မန္ယူကို ကုိင္တြယ္ရမွာဟာ အိပ္မက္တစ္ခုလို႔ ဖြင့္ဟလိုက္တဲ့၀င္းဂါး

photo-gettyimages

photo-express

အာဆင္နယ္နည္းျပေဟာင္း၀င္းဂါးဟာ ရုပ္သံတစ္ခုမွာ မန္ယူအသင္းကိုကိုင္တြယ္ခ်င္တဲ့သေဘာမ်ိဳး ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ သူဟာ မန္ယူအသင္းရဲ႕လက္ရွိအေျခအေနကို သုံးသပ္ရင္းနဲ႔ မန္ယူကို ကိုင္တြယ္ရမွာဟာ အိပ္မက္တစ္ခုျဖစ္ေၾကာင္း ေျပာၾကားလိုက္တာပါ။ အသက္ ၆၉ ႏွစ္အရြယ္ အဲဒီျပင္သစ္သားဟာ ၂၀၁၈ က သူ ၂၂ ႏွစ္ၾကာကိုင္တြယ္ခဲ့တဲ့ အာဆင္နယ္ကေန ထြက္ခြာလာခဲ့တာျဖစ္ၿပီး မန္ယူအလုပ္အတြက္ သူ႔မွာ ယုံၾကည္မႈနဲ႔ သတိၱရွိေၾကာင္း ေျပာခဲ့ကာ လက္ရွိအသင္းကို ဘယ္လိုနည္းျပရမယ္ဆိုတဲ့အိုင္ဒီယာေတြလညး္ရွိတယ္လုိ႔ေတာင္ ဆုိခဲ့တာပါ။

photo-gettyimages

ဆုိးလ္ရွားရဲ႕မန္ယူအသင္းဟာ အဂၤလန္လိဂ္ဖလားမွာ ေအာက္တန္းအသင္းငယ္ေလးကို ပင္နယ္တီအဆုံးအျဖတ္နဲ႔သာႏိုင္ခဲ့ကာ ပရီးမီးယားလိဂ္အဖြင့္ ၆ ပြဲမွာလည္း ၈ မွတ္သာရယူႏိုင္ခဲ့တာေၾကာင့္ ေ၀ဖန္မႈေတြနဲ႔ႀကဳံေတြ႕ေနရပါတယ္။ ဒီအခ်ိန္ beIN Sports  ရုပ္သံမွာ ေ၀ဖန္သုံးသပ္သူတာ၀န္ကို ထမ္းေဆာင္ရင္းနဲ႔ ၀င္းဂါးက”မန္ယူဟာ နည္းျပတိုင္းအတြက္ အိပ္မက္အလုပ္တစ္ခုပါ။ အနည္းဆုံး သတၱိနဲ႔ယုုံၾကည္မႈရွိတဲ့ဘယ္နည္းျပတိုင္းအတြက္မဆုိေပါ့။ ကၽြန္ေတာ့္အျမင္အရဆိုရင္ သူတို႔မွာ ကစားသမား ၄ ေယာက္လုိအပ္ပါတယ္။ ဒါေပမဲ့ လက္ရွိလူစာရင္းကလည္း စိန္ေခၚႏိုင္စြမး္ရွိပါတယ္။ လူေတြထင္သလုိ သူတုိ႔အရမ္းႀကီးေ၀းကြာေနတာ မဟုတ္ပါဘူး။ အသင္းက ကစားပုံပိုင္း သတ္သတ္မွတ္မွတ္ပုံစံမရွိတာပါ”လို႔ ေျပာခဲ့တာပါ။

photo-gettyimages

အိုးလ္ထရက္ဖို႔ဒ္က ထိုင္ခုံပူကို စိတ္၀င္စားသလားလို႔ ေမးျမန္းေတာ့ ၀င္းဂါးက”ကၽြန္ေတာ္ေျပာခဲ့သလုိပဲ မန္ယူဟာ ဘယ္နည္းျပတိုင္းအတြက္မဆုိ အိပ္မက္အလုပ္တစ္ခုပါ။ ကၽြန္ေတာ့္မွာ ယုံၾကည္မႈရွိပါတယ္။ ကၽြန္ေတာ့္မွာ သတၱိမွာ ရွိပါတယ္။ ၿပီးေတာ့ ခင္ဗ်ားမွန္ပါတယ္။ ကၽြန္ေတာ့္မွာ အိုင္ဒီယာေတြလည္း ရွိပါတယ္”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ သူ႔နည္းျပဘ၀ရဲ႕ခါးသီးၿပိဳင္ဘက္တစ္သင္းကို ၀င္းဂါးတကယ္ပဲ စိတ္၀င္စားတာလား။

[Unicode]

အာဆင်နယ်နည်းပြဟောင်းဝင်းဂါးဟာ ရုပ်သံတစ်ခုမှာ မန်ယူအသင်းကိုကိုင်တွယ်ချင်တဲ့သဘောမျိုး ဖွင့်ဟပြောကြားလိုက်ပါတယ်။ သူဟာ မန်ယူအသင်းရဲ့လက်ရှိအခြေအနေကို သုံးသပ်ရင်းနဲ့ မန်ယူကို ကိုင်တွယ်ရမှာဟာ အိပ်မက်တစ်ခုဖြစ်ကြောင်း ပြောကြားလိုက်တာပါ။ အသက် ၆၉ နှစ်အရွယ် အဲဒီပြင်သစ်သားဟာ ၂၀၁၈ က သူ ၂၂ နှစ်ကြာကိုင်တွယ်ခဲ့တဲ့ အာဆင်နယ်ကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး မန်ယူအလုပ်အတွက် သူ့မှာ ယုံကြည်မှုနဲ့ သတ္တိရှိကြောင်း ပြောခဲ့ကာ လက်ရှိအသင်းကို ဘယ်လိုနည်းပြရမယ်ဆိုတဲ့အိုင်ဒီယာတွေလည်းရှိတယ်လို့တောင် ဆိုခဲ့တာပါ။

ဆိုးလ်ရှားရဲ့မန်ယူအသင်းဟာ အင်္ဂလန်လိဂ်ဖလားမှာ အောက်တန်းအသင်းငယ်လေးကို ပင်နယ်တီအဆုံးအဖြတ်နဲ့သာနိုင်ခဲ့ကာ ပရီးမီးယားလိဂ်အဖွင့် ၆ ပွဲမှာလည်း ၈ မှတ်သာရယူနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရပါတယ်။ ဒီအချိန် beIN Sports  ရုပ်သံမှာ ဝေဖန်သုံးသပ်သူတာဝန်ကို ထမ်းဆောင်ရင်းနဲ့ ဝင်းဂါးက”မန်ယူဟာ နည်းပြတိုင်းအတွက် အိပ်မက်အလုပ်တစ်ခုပါ။ အနည်းဆုံး သတ္တိနဲ့ယုံကြည်မှုရှိတဲ့ဘယ်နည်းပြတိုင်းအတွက်မဆိုပေါ့။ ကျွန်တော့်အမြင်အရဆိုရင် သူတို့မှာ ကစားသမား ၄ ယောက်လိုအပ်ပါတယ်။ ဒါပေမဲ့ လက်ရှိလူစာရင်းကလည်း စိန်ခေါ်နိုင်စွမ်းရှိပါတယ်။ လူတွေထင်သလို သူတို့အရမ်းကြီးဝေးကွာနေတာ မဟုတ်ပါဘူး။ အသင်းက ကစားပုံပိုင်း သတ်သတ်မှတ်မှတ်ပုံစံမရှိတာပါ”လို့ ပြောခဲ့တာပါ။

အိုးလ်ထရက်ဖို့ဒ်က ထိုင်ခုံပူကို စိတ်ဝင်စားသလားလို့ မေးမြန်းတော့ ဝင်းဂါးက”ကျွန်တော်ပြောခဲ့သလိုပဲ မန်ယူဟာ ဘယ်နည်းပြတိုင်းအတွက်မဆို အိပ်မက်အလုပ်တစ်ခုပါ။ ကျွန်တော့်မှာ ယုံကြည်မှုရှိပါတယ်။ ကျွန်တော့်မှာ သတ္တိမှာ ရှိပါတယ်။ ပြီးတော့ ခင်ဗျားမှန်ပါတယ်။ ကျွန်တော့်မှာ အိုင်ဒီယာတွေလည်း ရှိပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ သူ့နည်းပြဘဝရဲ့ခါးသီးပြိုင်ဘက်တစ်သင်းကို ဝင်းဂါးတကယ်ပဲ စိတ်ဝင်စားတာလား။