မန္စီးတီး (သို႔) ဘာစီလိုနာကိုေျပာင္းေရႊ႕ဖုိ႔ အႀကံေပးစကားကို လ်စ္လ်ဴ႐ႈၿပီး အက္သလက္ကိုေရြးခ်ယ္ခဲ့တဲ့ ဖီးလစ္

Photo Credit

Photo Credit

မန္စီးတီး (သို႔)ဘာစီလိုနာအသင္းကိုသာ ေျပာင္းေရႊ႕ဖုိ႔ ဘင္ဖီကာနည္းျပေဟာင္းရီနာတိုပိုင္ဗာရဲ႕အႀကံေပးစကားကို လက္ရွိအက္သလက္တီကိုၾကယ္ပြင့္ ယာအိုဖီးလစ္က လ်စ္လ်ဴ႐ႈခဲ့ၿပီး ယူ႐ို ၁၂၅ သန္းနဲ႔ အက္သလက္တီကိုအသင္းကိုသာ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။

Photo Credit

ပိုင္ဗာဟာ ဖီးလစ္ အသက္ ၁၉ ႏွစ္အရြယ္က ယူ-၁၉ ဘင္ဖီကာ B အသင္းကိုနည္းျပအျဖစ္ တာ၀န္ယူခဲ့စဥ္က ဖီးလစ္နဲ႔ လက္တြဲခဲ့ဖူးတာပါ။ ပိုင္ဗာက ေပၚတိုအသင္းမွာကစားခြင့္မရလုိ႔ ဘင္ဖီကာအသင္းဆီ ေရာက္လာတဲ့ ဖီးလစ္ကို ေျမေတာင္ေျမႇာက္ေပးႏုိင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ သူကကမၻာ့အေကာင္းဆံုးကစားသမားတစ္ဦးအျဖစ္ တန္းဝင္ေနပါၿပီ။

Photo Credit

လာလီဂါအင္အားၾကီးကလပ္ အက္သလက္အသင္းကလည္း အနာဂတ္မွာေတာက္ပလာမယ့္ လူငယ္ေလးဖီးလစ္ကို ေႏြရာသီတစ္ေလွ်ာက္လံုးအသည္းအသန္ အရေခၚယူႏိုင္ဖို႔ ခ်ိတ္ဆက္ခဲ့တာပါ။ ပိုင္ဗာကတာ့ ဖီးလစ္ကိုကစားသမားဘဝမွာ ေနာင္တရေနမယ့္အမွားမ်ိဳး မႀကံဳေတြ႕ေစလိုခဲ့လို႔ အႀကံေပးခဲ့ေပမယ့္္ ေပၚတူဂီသားကေတာ့ လ်စ္လ်ဴ႐ႈခဲ့ပါတယ္။

Photo Credit

ပိုင္ဗာက “ဟုတ္ပါတယ္၊ ကၽြန္ေတာ္ သူ႕ကိုမန္စီးတီး ဒါမွမဟုတ္ ဘာစီလိုနာ တစ္သင္းသင္းကို ေရြးခ်ယ္ဖို႔ တိုက္တြန္းခဲ့ပါတယ္၊ ကၽြန္ေတာ္ စီးတီးကို ေရြးခ်ယ္ေစလိုတာက နည္းျပပက္ဂြါဒီယိုလာေၾကာင့္ပါ”

Photo Credit

”ဘာစီလိုနာအသင္းကေတာ့ အသင္းလိုက္ စုဖဲြ႔မႈေကာင္းမြန္တာေၾကာင့္ ေရြးခ်ယ္ေစခ်င္တာပါ၊ ယာအိုက ဒီလုိအသင္းေတြရဲ႕ကစားသမားအျဖစ္ ကစားတာ ပိုလိုက္ဖက္မယ္လို႔ ကၽြန္ေတာ္ထင္ခဲ့ပါတယ္”လို႔ ေျပာပါတယ္။

Photo Credit ; Getty Images

ဆက္လက္ၿပီး ပိုင္ဗာက ”ကၽြန္ေတာ္ ေလးစားပါတယ္၊ ဘုရားသခင္ရဲ႕အလုိေတာ္အတိုင္းေပါ့၊ အက္သလက္တီကိုအသင္းကလည္း အသင္းေကာင္းတစ္သင္းျဖစ္သလို ကၽြန္ေတာ္ ေလးစားမႈအျပည့္ရွိပါတယ္”

Photo Credit

”ဒါေပမဲ့ ကၽြန္ေတာ့္အျမင္အရေတာ့ အထူးသျဖင့္ မန္စီးတီးအသင္းနည္းျပပက္ဂြါဒီယိုလာေၾကာင့္ စီးတီးအသင္းက ယာအိုအတြက္ ပိုသင့္ေတာ္မယ္လို႔ ထင္ျမင္မိပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။

Photo Credit

ပိုင္ဗာဟာ ဖီးလစ္ ၁၀ ႏွစ္အရြယ္တကည္းကသူ႕ရဲ႕ေျခစြမ္းေတြကိုေစာင့္ၾကည့္ေတြ႔ျမင့္ခဲ့သူျဖစ္ၿပီး ေပၚတူဂီလူငယ္ေလးနဲ႔ ရင္းရင္းႏွီးႏွီးရွိခဲ့တဲ့သူပါ။ အသက္ ၁၅ ႏွစ္အရြယ္မွာ ေပၚတိုအသင္းကစားသမားအျဖစ္ ဖီးလစ္ရဲ႕ေျခစြမ္းကိုေတြ႕ျမင္လိုက္တာနဲ႔ ဘင္ဖီကာအသင္းကအလ်င္အျမန္ပဲ လက္ဦးမႈရယူကာအရေခၚယူသြားခဲ့ပါတယ္။

Photo Credit

Unicode

မန်စီးတီး (သို့) ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ အကြံပေးစကားကို လျစ်လျူရှုပြီး အက်သလက်ကိုရွေးချယ်ခဲ့တဲ့ ဖီးလစ်

မန်စီးတီး (သို့)ဘာစီလိုနာအသင်းကိုသာ ပြောင်းရွှေ့ဖို့ ဘင်ဖီကာနည်းပြဟောင်းရီနာတိုပိုင်ဗာရဲ့အကြံပေးစကားကို လက်ရှိအက်သလက်တီကိုကြယ်ပွင့် ယာအိုဖီးလစ်က လျစ်လျူရှုခဲ့ပြီး ယူရို ၁၂၅ သန်းနဲ့ အက်သလက်တီကိုအသင်းကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။
ပိုင်ဗာဟာ ဖီးလစ် အသက် ၁၉ နှစ်အရွယ်က ယူ-၁၉ ဘင်ဖီကာ B အသင်းကိုနည်းပြအဖြစ် တာဝန်ယူခဲ့စဉ်က ဖီးလစ်နဲ့ လက်တွဲခဲ့ဖူးတာပါ။ ပိုင်ဗာက ပေါ်တိုအသင်းမှာကစားခွင့်မရလို့ ဘင်ဖီကာအသင်းဆီ ရောက်လာတဲ့ ဖီးလစ်ကို မြေတောင်မြှောက်ပေးနိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ သူကကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် တန်းဝင်နေပါပြီ။
လာလီဂါအင်အားကြီးကလပ် အက်သလက်အသင်းကလည်း အနာဂတ်မှာတောက်ပလာမယ့် လူငယ်လေးဖီးလစ်ကို နွေရာသီတစ်လျှောက်လုံးအသည်းအသန် အရခေါ်ယူနိုင်ဖို့ ချိတ်ဆက်ခဲ့တာပါ။ ပိုင်ဗာကတာ့ ဖီးလစ်ကိုကစားသမားဘဝမှာ နောင်တရနေမယ့်အမှားမျိုး မကြုံတွေ့စေလိုခဲ့လို့ အကြံပေးခဲ့ပေမယ့် ပေါ်တူဂီသားကတော့ လျစ်လျူရှုခဲ့ပါတယ်။
ပိုင်ဗာက “ဟုတ်ပါတယ်၊ ကျွန်တော် သူ့ကိုမန်စီးတီး ဒါမှမဟုတ် ဘာစီလိုနာ တစ်သင်းသင်းကို ရွေးချယ်ဖို့ တိုက်တွန်းခဲ့ပါတယ်၊ ကျွန်တော် စီးတီးကို ရွေးချယ်စေလိုတာက နည်းပြပက်ဂွါဒီယိုလာကြောင့်ပါ”
”ဘာစီလိုနာအသင်းကတော့ အသင်းလိုက် စုဖွဲ့မှုကောင်းမွန်တာကြောင့် ရွေးချယ်စေချင်တာပါ၊ ယာအိုက ဒီလိုအသင်းတွေရဲ့ကစားသမားအဖြစ် ကစားတာ ပိုလိုက်ဖက်မယ်လို့ ကျွန်တော်ထင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ပိုင်ဗာက ”ကျွန်တော် လေးစားပါတယ်၊ ဘုရားသခင်ရဲ့အလိုတော်အတိုင်းပေါ့၊ အက်သလက်တီကိုအသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်သလို ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်”
”ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ အထူးသဖြင့် မန်စီးတီးအသင်းနည်းပြပက်ဂွါဒီယိုလာကြောင့် စီးတီးအသင်းက ယာအိုအတွက် ပိုသင့်တော်မယ်လို့ ထင်မြင်မိပါတယ်”လို့ ပြောသွားခဲ့ပါတယ်။
ပိုင်ဗာဟာ ဖီးလစ် ၁၀ နှစ်အရွယ်တကည်းကသူ့ရဲ့ခြေစွမ်းတွေကိုစောင့်ကြည့်တွေ့မြင့်ခဲ့သူဖြစ်ပြီး ပေါ်တူဂီလူငယ်လေးနဲ့ ရင်းရင်းနှီးနှီးရှိခဲ့တဲ့သူပါ။ အသက် ၁၅ နှစ်အရွယ်မှာ ပေါ်တိုအသင်းကစားသမားအဖြစ် ဖီးလစ်ရဲ့ခြေစွမ်းကိုတွေ့မြင်လိုက်တာနဲ့ ဘင်ဖီကာအသင်းကအလျင်အမြန်ပဲ လက်ဦးမှုရယူကာအရခေါ်ယူသွားခဲ့ပါတယ်။