မနိုင်ပေမယ့် လေမလျှော့တဲ့ ဆိုးလ်ရှား

ယူနိုက်တက်ဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဝက်ဘရွန်းကို တစ်ဖက်တစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သရဲနီတို့ဟာ မန်စီးတီးနဲ့အမှတ်ကွာဟချက် ပိုမိုများပြားလာခဲ့ပေမယ့် ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ အမှတ်ပေးဖလားလုပွဲကို လွယ်လွယ်နဲ့အလျှော့ပေးမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

“အရှိန်အဟုန်ကောင်းကောင်းနဲ့ အသင်းကိုတည်ဆောက်ပြီး နိုင်ပွဲတွေယူရပါတော့မယ်။ မန်စီးတီးအသင်းက ပုံစံကောင်းရရှိနေပြီးတော့ ကျွန်တော်တို့နဲ့ လက်စတာအသင်းကလည်း အကြိတ်အနယ်ဖြစ်နေပါတယ်။”  “မန်စီးတီးအသင်းကိုကျွန်တော်တို့နဲ့ တော်တော်လေးအမှတ်ကွာသွားဖို့ ခွင့်မပြုနိုင်ပါဘူး။မကြာခင် မှာကျွန်တော်တို့ ပုံစံအမှန်ပြန်ရတော့မှာပါ။ အမှတ်ပေးဖလားကိုစောစောစီးစီးလက်လွှတ်လိုက်ရတာမျိုး မဖြစ်စေရပါဘူး” လို့ ဆိုးလ်ရှားက ပြောဆိုပါတယ်။

တစ်ဖက်မှာတော့ သရေကျခဲ့တဲ့ပွဲမှာယူနိုက်တက်အသင်းနောက်ခံလူတွေဟာနည်းပြဆိုးလ်ရှားရဲ့အကြံပေးစကားတွေအပေါ်မလိုက်နာခဲ့ဘူးလို့ကြားသိရပါတယ်။ နည်းပြဆိုးလ်ရှားဟာဝက်ဘရွန်းနဲ့ပွဲစဉ်မှာဝက်ဘရွန်းအသင်းအဓိကခြိမ်းခြောက်လာနိုင်ဖွယ်ရှိတဲ့ပုံစံမျိုးကိုကစားသမားတွေကိုအသိပေးပြောဆိုခဲ့ပေမယ့်ပွဲစပြီးတစ်မိနစ်ကျော်ကြာပြီးချိန်မှာကစားသမားတွေဟာနည်းပြစကားကိုနားမထောင်ခဲ့ဘူးလို့သိရပါတယ်။

နည်းပြဆိုးလ်ရှားက“ပယ်နယ်တီဧရိယာအတွင်းပြိုင်ဘက်အသင်းကို ဘောလုံးရစေမယ့် အခွင့်အရေးမျိုးမပေးသင့်ဘူး။ ပယ်နယ်တီဧရိယာအတွင်း နောက်တန်းကစားသမားတွေဟာ ရဲရဲဝံ့ဝံ့ကစားဖို့လိုအပ်တယ်။“လို့ ပွဲမတိုင်ခင်ပြောခဲ့ပါတယ်။

zawgyi

မႏိုင္ေပမယ့္ ေလမေလွ်ာ့တဲ့ ဆိုးလ္ရွား

ယူႏိုက္တက္ဟာ မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ဝက္ဘ႐ြန္းကို တစ္ဖက္တစ္ဂိုးစီ သေရရလဒ္သာ ထြက္ေပၚေအာင္စြမ္း​ေဆာင္ႏိုင္ခဲ့ပါတယ္။ သရဲနီတို႔ဟာ မန္စီးတီးနဲ႔အမွတ္ကြာဟခ်က္ ပိုမိုမ်ားျပားလာခဲ့ေပမယ့္ ယူႏိုက္တက္နည္းျပဆိုးလ္ရွားက​ေတာ့ အမွတ္ေပးဖလားလုပြဲကို လြယ္လြယ္နဲ႔အေလွ်ာ့ေပးမွာမဟုတ္ဘူးလို႔ ေျပာဆိုထားပါတယ္။

“အရွိန္အဟုန္​ေကာင္း​ေကာင္းနဲ႔ အသင္းကိုတည္ေဆာက္ၿပီး ႏိုင္ပြဲေတြယူရပါေတာ့မယ္။ မန္စီးတီးအသင္းက ပုံစံေကာင္းရရွိေနၿပီးေတာ့ ကြၽန္ေတာ္တို႔နဲ႔ လက္စတာအသင္းကလည္း အႀကိတ္အနယ္ျဖစ္ေနပါတယ္။” “မန္စီးတီးအသင္းကိုကြၽန္​ေတာ္တို႔နဲ႔ ေတာ္ေတာ္ေလးအမွတ္ကြာသြားဖို႔ ခြင့္မျပဳႏိုင္ပါဘူး။မၾကာခင္ မွာကြၽန္ေတာ္တို႔ ပုံစံအမွန္ျပန္ရေတာ့မွာပါ။ အမွတ္ေပးဖလားကိုေစာေစာစီးစီးလက္လႊတ္လိုက္ရတာမ်ိဳး မျဖစ္ေစရပါဘူး” လို႔ ဆိုးလ္ရွားက ေျပာဆိုပါတယ္။

တစ္ဖက္မွာ​ေတာ့ သေရက်ခဲ့တဲ့ပြဲမွာ ယူႏိုက္တက္အသင္းေနာက္ခံလူေတြဟာ နည္းျပဆိုးလ္ရွားရဲ႕အႀကံေပးစကားေတြအေပၚ မလိုက္နာခဲ့ဘူးလို႔ၾကားသိရပါတယ္။ နည္းျပဆိုးလ္ရွားဟာ ဝက္ဘ႐ြန္းနဲ႔ပြဲစဥ္မွ ာဝက္ဘ႐ြန္းအသင္း အဓိကၿခိမ္းေျခာက္လာႏိုင္ဖြယ္ရွိတဲ့ပုံစံမ်ိဳးကိုကစားသမားေတြကို အသိေပးေျပာဆိုခဲ့ေပမယ့္ ပြဲစၿပီးတစ္မိနစ္ေက်ာ္ၾကာၿပီးခ်ိန္မွာ ကစားသမားေတြဟာ နည္းျပစကားကိုနားမေထာင္ခဲ့ဘူးလို႔သိရပါတယ္။

နည္းျပဆိုးလ္ရွားက“ပယ္နယ္တီဧရိယာအတြင္း ၿပိဳင္ဘက္အသင္းကိုေဘာလုံးရေစမယ့္ အခြင့္အေရးမ်ိဳးမေပးသင့္ဘူး။ ပယ္နယ္တီဧရိယာအတြင္းေနာက္တန္းကစားသမားေတြဟာ ရဲရဲဝံ့ဝံ့ကစားဖို႔လိုအပ္တယ္။“လို႔ ပြဲမတိုင္ခင္ေျပာခဲ့ပါတယ္။