

မန္စီးတီးအတြက္ သူ႔ရဲ႕ေနာက္ဆံုးရာသီျဖစ္ေနတဲ့ လက္ရွိအခ်ိန္မွာ အနာဂတ္နဲ႔ပတ္သက္ၿပီး ခ်င့္ခ်ိန္ေတြးဆမႈေတြရွိေနတာေၾကာင့္ အလ်င္စလုိဆုံးျဖတ္မွာမဟုတ္ဘူးလို႔ ကြင္းလယ္လူေဒးဗစ္ေဆးလ္ဗား က ဖြင့္ဟလိုက္ပါတယ္။အသက္ ၃၃ႏွစ္အရြယ္ စပိန္သားဟာ မန္စီးတီးနဲ႔အတူ ဆယ္ႏွစ္ၾကာ လက္တြဲခဲ့သူျဖစ္ၿပီး စာခ်ဳပ္သက္တမ္းျပည့္မယ့္ ေႏြရာသီမွာ အီတီဟတ္ကိုစြန္႔ခြာမွာျဖစ္ပါတယ္။သူ႔ရဲ႕ေအးဂ်င့္ဟာ ကမ္းလွမ္းမႈေတြအမ်ားအျပားရရွိထားေပမယ့္ ကာယကံရွင္ကေတာ့ အနာဂတ္အတြက္ မဆံုးျဖတ္ရေသးဘူးလို႔ ေျပာဆိုလိုက္တာပါ။မန္ယူၾကယ္ပြင့္ေဟာင္း ေဒးဗစ္ဘက္ဟမ္းပုိင္ဆုိင္တဲ့ ေမဂ်ာလိဂ္ကလပ္ မုိင္ယာမီအသင္းဟာ ေဆးလ္ဗားကုိ စိတ္၀င္စားေနသလုိ ေဂ်လိဂ္နဲ႔ ကာတာထိပ္တန္း ကလပ္အသင္းေတြကလည္း ျမင့္မားတဲ့လုပ္ခလစာမ်ဳိးနဲ႔ ကမ္းလွမ္းသြားဖုိ႔ရွိေနတယ္လုိ႔ သတင္းေတြ ထြက္ေနပါတယ္။

ေဆးလ္ဗားကေတာ့ ေဘာလံုးသမားဘ၀က အနားမယူခင္ ဇာတိကလပ္ပယ္မက္စ္မွာ ကစားသြားခ်င္ေသးတယ္လို႔ ေျပာခဲ့ဖူးပါတယ္။ဒါေပမဲ့ ပယ္မက္စ္ဟာ လက္ရွိအခ်ိန္မွာ စပိန္ဒုတိယတန္းရဲ႕တန္းဆင္းဇုန္နားမွာ ရုန္းကန္ေနရပါတယ္။ ေဆးလ္ဗားဟာ မန္စီးတီးကုိ အသင္းေခါင္းေဆာင္ကြန္ပနီ စြန္႔ခြာသြားတ့ဲေနာက္ အသင္းေခါင္းေဆာင္ရာထူးကုိ ဆက္ခံခဲ့သူျဖစ္ၿပီး ေလ့က်င့္ေရးအစီအစဥ္မွာလည္း အသင္းအေပၚ ၾသဇာလႊမ္းမုိးမႈရွိေနသူပါ။ သူဟာ မန္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၄ႀကိမ္၊၊ အက္ဖ္ေအဖလား ၂ႀကိမ္၊လိဂ္ဖလား ၄ႀကိမ္ ဆြတ္ခူးႏုိင္ခဲ့သလုိ စပိန္လက္ေရြးစင္အသင္းနဲ႔အတူ ကမာၻ႔ဖလား ၁ႀကိမ္၊ယူရုိဖလား ၂ႀကိမ္ရရွိထားသူပါ။ ဒါေပမဲ့ သူ႔ရဲ႕ကစားသမားဘ၀မွာ ခ်န္ပီယံလိဂ္ဖလားကုိေတာ့ ဆြတ္ခူးႏုိင္ျခင္း မရွိေသးပါဘူး။

မန္စီးတီးကစားသမားဘ၀ အဆံုးသတ္ဖို႔အခ်ိန္ေကာင္းျဖစ္ေနေပမယ့္ အနာဂတ္နဲ႔ပတ္သက္ၿပီးမဆံုးျဖတ္ရေသးတဲ့အေၾကာင္းကို ေဆးလ္ဗားက “ဆယ္ႏွစ္ဆုိတဲ့အခ်ိန္က ကၽြန္ေတာ့္အတြက္ေတာ့ လုံေလာက္ေနပါၿပီ။ ဒါဟာ ၿပီးျပည့္စုံတဲ့ ကာလပါပဲ။ ကနဦးအေနနဲ႔ကေတာ့ အသင္းဟာ ၂ ႏွစ္သက္တမ္းတုိးစာခ်ဳပ္ခ်ဳပ္ဖုိ႔ စကားေျပာေနပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ ေနာက္ထပ္ကလပ္တစ္ခုနဲ႔ စာခ်ဳပ္ခ်င္ပါတယ္။ ဆိုလိုတာက ဒီဆယ္ႏွစ္ကာလမွာ အဆုံးသတ္ပါမယ္။ စက္၀န္းတစ္ခု အဆံုးသတ္သြားျခင္းေပါ့။ ကၽြန္ေတာ့္ကုိယ္ ကၽြန္ေတာ္ေတာ့ မန္စီးတီးကုိ ျပန္ၿပီးရင္ဆုိင္ရမယ့္ ကစားသမားအျဖစ္ ဘယ္ေတာ့မွ မျမင္မိပါဘူး” လုိ႔ ဖြင့္ဟသြားခဲ့ပါတယ္။
(unicode)
မန်စီးတီးအတွက် သူ့ရဲ့နောက်ဆုံးရာသီဖြစ်နေတဲ့ လက်ရှိအချိန်မှာ အနာဂတ်နဲ့ပတ်သက်ပြီး ချင့်ချိန်တွေးဆမှုတွေရှိနေတာကြောင့် အလျင်စလိုဆုံးဖြတ်မှာမဟုတ်ဘူးလို့ ကွင်းလယ်လူဒေးဗစ်ဆေးလ်ဗား က ဖွင့်ဟလိုက်ပါတယ်။အသက် ၃၃နှစ်အရွယ် စပိန်သားဟာ မန်စီးတီးနဲ့အတူ ဆယ်နှစ်ကြာ လက်တွဲခဲ့သူဖြစ်ပြီး စာချုပ်သက်တမ်းပြည့်မယ့် နွေရာသီမှာ အီတီဟတ်ကိုစွန့်ခွာမှာဖြစ်ပါတယ်။သူ့ရဲ့အေးဂျင့်ဟာ ကမ်းလှမ်းမှုတွေအများအပြားရရှိထားပေမယ့် ကာယကံရှင်ကတော့ အနာဂတ်အတွက် မဆုံးဖြတ်ရသေးဘူးလို့ ပြောဆိုလိုက်တာပါ။မန်ယူကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ဟမ်းပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် မိုင်ယာမီအသင်းဟာ ဆေးလ်ဗားကို စိတ်ဝင်စားနေသလို ဂျေလိဂ်နဲ့ ကာတာထိပ်တန်း ကလပ်အသင်းတွေကလည်း မြင့်မားတဲ့လုပ်ခလစာမျိုးနဲ့ ကမ်းလှမ်းသွားဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဆေးလ်ဗားကတော့ ဘောလုံးသမားဘဝက အနားမယူခင် ဇာတိကလပ်ပယ်မက်စ်မှာ ကစားသွားချင်သေးတယ်လို့ ပြောခဲ့ဖူးပါတယ်။ဒါပေမဲ့ ပယ်မက်စ်ဟာ လက်ရှိအချိန်မှာ စပိန်ဒုတိယတန်းရဲ့တန်းဆင်းဇုန်နားမှာ ရုန်းကန်နေရပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးကို အသင်းခေါင်းဆောင်ကွန်ပနီ စွန့်ခွာသွားတဲ့နောက် အသင်းခေါင်းဆောင်ရာထူးကို ဆက်ခံခဲ့သူဖြစ်ပြီး လေ့ကျင့်ရေးအစီအစဉ်မှာလည်း အသင်းအပေါ် သြဇာလွှမ်းမိုးမှုရှိနေသူပါ။ သူဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ကြိမ်၊၊ အက်ဖ်အေဖလား ၂ကြိမ်၊လိဂ်ဖလား ၄ကြိမ် ဆွတ်ခူးနိုင်ခဲ့သလို စပိန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ၁ကြိမ်၊ယူရိုဖလား ၂ကြိမ်ရရှိထားသူပါ။ ဒါပေမဲ့ သူ့ရဲ့ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဖလားကိုတော့ ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။မန်စီးတီးကစားသမားဘ၀ အဆုံးသတ်ဖို့အချိန်ကောင်းဖြစ်နေပေမယ့် အနာဂတ်နဲ့ပတ်သက်ပြီးမဆုံးဖြတ်ရသေးတဲ့အကြောင်းကို ဆေးလ်ဗားက “ဆယ်နှစ်ဆိုတဲ့အချိန်က ကျွန်တော့်အတွက်တော့ လုံလောက်နေပါပြီ။ ဒါဟာ ပြီးပြည့်စုံတဲ့ ကာလပါပဲ။ ကနဦးအနေနဲ့ကတော့ အသင်းဟာ ၂ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဖို့ စကားပြောနေပါတယ်။ ဒါပေမဲ့ ကျွန်တော် နောက်ထပ်ကလပ်တစ်ခုနဲ့ စာချုပ်ချင်ပါတယ်။ ဆိုလိုတာက ဒီဆယ်နှစ်ကာလမှာ အဆုံးသတ်ပါမယ်။ စက်ဝန်းတစ်ခု အဆုံးသတ်သွားခြင်းပေါ့။ ကျွန်တော့်ကိုယ် ကျွန်တော်တော့ မန်စီးတီးကို ပြန်ပြီးရင်ဆိုင်ရမယ့် ကစားသမားအဖြစ် ဘယ်တော့မှ မမြင်မိပါဘူး” လို့ ဖွင့်ဟသွားခဲ့ပါတယ်။