
Photo Credit
Photo Credit ; Getty Images
မန္ခ်က္စတာယူႏိုက္တက္ဂႏၳ၀င္ ရီယိုဖာဒီနန္က ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဒီဘားလား ယူႏိုက္တက္ကိုမေရာက္႐ွိခဲ့လို႔ ေပ်ာ္႐ႊင္ေနပါတယ္။
Photo Credit
အီတလီအင္အားႀကီးဂ်ဴဗီရဲ႕တိုက္စစ္မွဴးဟာ စိန္ေခၚမႈအသစ္ေတြနဲ႔ရင္ဆုိင္ဖို႔အတြက္ အင္တင္တင္ျဖစ္ေနခဲ့ၿပီး ဖာဒီနန္ကေတာ့ ဒီဘားလားဟာ ယူႏိုက္တက္ကစားသမားျဖစ္ဖို႔ အရည္အခ်င္းမျပည့္မွီေသးဘူးလို႔ ဆိုလိုက္ပါတယ္။ အဆိုပါ အာဂ်င္တီးနားတိုက္စစ္မွဴးဟာ အဂၤလန္ေျမကို ေရာက္ရွိဖို႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေျပာင္းအေရႊ႕ ပိတ္သိမ္းခ်ိန္အထိ ၾကန္႔ၾကာခဲ့ရပါတယ္။
Photo Credit ; Getty Images
ၿပီးခဲ့တဲ့လတုန္းက ဂ်ဴဗင္တပ္စ္အသင္းဟာ အဆိုပါ ၂၅ ႏွစ္သားကိုအင္တာမီလန္အသင္းထံ ယူရိုသန္း ၈၀နဲ႔ ေျပာင္းေရႊ႕သြားခဲ့တဲ့ တိုက္စစ္မွဴး လူကာကူနဲ႔ အလဲအထပ္ ျပဳလုပ္ဖို႔ ယူႏိုက္တက္အသင္းနဲ႔ စကားေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။
Photo Credit
သတင္းေတြအရေတာ့ ယူႏိုက္တက္အသင္းရဲ႕ကမ္းလွမ္းမႈေတြကို ဒီဘားလားက ေအးဂ်င့္ကိုေပးဖို႔ ေငြေၾကးနဲ႔ ပံုရိပ္သံုးစြဲခြင့္ေတြေၾကာင့္ ပယ္ခ်ခဲ့တယ္လို႔ သိရၿပီး အေျပာင္းအေရႊ႔ ေနာက္ဆံုးေန႔မွာလည္း စပါးအသင္းရဲ႕ကမ္းလွမ္းမႈကို အလားတူကိစၥေတြေၾကင့္ပဲ ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။ ဖာဒီနန္ကေတာ့ အသင္းအတြက္ အက်ိဳးရွိေစမယ့္ မွန္ကန္တဲ့ လူငယ္ကစားသမားေတြကို ယူႏိုက္တက္ကေခၚယူႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။
Photo Credit ; Getty Images / AFP
“လက္ရွိကာလေတြမွာ ကစားသမားအမ်ားစုက ယူႏိုက္တက္ကို ျငင္းပယ္ခဲ့ၾကတယ္၊ အဲဒီအစား တျခားအသင္းကိုသာ ေရြးခ်ယ္သြားၾကတယ္၊ ဂ်ဴဗင္တပ္စ္အရန္ခံုမွာ ထိုင္ေနရေပမယ့္ ဒီဘားလားက ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကိုဘာေၾကာင့္ ပယ္ခ်ခဲ့သလဲ ကၽြန္ေတာ္မသိဘူး။ သူကစားဖို႔ လိုအပ္သားနဲ႔ေလ”လို႔ Daily Star ကိုဖာဒီနန္ကေျပာပါတယ္။
Photo Credit ; Getty Images
“သူကယူႏိုက္တက္မွာကစားတာထက္ ခ်န္ပီယံလိဂ္ကစားခြင့္ရတ့ဲအသင္းမွာ ပါဝင္ခ်င္တယ္ ဒါမွမဟုတ္ အရန္ခံုမွာပဲဆက္ၿပီး ထုိင္ေနခ်င္တယ္လို႔ ေတြးေနတာ ျဖစ္ပါလိမ့္မယ္”လို႔ ဖာဒီနန္ကဆက္ေျပာပါတယ္။
Photo Credit ; Getty Images
“ေကာင္းပါတယ္၊ သူေရာက္မလာလို႔ ကၽြန္ေတ္ာေပ်ာ္ရႊင္ေနပါတယ္၊ ဘာလို႔လဲဆိုေတာ့ သူကယူႏိုက္တက္ ကစားသမားျဖစ္ဖို႔ အရည္အခ်င္းေတြ မျပည့္မွီေသးလို႔ပါ”လို႔ ဖာဒီနန္ကထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။
Photo Credit ; Getty Images
Unicode
မန်ချက်စတာယူနိုက်တက် ကစားသမားဖြစ်စေဖို့ ဒီဘားလားကအဆင့်မမှီသေးပါဘူး – ဖာဒီနန်
မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ရီယိုဖာဒီနန်က ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလား ယူနိုက်တက်ကိုမရောက်ရှိခဲ့လို့ ပျော်ရွှင်နေပါတယ်။
အီတလီအင်အားကြီးဂျူဗီရဲ့တိုက်စစ်မှူးဟာ စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်ဖို့အတွက် အင်တင်တင်ဖြစ်နေခဲ့ပြီး ဖာဒီနန်ကတော့ ဒီဘားလားဟာ ယူနိုက်တက်ကစားသမားဖြစ်ဖို့ အရည်အချင်းမပြည့်မှီသေးဘူးလို့ ဆိုလိုက်ပါတယ်။
အဆိုပါ အာဂျင်တီးနားတိုက်စစ်မှူးဟာ အင်္ဂလန်မြေကို ရောက်ရှိဖို့ အကြောင်းအမျိုးမျိုးကြောင့် အပြောင်းအရွှေ့ ပိတ်သိမ်းချိန်အထိ ကြန့်ကြာခဲ့ရပါတယ်။
ပြီးခဲ့တဲ့လတုန်းက ဂျူဗင်တပ်စ်အသင်းဟာ အဆိုပါ ၂၅ နှစ်သားကိုအင်တာမီလန်အသင်းထံ ယူရိုသန်း ၈၀နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး လူကာကူနဲ့ အလဲအထပ် ပြုလုပ်ဖို့ ယူနိုက်တက်အသင်းနဲ့ စကားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
သတင်းတွေအရတော့ ယူနိုက်တက်အသင်းရဲ့ကမ်းလှမ်းမှုတွေကို ဒီဘားလားက အေးဂျင့်ကိုပေးဖို့ ငွေကြေးနဲ့ ပုံရိပ်သုံးစွဲခွင့်တွေကြောင့် ပယ်ချခဲ့တယ်လို့ သိရပြီး အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာလည်း စပါးအသင်းရဲ့ကမ်းလှမ်းမှုကို အလားတူကိစ္စတွေကြေင့်ပဲ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
ဖာဒီနန်ကတော့ အသင်းအတွက် အကျိုးရှိစေမယ့် မှန်ကန်တဲ့ လူငယ်ကစားသမားတွေကို ယူနိုက်တက်ကခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“လက်ရှိကာလတွေမှာ ကစားသမားအများစုက ယူနိုက်တက်ကို ငြင်းပယ်ခဲ့ကြတယ်၊ အဲဒီအစား တခြားအသင်းကိုသာ ရွေးချယ်သွားကြတယ်၊ ဂျူဗင်တပ်စ်အရန်ခုံမှာ ထိုင်နေရပေမယ့် ဒီဘားလားက ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကိုဘာကြောင့် ပယ်ချခဲ့သလဲ ကျွန်တော်မသိဘူး။ သူကစားဖို့ လိုအပ်သားနဲ့လေ”လို့ Daily Star ကိုဖာဒီနန်ကပြောပါတယ်။
“သူကယူနိုက်တက်မှာကစားတာထက် ချန်ပီယံလိဂ်ကစားခွင့်ရတဲ့အသင်းမှာ ပါဝင်ချင်တယ် ဒါမှမဟုတ် အရန်ခုံမှာပဲဆက်ပြီး ထိုင်နေချင်တယ်လို့ တွေးနေတာ ဖြစ်ပါလိမ့်မယ်”လို့ ဖာဒီနန်ကဆက်ပြောပါတယ်။
“ကောင်းပါတယ်၊ သူရောက်မလာလို့ ကျွန်တေ်ာပျော်ရွှင်နေပါတယ်၊ ဘာလို့လဲဆိုတော့ သူကယူနိုက်တက် ကစားသမားဖြစ်ဖို့ အရည်အချင်းတွေ မပြည့်မှီသေးလို့ပါ”လို့ ဖာဒီနန်ကထပ်လောင်းပြောကြားသွားခဲ့ပါတယ်။