မက်ဒရစ်မြို့ကို စွန့်ခွာဖို့ နီးစပ်လာတဲ့ ဆာဂျီယို ရာမို့စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲမက်ဒရစ် အသင်း ဥက္ကဌ ဖလော်ရင်တီနို ပီရက်စ်က ပိုကောင်းတဲ့ ကမ်းလှမ်းမှု လက်ခံရရှိပါက အသင်းကနေ စွန့်ခွာနိုင်ကြောင်း ဆာဂျီယို ရာမို့စ်ကို ပြောကြားခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ ယခုနွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရာမို့စ်ရဲ့ အနာဂတ်က မက်ဒရစ်မြို့မှာ လူပြောအများဆုံး အကြောင်းအရာ တစ်ခုဖြစ်နေပါတယ်။

အသင်းနှင့် ကစားသမားတို့ကြား နောက်ဆုံးတွေ့ဆုံမှုမှာလည်း သဘောတူညီမှု တစ်စုံတစ်ရာ ရယူနိုင်ခြင်း မရှိခဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းက ရာမို့စ်တောင်းဆိုနေတဲ့ ( ၂ ) ရာသီ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် လက်ရှိ လစာရဲ့ ( ၁၀ ) ရာခိုင်နှုန်း လျော့ယူရမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကြောင့် စီးပွားရေးရိုက်ခတ်မှုတွေ ရှိခဲ့တဲ့ ရီးရဲမက်ဒရစ်အနေနဲ့ ကစားသမားတွေရဲ့ လစာကို လျော့ချဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

El Paris သတင်းစာရဲ့ အဆိုအရ ရာမို့စ်က သူ့အနေနဲ့ ပီအက်စ်ဂျီအသင်းထံမှ ယူရို ( ၁၇.၆ ) သန်းတန် ကမ်းလှမ်းမှု လက်ခံရရှိထားကြောင်း ပီရက်စ်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စပိန်လက်ရေွးစင်အနေနဲ့ လက်ရှိ ဘာနေဗျူးမှာ တစ်နှစ်လုပ်ခ ယူရို ( ၁၇.၆ ) သန်း ရရှိနေပါတယ်။

ဒါပေမယ့် သတင်းအရင်း အမြစ်တစ်ခုအရ ပီရက်စ်က ပီအက်စ်ဂျီ ဥက္ကဌ Nasser Al-Khelaifi ကို ဖုန်းဆက်မေးမြန်းခဲ့ရာ အဆိုပါကမ်းလှမ်းမှုဟာ မှန်ကန်ခြင်းမရှိကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီ ဥက္ကဌက “ အဲ့ဒါက မမှန်ကန်ပါဘူး။ ယူရို သန်း ( ၂၀ ) လား … ဒါက အမ်ဘာပေ ရရှိနေတာထက် ပိုများပါတယ်။ ဒါက မိုက်ရူးရဲ ဆန်တာပါပဲ။ လူတွေက ပီအက်စ်ဂျီကို အသုံးချနေကြပါတယ်” လို့ သူနဲ့ နီးစပ်တဲ့ သတင်းစာတစ်ခုကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုကလည်း ရာမို့စ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ထုတ်ဖော်ပြောဆိုထားပါတယ်။ “ ပီအက်စ်ဂျီမှာ တစ်လတာ တာဝန်ထမ်းဆောင်ပြီးနောက် ကျွန်တော့်အနေနဲ့ ခေါင်းဆောင်မှု စွမ်းရည်ပြည့်ဝတဲ့ ကစားသမားတွေကို ရှာဖွေနေပါတယ်။”

“ လာမယ့် လတွေ အတွင်းမှာ ဘာဖြစ်ပျက်မယ်ဆိုတာ စောင့်ကြည့်ရပါမယ်။ ဒီနေရာမှာ ရာမို့စ်က အနိုင်ရလိုစိတ် ပြင်းထန်တဲ့ ကစားသမားပါ။ ပီအက်စ်ဂျီကလည်း ကမ္ဘာပေါ်မှာ အခမ်းနားဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဒရစ္ၿမိဳ႕ကို စြန႔္ခြာဖို႔ နီးစပ္လာတဲ့ ဆာဂ်ီယို ရာမို႔စ္

ရီးရဲမက္ဒရစ္ အသင္း ဥကၠဌ ဖေလာ္ရင္တီႏို ပီရက္စ္က ပိုေကာင္းတဲ့ ကမ္းလွမ္းမႈ လက္ခံရရွိပါက အသင္းကေန စြန႔္ခြာႏိုင္ေၾကာင္း ဆာဂ်ီယို ရာမို႔စ္ကို ေျပာၾကားခဲ့တယ္လို႔ သတင္းအရင္းအျမစ္ေတြအရ သိရပါတယ္။ ယခုေႏြရာသီမွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ရာမို႔စ္ရဲ႕ အနာဂတ္က မက္ဒရစ္ၿမိဳ႕မွာ လူေျပာအမ်ားဆုံး အေၾကာင္းအရာ တစ္ခုျဖစ္ေနပါတယ္။ အသင္း ႏွင့္ ကစားသမားတို႔ၾကား ေနာက္ဆုံးေတြ႕ဆုံမႈမွာလည္း သေဘာတူညီမႈ တစ္စုံတစ္ရာ ရယူႏိုင္ျခင္း မရွိခဲ့ပဲ ၿပီးဆုံးခဲ့ပါတယ္။ ရီးရဲမက္ဒရစ္အသင္းက ရာမို႔စ္ေတာင္းဆိုေနတဲ့ ( ၂ ) ရာသီ စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ လက္ရွိ လစာရဲ႕ ( ၁၀ ) ရာခိုင္ႏႈန္း ေလ်ာ့ယူရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ကို႐ိုနာဗိုင္းရပ္ ကပ္ေရာဂါေၾကာင့္ စီးပြားေရး႐ိုက္ခတ္မႈေတြ ရွိခဲ့တဲ့ ရီးရဲမက္ဒရစ္အေနနဲ႔ ကစားသမားေတြရဲ႕ လစာကို ေလ်ာ့ခ်ဖို႔ ဆႏၵရွိေနတာ ျဖစ္ပါတယ္။

သတင္းစာရဲ႕ အဆိုအရ ရာမို႔စ္က သူ႔အေနနဲ႔ ပီအက္စ္ဂ်ီအသင္းထံမွ ယူ႐ို ( ၁၇.၆ ) သန္းတန္ ကမ္းလွမ္းမႈ လက္ခံရရွိထားေၾကာင္း ပီရက္စ္ကို ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ စပိန္လက္ေရြးစင္အေနနဲ႔ လက္ရွိ ဘာေနဗ်ဴးမွာ တစ္ႏွစ္လုပ္ခ ယူ႐ို ( ၁၇.၆ ) သန္း ရရွိေနပါတယ္ ။

ဒါေပမယ့္ သတင္းအရင္း အျမစ္တစ္ခုအရ ပီရက္စ္က ပီအက္စ္ဂ်ီ ဥကၠဌ Nasser Al-Khelaifi ကို ဖုန္းဆက္ေမးျမန္းခဲ့ရာ အဆိုပါကမ္းလွမ္းမႈဟာ မွန္ကန္ျခင္းမရွိေၾကာင္း ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီ ဥကၠဌက “ အဲ့ဒါက မမွန္ကန္ပါဘူး။ ယူ႐ို သန္း ( ၂၀ ) လား … ဒါက အမ္ဘာေပ ရရွိေနတာထက္ ပိုမ်ားပါတယ္ ။ ဒါက မိုက္႐ူးရဲ ဆန္တာပါပဲ ။ လူေတြက ပီအက္စ္ဂ်ီကို အသုံးခ်ေနၾကပါတယ္ ။” လို႔ သူနဲ႔ နီးစပ္တဲ့ သတင္းစာတစ္ခုကို ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္ ။

ပီအက္စ္ဂ်ီ နည္းျပ ပိုခ်က္တီႏိုကလည္း ရာမို႔စ္နဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ အျမင္ကို ထုတ္ေဖာ္ေျပာဆိုထားပါတယ္။ “ ပီအက္စ္ဂ်ီမွာ တစ္လတာ တာဝန္ထမ္းေဆာင္ၿပီးေနာက္ ကြၽန္ေတာ့္အေနနဲ႔ ေခါင္းေဆာင္မႈ စြမ္းရည္ျပည့္ဝတဲ့ ကစားသမားေတြကို ရွာေဖြေနပါတယ္။” “ လာမယ့္ လေတြ အတြင္းမွာ ဘာျဖစ္ပ်က္မယ္ဆိုတာ ေစာင့္ၾကည့္ရပါမယ္ ။ ဒီေနရာမွာ ရာမို႔စ္က အႏိုင္ရလိုစိတ္ ျပင္းထန္တဲ့ ကစားသမားပါ။ ပီအက္စ္ဂ်ီကလည္း ကမာၻေပၚမွာ အခမ္းနားဆုံး အသင္းေတြထဲက တစ္သင္းျဖစ္ပါတယ္။”