မစ္စတာချဲလ်ဆီးလို့မမြင်ကြဖို့ စပါးပရိသတ်တွေကို မော်ရင်ညိုတောင်းဆို

PC ; Internet

စပါးအသင်းဟာ သူ့ရဲ့ပရီးမီးယားလိဂ်ပြည်တော်ပြန်ခရီးမှာ တစ်ခုတည်းသောရွေးချယ်စရာအသင်းဖြစ်ခဲ့တယ်လို့ နည်းပြသစ်မော်ရင်ညိုက ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ဒါ့အပြင် ပရိသတ်တွေအနေနဲ့ သူ့ကို မစ္စတာချဲလ်ဆီးလို့ မမြင်ဘဲ အသွင်သစ်တွေဖန်ဆင်းပေးမယ့်သူတစ်ဦးလို့သာ ယူဆစေချင်တယ်လို့လည်း တောင်းဆိုသွားခဲ့ပါတယ်။ပေါ်တူဂီသားနည်းပြဟာ ချဲလ်ဆီးကိုတာဝန်ယူတဲ့ ကာလ ၂ကြိမ်လုံးမှာ အောင်မြင်မှုတွေရရှိခဲ့ဖူးပါတယ်။

PC ; Internet

ချဲလ်ဆီးအသင်းရဲ့အောင်မြင်မှုအရှိဆုံးနည်းပြတစ်ဦးအဖြစ် ပရီးမီးယားလိဂ်ဖလား ၃လုံးရယူပေးခဲ့တဲ့ အသက် ၅၆နှစ်အရွယ် မော်ရင်ညိုကိုသတ်မှတ်ထားကြပါတယ်။ဒါပေမဲ့ စပါယ်ရှယ်ဝမ်းကတော့ “ ကျွန်တော့်ကို မစ္စတာအင်တာ၊မစ္စတာရီးရဲလ်၊မစ္စတာပေါ်တိုလို့ သူတို့မြင်နေကြတယ်ထင်ပါတယ်။ကျွန်တော်ဟာ ကလပ်တွေနဲ့ရှင်သန်နေသူတစ်ဦးပါ။ဒါပေမဲ့ တစ်သင်းတည်းနဲ့မဟုတ်ပါဘူး။ကလပ်အများကြီးနဲ့လူသားပါ။

PC ; Internet

ပရီးမီးယားလိဂ်ဟာ ကျွန်တော့်ရဲ့ဘူမိနက်သန်ဆိုတာ အမြဲတမ်းပြောခဲ့ဖူးပါတယ်။ဒီနေရာမှာ ကျွန်တော်အပျော်ဆုံးပါပဲ။ဒီနိုင်ငံမှာ နှစ်တွေအများကြီးနေမယ်လို့ ခင်ဗျားဆုံးဖြတ်ပြီဆိုရင် ဆာအဲလက်စ်နဲ့မစ္စတာဝင်းဂါးကို သတိရလိုက်ပါ။မစ္စတာဝင်းဂါးဟာ ကြီးမားတဲ့နယ်ပယ်မှာရှင်သန်ခဲ့တဲ့ နောက်ဆုံးမျိုးဆက်လို့ ကျွန်တော်ထင်ပါတယ်။ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ ကျွန်တော့်မှာအကျီၤတစ်ထည်ပဲရှိပါတယ်။

PC ; Internet

ဆန္ဒပြင်းပြမှုလည်း တစ်ခုပဲရှိပါတယ်။ကျွန်တော့်စိတ်ထဲမှာ စပါးတစ်သင်းပဲရှိပါတယ်။ကျွန်တော်ဟာ ပေါ်တိုနဲ့ချန်ပီယံလိဂ်ဖလားရခဲ့ဖူးတယ်။နောက် ၃လအကြာမှာ သူတို့နဲ့ကျွန်တော်ပြန်လည်ရင်ဆိုင်ခဲ့ရတယ်။ဒါ…ဘဝပါပဲ။ကျွန်တော်ဟာ ချဲလ်ဆီးမဟုတ်ပါဘူး၊မန်ယူမဟုတ်ပါဘူး၊ရီးရဲလ်မဟုတ်သလို အင်တာလည်းမဟုတ်ပါဘူး။ကျွန်တော်ဟာ သူတို့အားလုံးဖြစ်ခဲ့သလို တတ်စွမ်းနိုင်သမျှအားလုံးလည်းပေးဆပ်ခဲ့ပါတယ်။အဲဒီလိုပဲ ဒီနေရာမှာ အားလုံးပေးဆပ်သွားမှာပါ ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

(zawgyi)

စပါးအသင္းဟာ သူ႔ရဲ႕ပရီးမီးယားလိဂ္ျပည္ေတာ္ျပန္ခရီးမွာ တစ္ခုတည္းေသာေရြးခ်ယ္စရာအသင္းျဖစ္ခဲ့တယ္လို႔ နည္းျပသစ္ေမာ္ရင္ညိဳက ပထမဆံုးအႀကိမ္သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုလိုက္ပါတယ္။ဒါ့အျပင္ ပရိသတ္ေတြအေနနဲ႔ သူ႔ကို မစၥတာခ်ဲလ္ဆီးလို႔ မျမင္ဘဲ အသြင္သစ္ေတြဖန္ဆင္းေပးမယ့္သူတစ္ဦးလုိ႔သာ ယူဆေစခ်င္တယ္လို႔လည္း ေတာင္းဆိုသြားခဲ့ပါတယ္။ေပၚတူဂီသားနည္းျပဟာ ခ်ဲလ္ဆီးကိုတာ၀န္ယူတဲ့ ကာလ ၂ႀကိမ္လံုးမွာ ေအာင္ျမင္မႈေတြရရွိခဲ့ဖူးပါတယ္။ခ်ဲလ္ဆီးအသင္းရဲ႕ေအာင္ျမင္မႈအရွိဆံုးနည္းျပတစ္ဦးအျဖစ္ ပရီးမီးယားလိဂ္ဖလား ၃လံုးရယူေပးခဲ့တဲ့ အသက္ ၅၆ႏွစ္အရြယ္ ေမာ္ရင္ညိဳကိုသတ္မွတ္ထားၾကပါတယ္။ဒါေပမဲ့ စပါယ္ရွယ္၀မ္းကေတာ့ “ ကၽြန္ေတာ့္ကို မစၥတာအင္တာ၊မစၥတာရီးရဲလ္၊မစၥတာေပၚတိုလို႔ သူတို႔ျမင္ေနၾကတယ္ထင္ပါတယ္။ကၽြန္ေတာ္ဟာ ကလပ္ေတြနဲ႔ရွင္သန္ေနသူတစ္ဦးပါ။ဒါေပမဲ့ တစ္သင္းတည္းနဲ႔မဟုတ္ပါဘူး။ကလပ္အမ်ားႀကီးနဲ႔လူသားပါ။ပရီးမီးယားလိဂ္ဟာ ကၽြန္ေတာ့္ရဲ႕ဘူမိနက္သန္ဆိုတာ အၿမဲတမ္းေျပာခဲ့ဖူးပါတယ္။ဒီေနရာမွာ ကၽြန္ေတာ္အေပ်ာ္ဆံုးပါပဲ။ဒီႏိုင္ငံမွာ ႏွစ္ေတြအမ်ားႀကီးေနမယ္လို႔ ခင္ဗ်ားဆံုးျဖတ္ၿပီဆိုရင္ ဆာအဲလက္စ္နဲ႔မစၥတာ၀င္းဂါးကို သတိရလိုက္ပါ။မစၥတာ၀င္းဂါးဟာ ႀကီးမားတဲ့နယ္ပယ္မွာရွင္သန္ခဲ့တဲ့ ေနာက္ဆံုးမ်ိဳးဆက္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ဘာပဲျဖစ္ျဖစ္ လက္ရွိအခ်ိန္မွာ ကၽြန္ေတာ့္မွာအက်ီၤတစ္ထည္ပဲရွိပါတယ္။ဆႏၵျပင္းျပမႈလည္း တစ္ခုပဲရွိပါတယ္။ကၽြန္ေတာ့္စိတ္ထဲမွာ စပါးတစ္သင္းပဲရွိပါတယ္။ကၽြန္ေတာ္ဟာ ေပၚတိုနဲ႔ခ်န္ပီယံလိဂ္ဖလားရခဲ့ဖူးတယ္။ေနာက္ ၃လအၾကာမွာ သူတို႔နဲ႔ကၽြန္ေတာ္ျပန္လည္ရင္ဆိုင္ခဲ့ရတယ္။ဒါ…ဘ၀ပါပဲ။ကၽြန္ေတာ္ဟာ ခ်ဲလ္ဆီးမဟုတ္ပါဘူး၊မန္ယူမဟုတ္ပါဘူး၊ရီးရဲလ္မဟုတ္သလို အင္တာလည္းမဟုတ္ပါဘူး။ကၽြန္ေတာ္ဟာ သူတို႔အားလံုးျဖစ္ခဲ့သလို တတ္စြမ္းႏိုင္သမွ်အားလံုးလည္းေပးဆပ္ခဲ့ပါတယ္။အဲဒီလိုပဲ ဒီေနရာမွာ အားလံုးေပးဆပ္သြားမွာပါ ” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။