
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာစီလိုနာအသင်းဟာ PSG အသင်း အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာမျှခြေစည်းမျဉ်း(FFP)ကြောင့် အသင်းခေါင်းဆောင်ဟောင်း မက်ဆီကို ခေါ်ယူလို့မရနိုင်ကြောင်း စွပ်စွဲလိုက်ပါတယ်။
ဘာစီလိုနာ အသင်းရဲ့ ရှေ့နေ အဖွဲ့ဟာ ပြင်သစ် ကလပ် က မက်ဆီ ကို ခေါ်ယူပြီး မြင့်မားတဲ့ လုပ်ခ လစာ ပေးချေကာ ၃ နှစ် ( ၂ နှစ် + ၁ နှစ် ) စာချုပ် ချုပ်ဆိုမယ့် အစီအစဉ်ကို လုံး၀ လက်မခံနိုင်ဘဲ
ဒါဟာ UEFA ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေ နဲ့ ကိုက်ညီမှု မရှိနိုင်ဘူးလို့ သုံးသပ်ကာ ဥရောပ ခုံရုံးထံ စာရေးသား ပေးပို့ ခဲ့တယ်လို့ သိရပါတယ်။
မက်ဆီဟာ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တစ်ဘဝလုံးကစားလာတဲ့ ဘာစီလိုနာကနေ ထွက်ခွာလာပြီလို့ အတည်ပြုခဲ့ပြီး ယခုအခါ ပီအက်စ်ဂျီကို ရောက်ဖို့ အလွန်နီးစပ်နေပါတယ်။
ဘာစီလိုနာ အသင်းက ငှားရမ်းထားတဲ့ ရှေ့နေ အဖွဲ့ ခေါင်းဆောင် ဟွမ်ဘရန်ကို ဟာ တွစ်တာ ပေါ်မှာ မက်ဆီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ရေးသား ခဲ့ပြီး PSG ရဲ့ လုပ်ခ နဲ့
ဝင်ငွေ မညီမျှမှု အချိုးအစားဟာ ဘာစီလိုနာ ထက်ပိုမို ဆိုးရွားနေပြီး ဒီလို အသင်းမျိုးက မက်ဆီ ကို ခေါ်ယူဖို့ ဆိုတာ ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိကြောင်း ရေးသားခဲ့ပါတယ်။
”မက်ဆီကို PSG အသင်း ခေါ်ယူမှုကနေ တားဆီးဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ FFP အတွက် PSG ရဲ့အချိုးက ဘာစီလိုနာထက်တောင် ပိုဆိုးနေပါတယ်။ ၂၀၁၉-၂၀ ရာသီမှာ PSG ရဲ့ လစာပေးချေမှုနဲ့ ဝင်ငွေအချိုးက ၉၉%ရှိပြီး ဘာစီလိုနာကတော့ ၅၄ %ပဲရှိပါတယ်”
“FFP စည်းမျဉ်းတွေဟာ ဥရောပက ကလပ် အားလုံးအပေါ် ညီတူညီမျှ သက်ရောက်နေရပါမယ်။ ဒါကြောင့် မက်ဆီ ကို ခေါ်ယူမယ့် ကိစ္စကို တားဆီးဖို့ ကျွန်တော်တို့ တိုက်တွန်း ရတာပါပဲ” လို့ ဘရန်ကိုက တရားရုံးထံ ပေးပို့ ထားတဲ့ စာ ကို ဖော်ပြရင်း ရေးသား ပြောဆို သွားခဲ့ ပါတယ်။
ဘာစီလိုနာ ဟာ ကိုရိုနာ ကာလ အတွင်း ဝင်ငွေ များစွာ လျော့ကျ ခဲ့ပြီး မြင့်မားတဲ့ လုပ်ခ လစာတွေကြောင့် လာလီဂါ ရဲ့ လုပ်ခလစာ စည်းမျဉ်းတွေ နဲ့ ကိုက်ညီမှု ရှိစေဖို့ အတွက် မက်ဆီ ကို လက်မလွှတ် ချင်ဘဲ လက်လွှတ် ခဲ့ရတာ ဖြစ်ပါတယ်။
မက်ဆီ ဟာ သူ့လုပ်ခရဲ့ ၅၀% အထိ လျော့ယူဖို့ သဘောတူခဲ့ပေမယ့် အဆိုပါ ပမာဏ အထိ လျော့ယူသည့်တိုင် လာလီဂါ ရဲ့ စည်းမျဉ်း နဲ့ ကိုက်ညီမှု မရှိသေးတာကြောင့် နောက်ဆုံးမှာ ၂၁ နှစ်ကြာ နေထိုင်ခဲ့တဲ့ နေရာကိုခွဲခွာ နှုတ်ဆက် ခဲ့ရတာ ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မက်ဆီ PSG ဆီမရောက်အောင် ယုတ်မာနေတဲ့ ဘာစီလိုနာ