
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
PSG ကွင်းလယ်လူ အန်ဒါ ဟာရဲရား ဟာ သူ့ရဲ့ ၃၂ နှစ်မြောက် မွေးနေ့ကို အသင်းဖော်တွေ နဲ့ အတူ ပြုလုပ် ခဲ့ပြီး အဆိုပါ ပါတီ ကို မက်ဆီ အပါအဝင် နွေရာသီက ရောက်ရှိ လာတဲ့ ကစားသမားသစ်တွေပါ တက်ရောက် ခဲ့ကြပေမယ့် အမ်ဘာပေ ပါဝင် မလာခဲ့ဘူးလို့ သိရှိရ ပါတယ်။
စပိန် လာလီဂါ ပွဲစဉ် မှာတော့ ဘာစီလိုနာ အသင်းဟာ မက်ဆီ ခေတ်လွန် ကာလ ရဲ့ ပထမဆုံး အမှတ်ပေး ပွဲစဉ် ကို ၄ – ၂ ရလဒ် နဲ့ အနိုင် ကစားပြီး အဖွင့်လှခဲ့ ကြပါတယ်။
ရီးရဲ ဆိုဆီဒက် အသင်းနဲ့ ယှဉ်ပြိုင် ကစား ခဲ့တဲ့ ဒီပွဲမှာ တိုက်စစ်မှူး ဘရိသ်ဝိတ် က ဘာစီလိုနာ အတွက် ၂ ဂိုး သွင်းယူ ပေးခဲ့ပြီး ပီကေး နဲ့ ဆာဂျီရောဘတ်တို တို့က ၁ ဂိုးစီ သွင်းပေး ခဲ့ကြပါတယ်။
စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ မန်စီးတီးနှင့်တွေ့ဆုံမှုများတွင် ပြိုင်ပွဲစုံ (၇)ဂိုးအထိ သွင်းယူထားနိုင်ပြီး မန်စီးတီးထက် ၎င်းဂိုးပိုသွင်းနိုင်သည့်အသင်းမှာ ဆောက်သမ်တန်(၁၁ ဂိုး)အသင်းဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့ မန်စီးတီးဘက်သို့ ဆွန်ဟောင်မင်ထက် ပြိုင်ပွဲစုံ ဂိုးပိုသွင်းနိုင်သူမှာ လက်စတာတိုက်စစ်မှူး ဗာဒီ တစ်ဦးတည်းသာရှိပြီး (၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးဘက်က အဓိက ကစားသမား ဟာရီကိန်းက အသင်းရဲ့ ပွဲထွက်လူစာရင်းမှာရော အရန်စာရင်းမှာပါ ပါဝင်လာခြင်းမရှိတာကြောင့်
ဘောလုံးပရိသတ်များစွာက ကိန်းအနေနဲ့ မန်စီးတီးကို ပြောင်းရွှေ့နိုင်ဖို့ စီစဉ်နေပြီလို့ ထပ်ယူဆခဲ့ကြပေမယ့်လည်း စပါးအသင်းနည်းပြ နူနိုဆန်တိုကတော့ ကိန်းကို မန်စီးတီးနဲ့ပွဲစဉ်အတွင်း ထည့်သွင်းခြင်းမရှိခဲ့တာက ကိန်းရဲ့ကြံခိုင်မှု မပြည့်ဝမှုကြောင့်သာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ နည်းပြ အာတီတာကို အချိန်သိပ်ပေးတော့မှာ မဟုတ်ဘဲ လာမယ့်ပွဲတွေမှာ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အသင်းရလဒ်တွေက တက်မလာခဲ့ရင်
အင်တာမီလန်အသင်းနဲ့ လမ်းခွဲထားခဲ့တဲ့ ချဲလ်ဆီးနည်းပြဟောင်း အန်တိုနီယို ကွန်တီနဲ့ အစားထိုးသွားဖို့ ရည်ရွယ်နေပြီး နည်းစနစ်ဒါရိုက်တာ အီဒူးကိုပါ ထုတ်ပယ်နိုင်ခြေရှိနေပါတယ်။
စနေနေ့က ကစားခဲ့တဲ့ ယူနိုက်တက် နဲ့ လိဒ် ယူနိုက်တက် ပွဲအပြီးမှာ ၂ ဘက် အသင်း ပရိသတ်တွေ အကြား ခိုက်ရန် ဖြစ်ပွားမှု ရှိခဲ့ပြီး ပရိသတ် ၆ ဦး ဟာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတယ်လို့ သိရ ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မနက်ခင်း အတွက် သတင်းတို တချို့