မထင္မွတ္ထားတဲ့သူရဲေကာင္းေၾကာင့္ ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရၿပီး စူပါဖလားခ်န္ပီယံအျဖစ္ပါ လီဗာပူး ေရးထုိး

Photo Credit

Photo Credit

တူရကီႏိုင္ငံ၊ အစၥတန္ဘူလ္ၿမိဳ႕ရိွ ဘက္ဆစ္တပ္ရဲ႕အိမ္ကြင္းမွာကစားခဲ့တဲ့ ယခုႏွစ္ဥေရာပစူပါဖလားပြဲကေတာ့ အိပ္ေရးပ်က္ရက်ိဳးနပ္ေအာင္ အႀကိတ္အနယ္ရွိခဲ့ၿပီး အဓိကဂိုးသမား အဲလစ္ဆန္ဒဏ္ရာရေနလုိ႔ ပြဲထြက္ကစားခြင့္ရရွိခဲ့တဲ့ အက္ဒရီယန္က ပင္နယ္တီအဆုံးအျဖတ္မွာ သူရဲေကာင္းအျဖစ္ ခံယူႏိုင္ခဲ့လုိ႔ လီဗာပူးလည္း ရာသီသစ္ရဲ႕ပထမဆုံးဆုဖလားကို ရယူသြားႏိုင္ခဲ့ပါတယ္။

Photo Credit

ပြဲခ်ိန္ ၃၆မိနစ္မွာ ခ်ဲလ္ဆီးအသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး ဗန္ဒုိက္ရဲ႕လူကၽြံေဘာေထာင္ေခ်ာက္ ဖမ္းကစားပုံမေသသပ္မႈကေန ပူလီဆစ္ထုိးေပးတာကို ဂ်ီ႐ူးက ဘယ္ေျခနဲ႔ အေ၀းတုိင္ေထာင့္ကို အနိမ့္ေဘာကန္သြင္းခဲ့တာျဖစ္ပါတယ္။

Photo Credit

ဂ်ီ႐ူးဟာ ခ်ဲလ္ဆီးအတြက္ ဥေရာပပြဲ ၁၆ပြဲမွာ ၁၂ဂိုးသြင္းယူထားႏုိင္ၿပီး ျပည္တြင္းပြဲ ၄၉ပြဲမွာ ၇ဂုိးပဲသြင္းယူထားႏုိင္တာကို ယွဥ္ၾကည့္ရင္ ဂ်ီ႐ူးနဲ႔ ဥေရာပပြဲေတြ သဟဇာတပိုျဖစ္တာကို သိႏိုင္ပါတယ္။

Photo Credit

အဲဒီဂိုးမတိုင္ခင္ ဂ်ီ႐ူးလြတ္လြတ္ကၽြတ္ကၽြတ္ ဂုိးသမားနဲ႔တစ္ေယာက္ခ်င္းကန္သြင္းခြင့္ရရွိခဲ့ေပမယ့္ လီဗာပူးဂုိးသမား အက္ဒရီယန္ ကာကြယ္ခ့ဲရသလို ေနာက္တစ္ႀကိမ္ ကိုဗာခ်စ္ ဂိုးသမားကို ေက်ာ္ျဖတ္ကာ ကန္သြင္းဖို႔ ႀကိဳးစားတာလည္း အက္ဒရီယန္ တားဆီးႏိုင္ခဲ့ပါတယ္။

Photo Credit

လီဗာပူးကေတာ့ ဦးေဆာင္ဂိုးေပးလုိက္ရၿပီးေနာက္ ကစားကြက္ပါပ်က္သြားၿပီး ခ်ဲလ္ဆီးက ပူလီဆစ္ရဲ႕တုိးအားေတြနဲ႔အတူ လီဗာပူးခံစစ္ကို အေတာ္ေလးဒုကၡေပးႏိုင္ခဲ့ပါတယ္။

Photo Credit

ပထမပိုင္းမၿပီးခင္မွာ ပူလီဆစ္ဂိုးဧရိယာထိပ္ကေန ညာေျခနဲ႔ လွလွပပအတြင္းဘက္ ခ်ိဳးကန္တာ ဂုိးသြားေပမယ့္ ေဘာလုံးလက္ခံရယူခ်ိန္မွာ လူကၽြံေဘာျဖစ္ေနခဲ့ၿပီး ဂ်ီ႐ူးရဲ႕ကန္ခ်က္တုန္းကလည္း လူကၽြံအေနအထားမွာ ရွိေနခဲ့ပါတယ္။

Photo Credit

ဒုတိယပိုင္းျပန္အစ ၃မိနစ္အၾကာမွာ မာေနးက လီဗာပူးအတြက္ ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ပြဲက ပိုမုိအႀကိတ္အနယ္ရွိလာၿပီး ဖြင့္တုိက္ခဲ့လုိ႔လည္း ႏွစ္သင္းစလုံး ဂိုးသြင္းခြင့္ေတြအျပန္အလွန္ရရွိခဲ့ပါတယ္။ မာေနးလည္း ၂၀၀၆ ခုႏွစ္က ဘာစီလိုနာနဲ႔ပြဲမွာ ဂုိးသြင္းယူခဲ့တ့ဲ ဆီဗီလာတုိက္စစ္မွဴး ကႏူေတးၿပီးေနာက္ ယူအီးအက္ဖ္ေအစူပါဖလားမွာ ဂိုးသြင္းယူႏုိင္တဲ့ပထမဆုံးအာဖရိကႏိုင္ငံသားျဖစ္လာပါတယ္။

Photo Credit

ခ်ဲလ္ဆီးမွာ ကန္တီက နည္းျပေဟာင္း ဆာရီလက္ထက္တုန္းကအတုိင္း box-to-box ကြင္းလယ္လူအျဖစ္ ကစားသြားၿပီး လ်င္လ်န္ျမန္ျမန္နဲ႔ကစားႏိုင္ခဲ့လုိ႔လည္း ခ်ဲလ္ဆီးတုိက္စစ္ပိုေကာင္းသြားတာျဖစ္ပါတယ္။

Photo Credit

ပြဲခ်ိန္ ၇၄မိနစ္မွာ လီဗာပူးအသင္း ဦးေဆာင္ဂိုးရဖို႔ အေကာင္းဆုံးအခြင့္အေရးဖန္တီးႏိုင္ခဲ့ၿပီး ဆာလာရဲ႕ကန္သြင္းခ်က္ လူထိလမ္းေၾကာင္းေျပာင္းေရာက္လာတာကို ကီပါ ပုတ္ထုတ္ႏိုင္ခဲ့သလို ဗန္ဒိုက္ရဲ႕ထပ္ဆင့္ပိတ္သြင္းခ်က္ကိုလည္း ကီပါကပဲ ပုတ္ထုတ္ႏိုင္လိုက္တာ ဘားတန္းထိထြက္သြားခဲ့တာပါ။

Photo Credit

ပြဲခ်ိန္ ၈၂မိနစ္မွာ လူစား၀င္ကြင္းလယ္ကစားသမား ေမဆင္ေမာင့္ ဂိုးဧရိယာအစပ္ေလာက္ကေန ဘယ္ေျခနဲ႔ ေထာင့္ျဖတ္ေဘာကန္သြင္းတာ ဂုိးသြားေပမယ့္ ေဘာလုံးစယူတဲ့ကြင္းလယ္ေက်ာ္ေက်ာ္ေလာက္မွာကတည္းက လူကၽြံေနခ့ဲတာျဖစ္လို႔ ခ်ဲလ္ဆီးအသင္းဂိုးအျဖစ္ သတ္မွတ္မခံခဲ့ရပါဘူး။ မိနစ္ ၉၀ျပည့္တဲ့အထိ တစ္ဖက္ ၁ဂိုးစီသေရက်ေနလုိ႔ အခ်ိန္ပိုမိနစ္ ၃၀ဆက္ကစားခဲ့ရပါတယ္။

Photo Credit

အခ်ိန္ပိုျပန္စလုိ႔ ၄မိနစ္အၾကာမွာပဲ လီဗာပူးအသင္း ဦးေဆာင္ဂုိးရရွိသြားခ့ဲၿပီး လူကၽြံေထာင္ေခ်ာက္က လြတ္သြားတဲ့ ဖာမီႏို ဂိုးေရွ႕အသာျပန္ခ်ဳိးေပးတာကို မာေနးက မနားတမ္းေျပး၀င္ပိတ္သြင္းခ့ဲတာျဖစ္ပါတယ္။ ဖာမီႏိုရဲ႕ေျပးလမ္းထဲ ခ်ေပးလုိက္သူက မာေနးပဲ ျဖစ္ၿပီး သူကပဲ အဆုံးသတ္ခဲ့တာပါ။

Photo Credit

အခ်ိန္ပို ၈မိနစ္မွာ ခ်ဲလ္ဆီးတုိက္စစ္မွဴး ေအဘရာဟမ္ရဲ႕ကန္သြင္းခ်က္ကို ကာကြယ္ႏိုင္ခဲ့တဲ့ လီဗာပူးဂုိးသမား အက္ဒရီယန္ဟာ ေနာက္သိပ္မၾကာခင္ ေအဘရာဟမ္ကို တားဆီးပုံၾကမ္းတမ္းခဲ့လုိ႔ ပင္နယ္တီျပစ္ဒဏ္ေပးခဲ့ရပါတယ္။ အဲဒီပင္နယ္တီကို ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳက အမွားအယြင္းမရွိကန္သြင္းယူႏိုင္ခဲ့လုိ႔ ခ်ဲလ္ဆီးအသင္း ေခ်ပဂိုးျပန္လည္ရရွိခဲ့ပါတယ္။

Photo Credit

ေဂ်ာ္ဂ်င္ညိဳဟာ ၂၀၀၇ ခုႏွစ္က ေအစီမီလန္တုိက္စစ္မွဴး ဖိလစ္ပိုအင္ဇာဂီေနာက္ပိုင္း ဥေရာပစူပါဖလားပြဲမွာ ဂိုးသြင္းယူႏိုင္တဲ့ပထမဆုံးအီတလီႏုိင္ငံသားျဖစ္လာပါတယ္။ ပြဲခ်ိန္ ၁၀၃ မိနစ္မွာ ခ်ဲလ္ဆီးအသင္း အေကာင္းဆုံးအခြင့္အေရးဖန္တီးႏိုင္ခဲ့ၿပီး ဂိုးဧရိယာထဲကေန ပက္ဒ႐ို အသာျဖတ္တင္ေပးတာကို ေအဘရာဟမ္ပိတ္သြင္းတာ ဂိုးေပါက္နဲ႔ကပ္လြဲသြားခဲ့လုိ႔ နစ္နာခဲ့ရပါတယ္။

Photo Credit

ပြဲခ်ိန္ ၁၁၃မိနစ္မွာ တုိက္စစ္မွဴး ေအဘရာဟမ္ အသာျပန္ခ်ေပးတာကို အသင့္ရွိေနတဲ့ ေမဆင္ေမာင့္အျပင္းကန္သြင္းတာ အက္ဒရီယန္ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့သလို သိပ္မၾကာခင္ ပက္ဒ႐ိုရဲ႕ကန္သြင္းခ်က္ကလည္း တုိင္ေဘးကေန ကပ္ထြက္သြားခဲ့လုိ႔ ခ်ဲလ္ဆီးအသင္း နစ္နာခဲ့ရပါတယ္။

Photo Credit

အခ်ိန္ပိုအၿပီးမွာလည္း ႏွစ္သင္းစလုံး ၁ဂိုးစီသြင္းယူခဲ့လုိ႔ ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာေတာ့ ေအဘရာဟမ္ရဲ႕ကန္သြင္းခ်က္ကို လီဗာပူးဂိုးသမား အက္ဒရီယန္ကာကြယ္ႏိုင္ခဲ့လို႔ လီဗာပူးအသင္း စူပါဖလားခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

Photo Credit

ဖာမီႏို – ဂိုး
ေဂ်ာ္ဂ်င္ညိဳ – ဂိုး
ဖာဘင္ညိဳ – ဂိုး
ဘာကေလ – ဂိုး
အိုရီဂီ – ဂိုး
ေမဆင္ေမာင့္ – ဂိုး
အာႏိုးလ္ – ဂိုး
အီမာဆင္ – ဂိုး
ဆာလာ – ဂုိး
ေအဘရာဟမ္ – ဂိုးသမားပုတ္ထုတ္

Photo Credit

Unicode

မထင်မှတ်ထားတဲ့သူရဲကောင်းကြောင့် ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး စူပါဖလားချန်ပီယံအဖြစ်ပါ လီဗာပူး ရေးထိုး

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ ဘက်ဆစ်တပ်ရဲ့အိမ်ကွင်းမှာကစားခဲ့တဲ့ ယခုနှစ်ဥရောပစူပါဖလားပွဲကတော့ အိပ်ရေးပျက်ရကျိုးနပ်အောင် အကြိတ်အနယ်ရှိခဲ့ပြီး အဓိကဂိုးသမား အဲလစ်ဆန်ဒဏ်ရာရနေလို့ ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ အက်ဒရီယန်က ပင်နယ်တီအဆုံးအဖြတ်မှာ သူရဲကောင်းအဖြစ် ခံယူနိုင်ခဲ့လို့ လီဗာပူးလည်း ရာသီသစ်ရဲ့ပထမဆုံးဆုဖလားကို ရယူသွားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၃၆မိနစ်မှာ ချဲလ်ဆီးအသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ဗန်ဒိုက်ရဲ့လူကျွံဘောထောင်ချောက် ဖမ်းကစားပုံမသေသပ်မှုကနေ ပူလီဆစ်ထိုးပေးတာကို ဂျီရူးက ဘယ်ခြေနဲ့ အဝေးတိုင်ထောင့်ကို အနိမ့်ဘောကန်သွင်းခဲ့တာဖြစ်ပါတယ်။
ဂျီရူးဟာ ချဲလ်ဆီးအတွက် ဥရောပပွဲ ၁၆ပွဲမှာ ၁၂ဂိုးသွင်းယူထားနိုင်ပြီး ပြည်တွင်းပွဲ ၄၉ပွဲမှာ ၇ဂိုးပဲသွင်းယူထားနိုင်တာကို ယှဉ်ကြည့်ရင် ဂျီရူးနဲ့ ဥရောပပွဲတွေ သဟဇာတပိုဖြစ်တာကို သိနိုင်ပါတယ်။
အဲဒီဂိုးမတိုင်ခင် ဂျီရူးလွတ်လွတ်ကျွတ်ကျွတ် ဂိုးသမားနဲ့တစ်ယောက်ချင်းကန်သွင်းခွင့်ရရှိခဲ့ပေမယ့် လီဗာပူးဂိုးသမား အက်ဒရီယန် ကာကွယ်ခဲ့ရသလို နောက်တစ်ကြိမ် ကိုဗာချစ် ဂိုးသမားကို ကျော်ဖြတ်ကာ ကန်သွင်းဖို့ ကြိုးစားတာလည်း အက်ဒရီယန် တားဆီးနိုင်ခဲ့ပါတယ်။
လီဗာပူးကတော့ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ကစားကွက်ပါပျက်သွားပြီး ချဲလ်ဆီးက ပူလီဆစ်ရဲ့တိုးအားတွေနဲ့အတူ လီဗာပူးခံစစ်ကို အတော်လေးဒုက္ခပေးနိုင်ခဲ့ပါတယ်။
ပထမပိုင်းမပြီးခင်မှာ ပူလီဆစ်ဂိုးဧရိယာထိပ်ကနေ ညာခြေနဲ့ လှလှပပအတွင်းဘက် ချိုးကန်တာ ဂိုးသွားပေမယ့် ဘောလုံးလက်ခံရယူချိန်မှာ လူကျွံဘောဖြစ်နေခဲ့ပြီး ဂျီရူးရဲ့ကန်ချက်တုန်းကလည်း လူကျွံအနေအထားမှာ ရှိနေခဲ့ပါတယ်။
ဒုတိယပိုင်းပြန်အစ ၃မိနစ်အကြာမှာ မာနေးက လီဗာပူးအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပွဲက ပိုမိုအကြိတ်အနယ်ရှိလာပြီး ဖွင့်တိုက်ခဲ့လို့လည်း နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေအပြန်အလှန်ရရှိခဲ့ပါတယ်။ မာနေးလည်း ၂၀၀၆ ခုနှစ်က ဘာစီလိုနာနဲ့ပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ ဆီဗီလာတိုက်စစ်မှူး ကနူတေးပြီးနောက် ယူအီးအက်ဖ်အေစူပါဖလားမှာ ဂိုးသွင်းယူနိုင်တဲ့ပထမဆုံးအာဖရိကနိုင်ငံသားဖြစ်လာပါတယ်။
ချဲလ်ဆီးမှာ ကန်တီက နည်းပြဟောင်း ဆာရီလက်ထက်တုန်းကအတိုင်း box-to-box ကွင်းလယ်လူအဖြစ် ကစားသွားပြီး လျင်လျန်မြန်မြန်နဲ့ကစားနိုင်ခဲ့လို့လည်း ချဲလ်ဆီးတိုက်စစ်ပိုကောင်းသွားတာဖြစ်ပါတယ်။
ပွဲချိန် ၇၄မိနစ်မှာ လီဗာပူးအသင်း ဦးဆောင်ဂိုးရဖို့ အကောင်းဆုံးအခွင့်အရေးဖန်တီးနိုင်ခဲ့ပြီး ဆာလာရဲ့ကန်သွင်းချက် လူထိလမ်းကြောင်းပြောင်းရောက်လာတာကို ကီပါ ပုတ်ထုတ်နိုင်ခဲ့သလို ဗန်ဒိုက်ရဲ့ထပ်ဆင့်ပိတ်သွင်းချက်ကိုလည်း ကီပါကပဲ ပုတ်ထုတ်နိုင်လိုက်တာ ဘားတန်းထိထွက်သွားခဲ့တာပါ။
ပွဲချိန် ၈၂မိနစ်မှာ လူစားဝင်ကွင်းလယ်ကစားသမား မေဆင်မောင့် ဂိုးဧရိယာအစပ်လောက်ကနေ ဘယ်ခြေနဲ့ ထောင့်ဖြတ်ဘောကန်သွင်းတာ ဂိုးသွားပေမယ့် ဘောလုံးစယူတဲ့ကွင်းလယ်ကျော်ကျော်လောက်မှာကတည်းက လူကျွံနေခဲ့တာဖြစ်လို့ ချဲလ်ဆီးအသင်းဂိုးအဖြစ် သတ်မှတ်မခံခဲ့ရပါဘူး။ မိနစ် ၉၀ပြည့်တဲ့အထိ တစ်ဖက် ၁ဂိုးစီသရေကျနေလို့ အချိန်ပိုမိနစ် ၃၀ဆက်ကစားခဲ့ရပါတယ်။
အချိန်ပိုပြန်စလို့ ၄မိနစ်အကြာမှာပဲ လီဗာပူးအသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး လူကျွံထောင်ချောက်က လွတ်သွားတဲ့ ဖာမီနို ဂိုးရှေ့အသာပြန်ချိုးပေးတာကို မာနေးက မနားတမ်းပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ဖာမီနိုရဲ့ပြေးလမ်းထဲ ချပေးလိုက်သူက မာနေးပဲ ဖြစ်ပြီး သူကပဲ အဆုံးသတ်ခဲ့တာပါ။
အချိန်ပို ၈မိနစ်မှာ ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ရဲ့ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့တဲ့ လီဗာပူးဂိုးသမား အက်ဒရီယန်ဟာ နောက်သိပ်မကြာခင် အေဘရာဟမ်ကို တားဆီးပုံကြမ်းတမ်းခဲ့လို့ ပင်နယ်တီပြစ်ဒဏ်ပေးခဲ့ရပါတယ်။ အဲဒီပင်နယ်တီကို ကွင်းလယ်လူ ဂျော်ဂျင်ညိုက အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့လို့ ချဲလ်ဆီးအသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။
ဂျောဂျင်ညိုဟာ ၂၀၀၇ ခုနှစ်က အေစီမီလန်တိုက်စစ်မှူး ဖိလစ်ပိုအင်ဇာဂီနောက်ပိုင်း ဥရောပစူပါဖလားပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ပထမဆုံးအီတလီနိုင်ငံသားဖြစ်လာပါတယ်။ ပွဲချိန် ၁၀၃ မိနစ်မှာ ချဲလ်ဆီးအသင်း အကောင်းဆုံးအခွင့်အရေးဖန်တီးနိုင်ခဲ့ပြီး ဂိုးဧရိယာထဲကနေ ပက်ဒရို အသာဖြတ်တင်ပေးတာကို အေဘရာဟမ်ပိတ်သွင်းတာ ဂိုးပေါက်နဲ့ကပ်လွဲသွားခဲ့လို့ နစ်နာခဲ့ရပါတယ်။
ပွဲချိန် ၁၁၃မိနစ်မှာ တိုက်စစ်မှူး အေဘရာဟမ် အသာပြန်ချပေးတာကို အသင့်ရှိနေတဲ့ မေဆင်မောင့်အပြင်းကန်သွင်းတာ အက်ဒရီယန်ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သလို သိပ်မကြာခင် ပက်ဒရိုရဲ့ကန်သွင်းချက်ကလည်း တိုင်ဘေးကနေ ကပ်ထွက်သွားခဲ့လို့ ချဲလ်ဆီးအသင်း နစ်နာခဲ့ရပါတယ်။
အချိန်ပိုအပြီးမှာလည်း နှစ်သင်းစလုံး ၁ဂိုးစီသွင်းယူခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ အေဘရာဟမ်ရဲ့ကန်သွင်းချက်ကို လီဗာပူးဂိုးသမား အက်ဒရီယန်ကာကွယ်နိုင်ခဲ့လို့ လီဗာပူးအသင်း စူပါဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ဖာမီနို – ဂိုး
ဂျော်ဂျင်ညို – ဂိုး
ဖာဘင်ညို – ဂိုး
ဘာကလေ – ဂိုး
အိုရီဂီ – ဂိုး
မေဆင်မောင့် – ဂိုး
အာနိုးလ် – ဂိုး
အီမာဆင် – ဂိုး
ဆာလာ – ဂိုး
အေဘရာဟမ် – ဂိုးသမားပုတ်ထုတ်