မန္ယူကိုေရာက္လာၿပီးကတည္းက ရုန္းကန္ေနရေပမယ့္ ၄၁ သန္းပိုက္သြားတဲ့ဆန္းခ်က္ဇ္

photo-gettyimages

photo-gettyimages

၂၀၁၈ ဇန္န၀ါရီလမွာ အာဆင္နယ္ကေန မန္ယူကိုေရာက္လာေတာ့ အလက္ဆစ္ဆန္းခ်က္ဇ္အေပၚ အေတာ္ေလးေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ကံဆုိးခ်င္ေတာ့ ၁၈ လအၾကာမွာ အဲဒီခ်ီလီသားရဲ႕အေျပာင္းအေရႊ႕ဟာ သမိုင္းတစ္ေလွ်ာက္ အဆုိးဆုံးအေျပာင္းအေရႊ႕ေတြထဲက တစ္ခုျဖစ္လာပါတယ္။ မန္ယူမွာရွိတဲ့ တစ္ရာသီခြဲအတြင္း စုစုေပါင္း ၄၅ ပြဲသာကစားခဲ့ရကာ ရယ္ဖြယ္ေကာင္းေလာက္ေအာင္ပဲ ၅ ဂိုးသာသြင္းႏိုင္ခဲ့ပါတယ္။

photo-gettyimages

မန္ယူကိုေရာက္လာၿပီးကတည္းက သုံးစားမရျဖစ္ေနေပမယ့္လည္း အခုအပတ္မွာပဲ ကလပ္ဆီကေန ဆန္းခ်က္ဇ္ရခဲ့တဲ့ပိုက္ဆံက ေပါင္ ၄၁ သန္းေတာင္ရွိသြားပါၿပီ။ ဒါကလည္း တစ္ပတ္ကို ေပါင္ ၅၀၅၀၀၀ ရွိတဲ့ မန္ယူက သူ႔ရဲ႕ျမင့္မားလြန္းတဲ့လစာေၾကာင့္ ျဖစ္ပါတယ္။ အခုေတာ့ မန္ယူကေန ဆန္းခ်က္ဇ္ရခဲ့တဲ့ပိုက္ဆံက ေပါင္ ၄၁ သန္းဆိုတဲ့အမွတ္အသားကိုေတာင္ ေက်ာ္လြန္ေနပါၿပီ။

photo-gettyimages

တစ္နညး္အားျဖင့္ မန္ယူအတြက္ သူသြငး္ခဲ့တဲ့တစ္ဂိုးတိုင္းဟာ ေပါင္ ၈.၂ သန္းတန္ပါတယ္။ မန္ယူမွာ ဒဏ္ရာျပသနာေတြေၾကာင့္ ဆန္းခ်က္ဇ္ဟာ ပြဲ ၂၀ ေလာက္ကိုလည္း လြဲေခာ်္ခဲ့ပါတယ္။ ကြင္းထဲမွာ ဘာမွထူးထူးျခားျခားမလုပ္ႏိုင္ေပမယ့္ မန္ယူမွာ သူဒီေလာက္ထိရေနတာကေတာ့ တကယ္ကိုရယ္စရာျဖစ္ေနတာပါ။ ဒါ့အျပင္ သူ႔ရဲ႕ျမင့္မားလွတဲ့လစာဟာ အသင္းအ၀တ္အစားလဲခန္းထဲမွာလည္း အႏုတ္လကၡဏာေဆာင္တဲ့သက္ေရာက္မႈျဖစ္ေစပါတယ္။ သူ႔ေၾကာင့္ ဒီဂီယာက ျမင့္မားတဲ့လစာေတာင္းဆုိခဲ့သလို တျခားကစားသမားေတြကလည္း လစာပိုရဖုိ႔ႀကိဳးစားလာၾကပါတယ္။

[Unicode]

၂၀၁၈ ဇန်နဝါရီလမှာ အာဆင်နယ်ကနေ မန်ယူကိုရောက်လာတော့ အလက်ဆစ်ဆန်းချက်ဇ်အပေါ် အတော်လေးမျှော်လင့်ခဲ့ကြပါတယ်။ ကံဆိုးချင်တော့ ၁၈ လအကြာမှာ အဲဒီချီလီသားရဲ့အပြောင်းအရွှေ့ဟာ သမိုင်းတစ်လျှောက် အဆိုးဆုံးအပြောင်းအရွှေ့တွေထဲက တစ်ခုဖြစ်လာပါတယ်။ မန်ယူမှာရှိတဲ့ တစ်ရာသီခွဲအတွင်း စုစုပေါင်း ၄၅ ပွဲသာကစားခဲ့ရကာ ရယ်ဖွယ်ကောင်းလောက်အောင်ပဲ ၅ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။

မန်ယူကိုရောက်လာပြီးကတည်းက သုံးစားမရဖြစ်နေပေမယ့်လည်း အခုအပတ်မှာပဲ ကလပ်ဆီကနေ ဆန်းချက်ဇ်ရခဲ့တဲ့ပိုက်ဆံက ပေါင် ၄၁ သန်းတောင်ရှိသွားပါပြီ။ ဒါကလည်း တစ်ပတ်ကို ပေါင် ၅၀၅၀၀၀ ရှိတဲ့ မန်ယူက သူ့ရဲ့မြင့်မားလွန်းတဲ့လစာကြောင့် ဖြစ်ပါတယ်။ အခုတော့ မန်ယူကနေ ဆန်းချက်ဇ်ရခဲ့တဲ့ပိုက်ဆံက ပေါင် ၄၁ သန်းဆိုတဲ့အမှတ်အသားကိုတောင် ကျော်လွန်နေပါပြီ။

တစ်နည်းအားဖြင့် မန်ယူအတွက် သူသွင်းခဲ့တဲ့တစ်ဂိုးတိုင်းဟာ ပေါင် ၈.၂ သန်းတန်ပါတယ်။ မန်ယူမှာ ဒဏ်ရာပြသနာတွေကြောင့် ဆန်းချက်ဇ်ဟာ ပွဲ ၂၀ လောက်ကိုလည်း လွဲခောျ်ခဲ့ပါတယ်။ ကွင်းထဲမှာ ဘာမှထူးထူးခြားခြားမလုပ်နိုင်ပေမယ့် မန်ယူမှာ သူဒီလောက်ထိရနေတာကတော့ တကယ်ကိုရယ်စရာဖြစ်နေတာပါ။ ဒါ့အပြင် သူ့ရဲ့မြင့်မားလှတဲ့လစာဟာ အသင်းအဝတ်အစားလဲခန်းထဲမှာလည်း အနုတ်လက္ခဏာဆောင်တဲ့သက်ရောက်မှုဖြစ်စေပါတယ်။ သူ့ကြောင့် ဒီဂီယာက မြင့်မားတဲ့လစာတောင်းဆိုခဲ့သလို တခြားကစားသမားတွေကလည်း လစာပိုရဖို့ကြိုးစားလာကြပါတယ်။