
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ခရစ္စတီယာနို ရော်နယ်ဒိုဟာ မနေ့ညက အိုင်ယာလန် နဲ့ ပွဲစဉ်မှာ ခေါင်းတိုက်သွင်းဂိုး (၂)ဂိုး ရယူခဲ့ပြီး နိုင်ငံ့လက်ရွေးစင် အနေနဲ့ သွင်းဂိုးအမျာဆုံး ကစားသမား စံချိန်သစ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုအတွက် တစ်ခုတည်းသော စိတ်ပျက်စရာက နာကျင်အချိန်ပိုမှာ အင်္ကျီချွတ်ပြီး အောင်ပွဲခံခဲ့တဲ့အတွက် အဝါကတ် ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် သူဟာ လာမယ့် အင်္ဂါနေ့မှာ အဇာဘိုင်ဂျန်အသင်းနဲ့ ကစားမယ့် ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဥ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းကတော့ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်(၅)ပွဲမြောက်မှာတော့ ရော်နယ်ဒို မပါဝင်တော့ပဲ ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။
အဲ့ဒီနောက် ကာတာမှာ ခြေစမ်းပွဲ ကစားဖို့ရှိပေမယ့် ရော်နယ်ဒိုအနေနဲ့ အဲ့ဒီကို လိုက်ပါသွားမယ့်အစား မန်ချက်စတာကိုပဲ စောစီးစွာ ပြန်လာတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်က စက်တင်ဘာလ ( ၁၁ ) ရက် နေ့မှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်သွားဖို့ရှိနေပြီး ရော်နယ်ဒိုက ပွဲထွက်ကစားဖို့ဖြစ်လာနိုင်ပါတယ်။
ရော်နယ်ဒိုအနေနဲ့ ကာတာခရီးစဥ်ကို ပယ်ဖျက်လိုက်ခဲ့မယ်ဆိုရင်တော့ အစောဆုံး သောကြာနေ့မှာ မန်ချက်စတာကို ရောက်ရှိလာနိုင်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
မနေ့ညက အဝါကတ်ပြခံလိုက်ရပြီးနောက် ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်ဆီကို စောစောလာရောက် နိုင်မယ့် အခြေအနေ ဖြစ်လာ…