မတူညီတဲ့ ၆ ဦးဂိုးသွင်းတာ မန်ယူအတွက် ၁၂၅ နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်ခဲ့

Photo- Internet
Photo- Internet

မန်ယူက ထရန်မီးယားကို ၆ ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အသင်းအတွက်ဂိုးတွေကို မတူညီတဲ့ကစားသမား ၆ ဦးကသွင်းယူခဲ့တာဖြစ်လို့ ဒါဟာသူတို့အတွက် ၁၂၅ နှစ်အတွင်းမှာပထမဆုံးအကြိမ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲမှာမန်ယူအတွက်ဂိုးတွေကို မက်ဂွိုင်းယား၊ ဒါလော့တ်၊ လင်ဂတ်၊ ဖီးလ်ဂျုံးစ်၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ကသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ တစ်ပွဲတည်းမှာ မတူညီတဲ့ ၆ ဦးဂိုသွင်းခဲ့တဲ့နောက်ဆုံးအကြိမ်က ၁၈၉၂ အောက်တိုဘာလမှာဖြစ်ပြီး ဝုဗ်ကို ၁၀-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo- Internet

အဲဒီတုန်းက မန်ယူအသင်းအတွက်ဂိုးတွေကို ဝီလျံစတီးဝပ်၊ အဲလ်ဖရက်ဖာမန်၊ ရောဘတ်ဒေါ်နယ်လ်ဆန်၊ အဒမ်ကာဆန်၊ ဝီလျံဟုဒ်နဲ့ ဂျိမ်းစ်ဟင်ဒရီ တို့ဖြစ်ကြပါတယ်။ ဒါ့အပြင် မန်ယူဟာပထမပိုင်းမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ဒါဟာ ၁၉ နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo- Internet

မန်ယူဟာ ၂၀၀၁ ကအိုးလ်ထရက်ဖို့ဒ်မှာ အာဆင်နယ်ကို ၆-၁ နဲ့နိုင်ခဲ့တုန်းက ပထမပိုင်းမှာတင် ၅ ဂိုးသွင်းခဲ့တာဖြစ်ပြီး အဲဒီတုန်းကဂိုးသွင်းသူတွေထဲမှာ လက်ရှိနည်းပြ ဆိုးလ်ရှားလည်းပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၁ သြဂုတ်က အိုးလ်ထရက်ဖို့ဒ်မှာ အာဆင်နယ်ကို ၈-၂ နဲ့နိုင်ခဲ့ပြီးတဲ့နောက်ပိုင်း ပြိုင်ဘက်ကိုအနည်းဆုံး ၆ ဂိုးပြန်သွင်းယူနိုင်တဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။

Photo- Internet

နည်းပြဆိုးလ်ရှားကတော့ ဒီနိုင်ပွဲအတွက်ဂုဏ်ယူနေပြီး မန်ယူကိုအကောင်းဆုံးအချိန်တွေပြန်လည်ရရှိဖို့ ကြိုးစားနေရာမှာ အားလုံးရဲ့ထောက်ခံမှုကိုရရှိမယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။ ဒီပွဲမှာ မန်ယူပရိသတ်တွေဟာ ပိုင်ရှင်ဂလေဇာမိသားစုနဲ့ အမှုဆောင်အရာရှိ ဝုဒ်ဝါ့ဒ်တို့ကို ဆန့်ကျင်တဲ့အော်ဟစ်မှုတွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Photo- Internet

Zawgyi

မတူညီတ႔ဲ ၆ ဦးဂိုးသြင္းတာ မန္ယူအတြက္ ၁၂၅ ႏွစ္အတြင္းပထမဆုံးအႀကိမ္ျဖစ္ခဲ့

မန္ယူက ထရန္မီးယားကို ၆ ဂိုးျပတ္နဲ႔ႏိုင္ခဲ့တဲ႔ အက္ဖ္ေအဖလားပြဲစဥ္မွာ အသင္းအတြက္ဂိုးေတြကို မတူညီတဲ႔ကစားသမား ၆ ဦးကသြင္းယူခဲ့တာျဖစ္လို႔ ဒါဟာသူတို႔အတြက္ ၁၂၅ ႏွစ္အတြင္းမွာပထမဆုံးအႀကိမ္ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

ဒီပြဲမွာမန္ယူအတြက္ဂိုးေတြကို မက္ဂြိဳင္းယား၊ ဒါေလာ႔တ္၊ လင္ဂတ္၊ ဖီးလ္ဂ်ဳံးစ္၊ မာရွယ္နဲ႔ ဂရင္း၀ုဒ္တို႔ကသြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။ တစ္ပြဲတည္းမွာ မတူညီတဲ႔ ၆ ဦးဂိုသြင္းခဲ့တဲ႔ေနာက္ဆုံးအႀကိမ္က ၁၈၉၂ ေအာက္တိုဘာလမွာျဖစ္ၿပီး ၀ုဗ္ကို ၁၀-၁ နဲ႔အႏိုင္ရခဲ့တဲ႔ပြဲမွာ သြင္းယူခဲ့တာျဖစ္ပါတယ္။

အဲဒီတုန္းက မန္ယူအသင္းအတြက္ဂိုးေတြကို ၀ီလ်ံစတီး၀ပ္၊ အဲလ္ဖရက္ဖာမန္၊ ေရာဘတ္ေဒၚနယ္လ္ဆန္၊ အဒမ္ကာဆန္၊ ၀ီလ်ံဟုဒ္နဲ႔ ဂ်ိမ္းစ္ဟင္ဒရီ တို႔ျဖစ္ၾကပါတယ္။ ဒါ့အျပင္ မန္ယူဟာပထမပိုင္းမွာ ၅ ဂိုးသြင္းယူႏိုင္ခဲ့တဲ႔အတြက္ ဒါဟာ ၁၉ ႏွစ္အတြင္းပထမဆုံးအႀကိမ္ျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။

မန္ယူဟာ ၂၀၀၁ ကအိုးလ္ထရက္ဖို႔ဒ္မွာ အာဆင္နယ္ကို ၆-၁ နဲ႔ႏိုင္ခဲ့တုန္းက ပထမပိုင္းမွာတင္ ၅ ဂိုးသြင္းခဲ့တာျဖစ္ၿပီး အဲဒီတုန္းကဂိုးသြင္းသူေတြထဲမွာ လက္ရွိနည္းျပ ဆိုးလ္ရွားလည္းပါ၀င္ခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၁ ၾသဂုတ္က အိုးလ္ထရက္ဖို႔ဒ္မွာ အာဆင္နယ္ကို ၈-၂ နဲ႔ႏိုင္ခဲ့ၿပီးတဲ႔ေနာက္ပိုင္း ၿပိဳင္ဘက္ကိုအနည္းဆုံး ၆ ဂိုးျပန္သြင္းယူႏိုင္တဲ႔ ပြဲလည္းျဖစ္ခဲ့ပါတယ္။

နည္းျပဆိုးလ္ရွားကေတာ႔ ဒီႏိုင္ပြဲအတြက္ဂုဏ္ယူေနၿပီး မန္ယူကိုအေကာင္းဆုံးအခ်ိန္ေတြျပန္လည္ရရွိဖို႔ ႀကိဳးစားေနရာမွာ အားလုံးရဲ႕ေထာက္ခံမႈကိုရရွိမယ္လို႔ ယုံၾကည္ေၾကာင္း ေျပာသြားပါတယ္။ ဒီပြဲမွာ မန္ယူပရိသတ္ေတြဟာ ပိုင္ရွင္ဂေလဇာမိသားစုနဲ႔ အမႈေဆာင္အရာရွိ ၀ုဒ္၀ါ့ဒ္တို႔ကို ဆန္႔က်င္တဲ႔ေအာ္ဟစ္မႈေတြျပဳလုပ္ခဲ့ၾကတယ္လို႔ သိရပါတယ္။