္မွာရွိတဲ့ စူပါမားကတ္တစ္ခုက ကားပါကင္မွာ ကားထိုးခဲ့တာပါ။ ခ်ိန္းဆုိတဲ့အခ်ိန္ မေရာက္ခင္ အဲဒီမွာပဲ ၁၅ မိနစ္ထိုင္ေနခဲ့တာပါ။ ၁၀ မိနစ္ပိုေစာေရာက္ဖုိ႔ ကၽြန္ေတာ္ပစ္မွတ္ထားခဲ့ပါတယ္။ ဖာဂူဆန္က ကၽြန္ေတာ့္ကို ဘက္ေပါင္းစုံကေန အထင္ႀကီးေအာင္ အရူးအမူးျဖစ္ခဲ့တာပါ။ သူ႔အိမ္ကိုကားေမာင္းသြားၿပီး လူေခၚေခါင္းေလာင္းႏွိပ္လိုက္ပါတယ္။ သူက ကၽြန္ေတာ့္လုိပဲ ျမင္းၿပိဳင္ပြဲကို ၀ါသနာႀကီးတာသိလို႔ ပထမေတြ႕ေတြ႕ခ်င္းမွာ ေဘာလုံးထက္ ျမင္းၿပိဳင္ပြဲအေၾကာင္းပဲ ပိုေျပာျဖစ္ခဲ့ပါတယ္။ ထူးဆန္းတာက သူ ကၽြန္ေတာ့္ကိုေခၚယူခ်င္တယ္ဆုိတာကို တုိက္ရိုက္ေျပာမယ္လုိ႔ မထင္ထားပါဘူး။ႏွစ္ဖက္စလုံးက ယူဆရုံသာရွိခဲ့ပါတယ္။ အဲဒီကေန ကၽြန္ေတာ္ထြက္လာေတာ့ မန္ယူကစားသမားတစ္ေယာက္ျဖစ္ေတာ့မယ္လို႔ သိလိုက္ပါၿပီ။ ကၽြန္ေတာ့္ေအးဂ်င့္တိုနီစတီဖင္က ေဒးဗစ္ဂီးလ္(အဲဒီတုန္းက မန္ယူအမႈေဆာင္ခ်ဳပ္)နဲ႔ေတာင္ စကားမေျပာရေသးပါဘူး” ျဖစ္ပါတယ္။

photo-gettyimages

အဲဒီေနာက္ အုိ၀င္ဟာ မန္ယူနဲ႔ ၂ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီး ဖာဂူဆန္လက္ထက္ ၅၂ ပြဲမွာ ၁၇ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ မန္ခ်က္စတာဒါဘီပြဲစဥ္က သူ႔ရဲ႕ေနာက္ဆုံးမိနစ္အႏိုုင္ဂိုးဟာလည္း မန္ယူရဲ႕သမိုင္း၀င္ပုံျပင္တစ္ပုဒ္ျဖစ္လာခဲ့ပါတယ္။

[Unicode]

အခုချိန်မှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့မိုက်ကယ်အိုဝင်ဟာ ကစားသမားဘဝနှောင်းပိုင်းတုန်းက မန်ယူမှာ ကစားခဲ့သူဖြစ်ပြီး သူ့ရဲ့ထွက်ရှိတော့မယ့် ကိုယ်ရေးအထ္တုပ္ပတ္တိတစ်ခုဖြစ်တဲ့ စာအုပ်သစ် My Life, My Time ထဲမှာ မန်ယူကိုပြောင်းနိုင်မယ့် ဖာဂူဆန်နဲ့တွေ့ဆုံပုံအကြောင်းကို ခရေစေ့တွင်းကျရေးသားထားပါတယ်။ အိုဝင်ဟာ ၂၀၀၉ မှာ မန်ယူကိုမရောက်ခင်က နယူးကာဆယ်မှာ ကစားခဲ့တာဖြစ်ပြီး အဲဒီအရင် ရီးရဲလ်မှာ ကစားခဲ့သေးကာ ဒီနှစ်သင်းစလုံးမှာ ရုန်းကန်ခဲ့ရတာပါ။ နယူးကာဆယ်နဲ့ ဖြတ်သန်းခဲ့ရတဲ့ ၄ ရာသီစလုံးဟာ သူ့အတွက် ဆိုးရွားခဲ့ပြီး အဲဒီမှာ ပြင်းထန်တဲ့ဒူးဒဏ်ရာတစ်ခု ရရှိခံစားရကာ အသင်းလည်း တန်းဆင်းခဲ့ရပါတယ်။

ဒါပေမဲ့ နယူးကာဆယ်နဲ့သူစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ မန်ယူကိုပြောင်းနိုင်မယ့် ကမ်းလှမ်းမှုတစ်ခုရခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ အဲဗာတန်ကိုပြောင်းဖို့ မိုယက်စ်နဲ့တွေ့ပြီးသွားပါပြီ။ ဒါပေမဲ့ မန်ယူကစားသမားဟောင်းဖြစ်တဲ့ နစ်ကီဘတ်က ”ပြင်ဆင်ထား၊။ ဖာဂူဆန်က မင်းကို ဖုန်းခေါ်လိမ့်မယ်”လို့ သူ့ကို ပြောခဲ့ပါတယ်။ အဲဒီနောက် သူဟာ ဖုန်းခေါ်ဆိုမှုရရှိခဲ့ပြီး ဖာဂူဆန်က အိမ်လာခဲ့ဖို့ သူ့ကို ဖိတ်ခေါ်ခဲ့ပါတယ်။

ဖာဂူဆန်နဲ့ဘယ်လိုတွေ့ခဲ့တယ်ဆိုတာ My Life, My Time စာအုပ်ထဲမှာ အိုဝင်ရေးထားတာက”ပထမဆုံးတွေ့တဲ့အချိန်မှာ အမြင်ကောင်းအောင်လုပ်ဖို့ သတိပြုမိပါတယ်။ ကျွန်တော်ဟာ အဝတ်အစားတွေသေချာရွေးချယ်ဝတ်ဆင်ပြီး အဲဒီကို စောစော ကားမောင်သွားခဲ့ကာ သူ့အိမ်နဲ့မိုင်ဝက်လောက်မှာရှိတဲ့ စူပါမားကတ်တစ်ခုက ကားပါကင်မှာ ကားထိုးခဲ့တာပါ။ ချိန်းဆိုတဲ့အချိန် မရောက်ခင် အဲဒီမှာပဲ ၁၅ မိနစ်ထိုင်နေခဲ့တာပါ။ ၁၀ မိနစ်ပိုစောရောက်ဖို့ ကျွန်တော်ပစ်မှတ်ထားခဲ့ပါတယ်။ ဖာဂူဆန်က ကျွန်တော့်ကို ဘက်ပေါင်းစုံကနေ အထင်ကြီးအောင် အရူးအမူးဖြစ်ခဲ့တာပါ။ သူ့အိမ်ကိုကားမောင်းသွားပြီး လူခေါ်ခေါင်းလောင်းနှိပ်လိုက်ပါတယ်။ သူက ကျွန်တော့်လိုပဲ မြင်းပြိုင်ပွဲကို ဝါသနာကြီးတာသိလို့ ပထမတွေ့တွေ့ချင်းမှာ ဘောလုံးထက် မြင်းပြိုင်ပွဲအကြောင်းပဲ ပိုပြောဖြစ်ခဲ့ပါတယ်။ ထူးဆန်းတာက သူ ကျွန်တော့်ကိုခေါ်ယူချင်တယ်ဆိုတာကို တိုက်ရိုက်ပြောမယ်လို့ မထင်ထားပါဘူး။နှစ်ဖက်စလုံးက ယူဆရုံသာရှိခဲ့ပါတယ်။ အဲဒီကနေ ကျွန်တော်ထွက်လာတော့ မန်ယူကစားသမားတစ်ယောက်ဖြစ်တော့မယ်လို့ သိလိုက်ပါပြီ။ ကျွန်တော့်အေးဂျင့်တိုနီစတီဖင်က ဒေးဗစ်ဂီးလ်(အဲဒီတုန်းက မန်ယူအမှုဆောင်ချုပ်)နဲ့တောင် စကားမပြောရသေးပါဘူး” ဖြစ်ပါတယ်။

အဲဒီနောက် အိုဝင်ဟာ မန်ယူနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ဖာဂူဆန်လက်ထက် ၅၂ ပွဲမှာ ၁၇ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ မန်ချက်စတာဒါဘီပွဲစဉ်က သူ့ရဲ့နောက်ဆုံးမိနစ်အနိုင်ဂိုးဟာလည်း မန်ယူရဲ့သမိုင်းဝင်ပုံပြင်တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။