မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ပြန်လည်ရယူဖို့ ဘစ်ဒက်ရှ်နဲ့ အရင်ဆုံးရင်ဆိုင်ရမယ့် အောင်လအန်ဆန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မြန်မာပရိသတ်တွေရဲ့ အသည်းစွဲဖြစ်သူ နာမည်ကျော် MMA ကစားသမား အောင်လအန်ဆန်ဟာ သူ လက်လွှတ်ခဲ့ရတဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့အတွက် ပြိုင်ဘက်ဟောင်း ဗစ်တာလီဘစ်ဒက်ရှ်နဲ့ အရင်ဆုံးရင်ဆိုင်ရမှာဖြစ်ပါတယ်။

စင်ကာပူအခြေစိုက် နာမည်ကြီး One Championship အဖွဲ့က လာမယ့်ဧပြီလထဲမှာ ကျင်းပမယ့်ပွဲစဉ်တွေကို ထုတ်ပြန်ကြေညာခဲ့တာမှာတော့ အောင်လအန်ဆန်နဲ့ ဘစ်ဒက်ရှ်တို့ ပြန်လည်ဆုံတွေ့မယ့်ပွဲ ပါဝင်ခဲ့ပြီး အဲဒီပွဲမှာအနိုင်ရသူက လက်ရှိ One Championship မစ်ဒယ်ဝိတ်တန်းချန်ပီယံ ဒီရိုက်ဒါကို စိန်ခေါ်ထိုးသတ်ခွင့်ရရှိမှာပါ။

အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက မစ်ဒယ်ဝိတ်ချန်ပီယံကာကွယ်ပွဲအဖြစ် ထိုးသတ်ခဲ့တဲ့ နယ်သာလန် MMA ကစားသမား ဒီရိုက်ဒါနဲ့ပွဲမှာ ပထမအချီမှာပဲ ဒီရိုက်ဒါရဲ့ချုပ်ကွက်မိပြီး ရှုံးနိမ့်ခဲ့တာကြောင့် သူ့ရဲ့ချန်ပီယံခါးပတ်ကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ အခုရင်ဆိုင်ရမယ့် ဘစ်ဒက်ရှ်ကလည်း အောင်လအန်ဆန်အတွက် ခက်ခဲတဲ့ပြိုင်ဘက်တစ်ဦးဖြစ်ပြီး သူတို့နှစ်ဦး ရင်ဆိုင်ခဲ့ဖူးတဲ့ (၂)ပွဲစလုံး အကြိတ်အနယ်ကစားခဲ့ရတာပါ။

အောင်လအန်ဆန်နဲ့ ဘစ်ဒက်ရှ်တို့ဟာ ၂၀၁၇၊ ဇန်နဝါရီလတုန်းက ဂျာကာတာမှာ မစ်ဒယ်ဝိတ်ခါးပတ်လုပွဲအဖြစ် ပထမဆုံးဆုံတွေ့ခဲ့ပြီး ဘစ်ဒက်ရှ်က အနိုင်ရခဲ့တာကြောင့် ချန်ပီယံဖြစ်ခဲ့တယ်။ ၂၀၁၇၊ ဇွန်လမှာ အောင်လအန်ဆန်က စိန်ခေါ်ပွဲအဖြစ် ဘစ်ဒက်ရှ်နဲ့ ပြန်လည်ရင်ဆိုင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ကိုယ့်မြေ၊ ကိုယ့်ပရိသတ်ရှေ့မှောက်မှာ အောင်လအန်ဆန်က ဘစ်ဒက်ရှ်ကို အနိုင်ယူ မစ်ဒယ်ဝိတ်တန်းချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

အောင်လအန်ဆန်အနေနဲ့ တစ်ကျော့ပြန် မစ်ဒယ်ဝိတ်ချန်ပီယံအိပ်မက်အတွက် ဘစ်ဒက်ရှ်ကို ကျော်ဖြတ်ဖို့လိုနေသလို ဘစ်ဒက်ရှ်ဟာလည်း အောင်လအန်ဆန်ကို ရှုံးကြွေးပြန်ဆပ်ဖို့နဲ့ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ် ပြန်လည်ရယူနိုင်ဖို့ ဆန္ဒပြင်းပြနေမှာ အမှန်ပါပဲ။

အောင်လအန်ဆန်ဟာ လတ်တလောမှာ လေ့ကျင့်ခန်းတွေပြန်စနေပြီဖြစ်ပြီး သူ့ရဲ့အကောင်းဆုံးပုံစံကို ပရိသတ်တွေ မြင်တွေ့စေရမယ်လို့ ကြွေးကြော်ထားတာကြောင့် ပြိုင်ဘက်ဟောင်းနှစ်ဦး ပြန်ရင်ဆိုင်ရမယ့်ပွဲကတော့ တကယ့်ကို အကြိတ်အနယ်ရှိဦးမှာ သေချာပါတယ်။

မြန်မာနိုင်ငံက MMA ကြိုက်နှစ်သက်တဲ့ အောင်လအန်ဆန်ပရိသတ်တွေကတော့ ဘစ်ဒက်ရှ်ကို ကျော်ဖြတ်ပြီး ဒီရိုက်ဒါနဲ့ အောင်လအန်ဆန် မကျေပွဲပြန်ထိုးခွင့်ရဖို့ မျှော်လင့်နေကြပါပြီ။ အောင်လအန်ဆန်နဲ့ ဘစ်ဒက်ရှ်တို့ပွဲဟာ လာမယ့်ဧပြီလ(၂၁)ရက်ကျရင် အမေရိကန်မှာကျင်းပသွားမှာဖြစ်လို့ ဒီကာလအတွင်းမှာ အောင်လအန်ဆန် အစွမ်းကုန်ပြင်ဆင်ပြီး ဘစ်ဒက်ရှ်နဲ့ပွဲကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်သွားနိုင်ဖို့ ကြိုးစားရမှာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မစ္ဒယ္ဝိတ္တန္း ခ်န္ပီယံဆုကို ျပန္လည္ရယူဖို႔ ဘစ္ဒက္ရွ္နဲ႔ အရင္ဆုံးရင္ဆိုင္ရမယ့္ ေအာင္လအန္ဆန္

ျမန္မာပရိသတ္ေတြရဲ႕ အသည္းစြဲျဖစ္သူ နာမည္ေက်ာ္ MMA ကစားသမား ေအာင္လအန္ဆန္ဟာ သူ လက္လႊတ္ခဲ့ရတဲ့ မစ္ဒယ္ဝိတ္တန္း ခ်န္ပီယံခါးပတ္ကို ျပန္လည္ရယူႏိုင္ဖို႔အတြက္ ၿပိဳင္ဘက္ေဟာင္း ဗစ္တာလီဘစ္ဒက္ရွ္နဲ႔ အရင္ဆုံးရင္ဆိုင္ရမွာျဖစ္ပါတယ္။ စင္ကာပူအေျခစိုက္ နာမည္ႀကီး One Championship အဖြဲ႕က လာမယ့္ဧၿပီလထဲမွာ က်င္းပမယ့္ပြဲစဥ္ေတြကို ထုတ္ျပန္ေၾကညာခဲ့တာမွာေတာ့ ေအာင္လအန္ဆန္နဲ႔ ဘစ္ဒက္ရွ္တို႔ ျပန္လည္ဆုံေတြ႕မယ့္ပြဲ ပါဝင္ခဲ့ၿပီး အဲဒီပြဲမွာအႏိုင္ရသူက လက္ရွိ One Championship မစ္ဒယ္ဝိတ္တန္းခ်န္ပီယံ ဒီ႐ိုက္ဒါကို စိန္ေခၚထိုးသတ္ခြင့္ရရွိမွာပါ။ ေအာင္လအန္ဆန္ဟာ ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလတုန္းက မစ္ဒယ္ဝိတ္ခ်န္ပီယံကာကြယ္ပြဲအျဖစ္ ထိုးသတ္ခဲ့တဲ့ နယ္သာလန္ MMA ကစားသမား ဒီ႐ိုက္ဒါနဲ႔ပြဲမွာ ပထမအခ်ီမွာပဲ ဒီ႐ိုက္ဒါရဲ႕ခ်ဳပ္ကြက္မိၿပီး ရႈံးနိမ့္ခဲ့တာေၾကာင့္ သူ႔ရဲ႕ခ်န္ပီယံခါးပတ္ကို ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။

အခုရင္ဆိုင္ရမယ့္ ဘစ္ဒက္ရွ္ကလည္း ေအာင္လအန္ဆန္အတြက္ ခက္ခဲတဲ့ၿပိဳင္ဘက္တစ္ဦးျဖစ္ၿပီး သူတို႔ႏွစ္ဦး ရင္ဆိုင္ခဲ့ဖူးတဲ့ (၂)ပြဲစလုံး အႀကိတ္အနယ္ကစားခဲ့ရတာပါ။ ေအာင္လအန္ဆန္နဲ႔ ဘစ္ဒက္ရွ္တို႔ဟာ ၂၀၁၇၊ ဇန္နဝါရီလတုန္းက ဂ်ာကာတာမွာ မစ္ဒယ္ဝိတ္ခါးပတ္လုပြဲအျဖစ္ ပထမဆုံးဆုံေတြ႕ခဲ့ၿပီး ဘစ္ဒက္ရွ္က အႏိုင္ရခဲ့တာေၾကာင့္ ခ်န္ပီယံျဖစ္ခဲ့တယ္။ ၂၀၁၇၊ ဇြန္လမွာ ေအာင္လအန္ဆန္က စိန္ေခၚပြဲအျဖစ္ ဘစ္ဒက္ရွ္နဲ႔ ျပန္လည္ရင္ဆိုင္ခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ကိုယ့္ေျမ၊ ကိုယ့္ပရိသတ္ေရွ႕ေမွာက္မွာ ေအာင္လအန္ဆန္က ဘစ္ဒက္ရွ္ကို အႏိုင္ယူ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။ ေအာင္လအန္ဆန္အေနနဲ႔ တစ္ေက်ာ့ျပန္ မစ္ဒယ္ဝိတ္ခ်န္ပီယံအိပ္မက္အတြက္ ဘစ္ဒက္ရွ္ကို ေက်ာ္ျဖတ္ဖို႔လိုေနသလို ဘစ္ဒက္ရွ္ဟာလည္း ေအာင္လအန္ဆန္ကို ရႈံးေႂကြးျပန္ဆပ္ဖို႔နဲ႔ မစ္ဒယ္ဝိတ္ခ်န္ပီယံခါးပတ္ ျပန္လည္ရယူႏိုင္ဖို႔ ဆႏၵျပင္းျပေနမွာ အမွန္ပါပဲ။ ေအာင္လအန္ဆန္ဟာ လတ္တေလာမွာ ေလ့က်င့္ခန္းေတြျပန္စေနၿပီျဖစ္ၿပီး သူ႔ရဲ႕အေကာင္းဆုံးပုံစံကို ပရိသတ္ေတြ ျမင္ေတြ႕ေစရမယ္လို႔ ေႂကြးေၾကာ္ထားတာေၾကာင့္ ၿပိဳင္ဘက္ေဟာင္းႏွစ္ဦး ျပန္ရင္ဆိုင္ရမယ့္ပြဲကေတာ့ တကယ့္ကို အႀကိတ္အနယ္ရွိဦးမွာ ေသခ်ာပါတယ္။

ျမန္မာႏိုင္ငံက MMA ႀကိဳက္ႏွစ္သက္တဲ့ ေအာင္လအန္ဆန္ပရိသတ္ေတြကေတာ့ ဘစ္ဒက္ရွ္ကို ေက်ာ္ျဖတ္ၿပီး ဒီ႐ိုက္ဒါနဲ႔ ေအာင္လအန္ဆန္ မေက်ပြဲျပန္ထိုးခြင့္ရဖို႔ ေမွ်ာ္လင့္ေနၾကပါၿပီ။ ေအာင္လအန္ဆန္နဲ႔ ဘစ္ဒက္ရွ္တို႔ပြဲဟာ လာမယ့္ဧၿပီလ(၂၁)ရက္က်ရင္ အေမရိကန္မွာက်င္းပသြားမွာျဖစ္လို႔ ဒီကာလအတြင္းမွာ ေအာင္လအန္ဆန္ အစြမ္းကုန္ျပင္ဆင္ၿပီး ဘစ္ဒက္ရွ္နဲ႔ပြဲကို အေကာင္းဆုံး ရင္ဆိုင္ေက်ာ္ျဖတ္သြားႏိုင္ဖို႔ ႀကိဳးစားရမွာလည္းျဖစ္ပါတယ္။