မက်ဒီဆင်ကို ပေါင် ၄၅သန်း+လင်ဂတ်နဲ့ ကမ်းလှမ်းမယ်ဆိုတဲ့သတင်းက ယူနိုက်တက်ပရိသတ်တွေကို အူတက်မတတ်ရယ်စရာဖြစ်စေခဲ့

Photo Credit

Photo Credit

ယူနိုက်တက်အသင်းက ကွင်းလယ်ကြယ်ပွင့် မက်ဒီဆင်ကို လက်စတာအသင်း ရောင်းချလာစေရေးအတွက် ဆွဲဆောင်တဲ့အနေနဲ့ ငွေသား ပေါင် ၄၅သန်းအပြင် ကွင်းလယ်လူ လင်ဂတ်ကိုပါ အလိုက်ပေးကမ်းလှမ်းထားတယ်ဆိုတဲ့သတင်းတွေအပေါ် ယူနိုက်တက်ပရိသတ်တွေက တကယ့်ဟာသသတင်းတစ်ပုဒ်ဖတ်ရသလို တုံ့ပြန်သွားပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ဒီဈေးကွက်အတွင်း ကွင်းလယ်ပိုင်းအင်အားဖြည့်တင်းဖို့ ကြိုးစားနေပြီး မက်ဒီဆင်က အဓိကပစ်မှတ်တစ်ခုဖြစ်နေပါတယ်။ ပေါ့ဂ်ဘာနဲ့ မက်တိုမီနေးတု့ိ နားနေရချိန်မှာ ကွင်းလယ်ပိုင်းအားနည်းသွားလို့ ဆိုးလ်ရှားက အဲဒီနေရာအတွက် လူအင်အားဖြည့်တင်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ဝုဗ်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ဖရက်ဒ်ကို အနားပေးပြီး မာတစ်၊ ပါရဲရားနဲ့ မာတာတို့ကို အသုံးပြုခဲ့ပေမယ့် ယူနိုက်တက်ကတော့ တစ်ပွဲလုံး ဂိုးပေါက်တည့်မှု တစ်ကြိမ်မှမရှိခဲ့တဲ့အထိ အခြေအနေဆိုးရွားခဲ့ပါတယ်။

Photo Credit

ဆိုးလ်ရှားက ယခုလအတွင်း ကစားသမားသစ်တွေခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဖွင့်ဟထားပြီး လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာကလည်း အသင်းအနေနဲ့ ကြယ်ပွင့်တွေကို ရောင်းချဖို့ စိတ်မဝင်စားကြောင်း အခိုင်အမာပြောကြားထားပါတယ်။

Photo Credit

ဒါပေမဲ့ Mirror သတင်းစာရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ မက်ဒီဆင်ကို လက်စတာအသင်း ထုတ်ရောင်းချင်လာအောင် ကြိုးစားတဲ့အနေနဲ့ ငွေသား ပေါင် ၄၅သန်းအပြင် လင်ဂတ်ကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ အသင့်ရှိနေကြောင်း သိရပြီး ယူနိုက်တက်က လင်ဂတ်ရဲ့တန်ဖိုးကို ပေါင်သန်း ၄၀ သတ်မှတ်ထားလို့ မက်ဒီဆင်ကို ပေါင် ၈၅သန်းနဲ့ ကမ်းလှမ်းမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit

ဒါပေမဲ့ ယူနိုက်တက်ပရိသတ်တွေကိုယ်တိုင်က လင်ဂတ်အပေါ် ယူနိုက်တက်အသင်း သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးအပေါ် သဘောမတူခဲ့ပါဘူး။ ”ပေါင် ၄၅သန်းရယ် starburst သကြားလုံးတစ်ထုပ်နဲ့ပဲ ကမ်းလှမ်းလိုက်သလိုပါပဲ”

Photo Credit

”မက်ဒီဆင်အတွက် ပေါင် ၄၅သန်းနဲ့ပဲ ကမ်းလှမ်းတာမဟုတ်လား”။ ”လက်စတာကတော့ ဒီကမ်းလှမ်းမှုကို ပေါင် ၄၅သန်းပဲလို့ သတ်မှတ်လိုက်ပါတယ်”။ ”လက်စတာကတော့ ပေါင် ၄၅သန်းပဲ လက်ခံရရှိမှာ မြင်ယောင်နေသေးတယ်”။

Photo Credit

”လက်စတာကတော့ သူတို့ ပေါင် ၄၅သန်းပဲ ယူလို့မရဘူးလားလို့ ယူနိုက်တက်ကို ပြန်တောင်းပန်လိမ့်မယ်”လို့ ယူနိုက်တက်ပရိသတ်တွေက လူမှုမီဒီယာမှာ သူတို့ရဲ့ထင်မြင်ချက်တွေကို အသီးသီးရေးသားခဲ့ကြပါတယ်။

Photo Credit

Zawgyi

မက္ဒီဆင္ကို ေပါင္ ၄၅သန္း+လင္ဂတ္နဲ႔ ကမ္းလွမ္းမယ္ဆုိတဲ့သတင္းက ယူႏုိက္တက္ပရိသတ္ေတြကို အူတက္မတတ္ရယ္စရာျဖစ္ေစခဲ့

ယူႏုိက္တက္အသင္းက ကြင္းလယ္ၾကယ္ပြင့္ မက္ဒီဆင္ကို လက္စတာအသင္း ေရာင္းခ်လာေစေရးအတြက္ ဆြဲေဆာင္တဲ့အေနနဲ႔ ေငြသား ေပါင္ ၄၅သန္းအျပင္ ကြင္းလယ္လူ လင္ဂတ္ကိုပါ အလုိက္ေပးကမ္းလွမ္းထားတယ္ဆုိတဲ့သတင္းေတြအေပၚ ယူႏုိက္တက္ပရိသတ္ေတြက တကယ့္ဟာသသတင္းတစ္ပုဒ္ဖတ္ရသလုိ တံု႔ျပန္သြားပါတယ္။
ယူႏုိက္တက္ဟာ ဒီေစ်းကြက္အတြင္း ကြင္းလယ္ပုိင္းအင္အားျဖည့္တင္းဖို႔ ႀကိဳးစားေနၿပီး မက္ဒီဆင္က အဓိကပစ္မွတ္တစ္ခုျဖစ္ေနပါတယ္။ ေပါ့ဂ္ဘာနဲ႔ မက္တိုမီေနးတု႔ိ နားေနရခ်ိန္မွာ ကြင္းလယ္ပိုင္းအားနည္းသြားလုိ႔ ဆုိးလ္ရွားက အဲဒီေနရာအတြက္ လူအင္အားျဖည့္တင္းဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ ၀ုဗ္နဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာ ဖရက္ဒ္ကို အနားေပးၿပီး မာတစ္၊ ပါရဲရားနဲ႔ မာတာတုိ႔ကို အသုံးျပဳခဲ့ေပမယ့္ ယူႏုိက္တက္ကေတာ့ တစ္ပြဲလုံး ဂိုးေပါက္တည့္မႈ တစ္ႀကိမ္မွမရွိခဲ့တဲ့အထိ အေျခအေနဆိုးရြားခဲ့ပါတယ္။
ဆုိးလ္ရွားက ယခုလအတြင္း ကစားသမားသစ္ေတြေခၚယူႏိုင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ထားေၾကာင္း ဖြင့္ဟထားၿပီး လက္စတာအသင္းနည္းျပ ဘရန္ဒန္ေရာ္ဂ်ာကလည္း အသင္းအေနနဲ႔ ၾကယ္ပြင့္ေတြကို ေရာင္းခ်ဖို႔ စိတ္မ၀င္စားေၾကာင္း အခိုင္အမာေျပာၾကားထားပါတယ္။
ဒါေပမဲ့ Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ မက္ဒီဆင္ကို လက္စတာအသင္း ထုတ္ေရာင္းခ်င္လာေအာင္ ႀကိဳးစားတဲ့အေနနဲ႔ ေငြသား ေပါင္ ၄၅သန္းအျပင္ လင္ဂတ္ကိုပါ အလုိက္ေပးကမ္းလွမ္းဖို႔ အသင့္ရွိေနေၾကာင္း သိရၿပီး ယူႏုိက္တက္က လင္ဂတ္ရဲ႕တန္ဖုိးကို ေပါင္သန္း ၄၀ သတ္မွတ္ထားလုိ႔ မက္ဒီဆင္ကို ေပါင္ ၈၅သန္းနဲ႔ ကမ္းလွမ္းမွာျဖစ္တယ္လုိ႔ သိရပါတယ္။
ဒါေပမဲ့ ယူႏုိက္တက္ပရိသတ္ေတြကိုယ္တိုင္က လင္ဂတ္အေပၚ ယူႏုိက္တက္အသင္း သတ္မွတ္ထားတဲ့ေျပာင္းေရႊ႕ေၾကးအေပၚ သေဘာမတူခဲ့ပါဘူး။ ”ေပါင္ ၄၅သန္းရယ္ starburst သၾကားလုံးတစ္ထုပ္နဲ႔ပဲ ကမ္းလွမ္းလုိက္သလုိပါပဲ”
”မက္ဒီဆင္အတြက္ ေပါင္ ၄၅သန္းနဲ႔ပဲ ကမ္းလွမ္းတာမဟုတ္လား”။ ”လက္စတာကေတာ့ ဒီကမ္းလွမ္းမႈကို ေပါင္ ၄၅သန္းပဲလုိ႔ သတ္မွတ္လုိက္ပါတယ္”။ ”လက္စတာကေတာ့ ေပါင္ ၄၅သန္းပဲ လက္ခံရရွိမွာ ျမင္ေယာင္ေနေသးတယ္”။
”လက္စတာကေတာ့ သူတုိ႔ ေပါင္ ၄၅သန္းပဲ ယူလုိ႔မရဘူးလားလုိ႔ ယူႏုိက္တက္ကို ျပန္ေတာင္းပန္လိမ့္မယ္”လုိ႔ ယူႏုိက္တက္ပရိသတ္ေတြက လူမႈမီဒီယာမွာ သူတုိ႔ရဲ႕ထင္ျမင္ခ်က္ေတြကို အသီးသီးေရးသားခဲ့ၾကပါတယ္။