မက်ဆီ Day…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီညဟာ မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စာချုပ် အဆုံးသတ်နေ့စွဲတစ်ခု…

မနက်ဖန်ဟာ လွတ်လပ်ခြင်းတွေနဲ့ နေ့ရက်အစ

လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာမှာ ၂၀၀၁ ဇန်နဝါရီ ၈ ရက်မှစ၍ (၇၄၇၈) ရက်ကြာကစားလာခဲ့ပြီး အသင်းမှာ နှစ် (၂၀) ကျော်ကြာကစားခဲ့သူပါ။

ဒီညဟာ သူ့နဲ့ ဘာစီလိုနာအသင်းတို့ကြားမှာ သဘောတူညီမှုစာချုပ်ပြီးဆုံးမယ့်နေ့ ဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ဥက္ကဌ ပြန်ဖြစ်လာတဲ့ လာပေါ်တာရဲ့ ညှိနှိုင်းမှုကြောင့် အသင်းနဲ့ စာချုပ်သက်တမ်းထပ်တိုးနိုင်တယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့်

အခုအချိန်အထိတော့ တရားဝင် လက်မှတ်ရေးထိုးမှုတွေ မလုပ်ခဲ့သေးပါဘူး။

ဘာစီလိုနာအသင်းဘက်ကတော့ သူတို့ရဲ့ ကစားသမားကို လက်လွှတ်လိုခြင်းမရှိသေးပဲ မက်ဆီနဲ့ စာချုပ် အသစ်တဖန်ထပ်မံပြုလုပ်ရန်မျှော်လင့်နေပါတယ်။

ဘာစီလိုနာပရိသတ်တွေကလည်း မက်ဆီကို အသင်းမှာဆက်ရှိနေစေလိုတာကြောင့် ဘယ်လို ဆက်ဖြစ်လာမဲဆိုတာ စောင့်ကြည့်ရ ဦးမှာပါ။

ဒီညမှာသာ စာချုပ်သက်တမ်းမတိုးဖြစ်ခဲ့တော့ဘူးဆိုရင်တော့ မက်ဆီဟာ နှစ် (၂၀) ကျော်ကာလတွင်းမှာပထမဆုံးအကြိမ်အဖြစ်စာချုပ်လက်မဲ့ဖြစ်လာတော့ မှာပါ။

မက်ဆီဟာ ဘာစီလိုနာနဲ့ နောက်ဆုံးအကြိမ်စာချုပ်ချုပ်ဆိုခဲ့တာက၂၀၁၇ခုနှစ်၊နိုဝင်ဘာလတုန်းကဖြစ်ပါတယ်။

မက်ဆီဟာ၂၀၀၁ခုနှစ်၊ မတ်လ၆ရက်နေ့က ဘာစီလိုနာကစားသမား အဖြစ် တရားဝင်ဖြစ်လာခဲ့တာဖြစ်ပြီး၊ ၂၀၀၅ခုနှစ်၊ ဇွန်လမှာတော့ သူ့ရဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ကို ဆိုခဲ့ပါတယ်။

စပိန်သတင်းစာ Marca က မက်ဆီရဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့်အခြေအနေကို “Messi:Tonight Is Free”ဆိုတဲ့ခေါင်းစည်းနဲ့

အားကစား သတင်းစာရှေ့ဖုံးမှာ ဖော်ပြလာသလို AS သတင်းစာကလည်း ” Messi Day”ဆိုပြီးဖော်ပြထားပါတယ်။

ဒီညဟာ ဘာတွေ ဖြစ်လာမလဲ …. စာချုပ်သာမချုပ်ဆိုဖြစ်ခဲ့ရင် မနက်ဖန်မှာ ဘာစီလိုနာဘက်က မက်ဆီရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဘာမှသက်ဆိုင်တော့မှာမဟုတ်ပါဘူး။

မနှစ်ကလို မန်စီးတီးနဲ့ပြောင်းရွှေ့မှုနောက်ဆုံးအဆင့်မှာ ဝင်ရောက်ပါဝင်ခဲ့သလိုအခွင့်အရေးတွေမရှိနိုင်တော့သလို တစ်စုံတစ်ရာ တားဆီးမှုတွေလုပ်နိုင်တော့မှာမဟုတ်ပါဘူး။

မက်ဆီက လည်း မည်သည့်ကလပ်နှင့်မဆိုလွတ်လပ်စွာဆွေးနွေးပြောင်းရွှေ့ခွင့်ရရှိသွားပါပြီ။ မက်ဆီက သူချစ်ခင်နှစ်သက်တဲ့ အသင်းနဲ့ နှစ် (၂၀)ကျော်ကြာ နှောင်းကြိုးတွေက

စာချုပ် တစ်စောင် ပေါ်ကနေ့စွဲမှာ အဆုံးသတ်ပြီးချိန်မှာ ဘယ်တေါဆက်ဖြစ်လာမလဲ…ဆက်လက် လက်တွဲသွားမလား…၊ လမ်းခွဲချိန်ရောက်ပြီလားဆိုတာ မကြာခင်သိရတော့မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီ Day… ဒီညဟာ မက္ဆီနဲ႔ ဘာစီလိုနာအသင္းတို႔ရဲ႕ စာခ်ဳပ္ အဆံုးသတ္ေန႕စြဲတစ္ခု…

မနက္ဖန္ဟာ လြတ္လပ္ျခင္းေတြနဲ႕ ေန႕ရက္အစ

လီယြန္နယ္မက္ဆီဟာ ဘာစီလိုနာမွာ ၂၀၀၁ ဇန္နဝါရီ ၈ ရက္မွစ၍ (၇၄၇၈) ရက္ၾကာကစားလာခဲ့ၿပီး အသင္းမွာ ႏွစ္ (၂၀) ေက်ာ္ၾကာကစားခဲ့သူပါ။ ဒီညဟာ သူ႔နဲ႔ ဘာစီလိုနာအသင္းတို႔ၾကားမွာ သေဘာတူညီမႈစာခ်ဳပ္ၿပီးဆုံးမယ့္ေန႔ ျဖစ္ပါတယ္။ ဘာစီလိုနာရဲ႕ ဥကၠဌ ျပန္ျဖစ္လာတဲ့ လာေပၚတာရဲ႕ ညႇိႏႈိင္းမႈေၾကာင့္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းထပ္တိုးႏိုင္တယ္လို႔ သတင္းေတြထြက္ေနခဲ့ေပမယ့္ အခုအခ်ိန္အထိေတာ့ တရားဝင္ လက္မွတ္ေရးထိုးမႈေတြ မလုပ္ခဲ့ေသးပါဘူး။ ဘာစီလိုနာအသင္းဘက္ကေတာ့ သူတို႔ရဲ႕ ကစားသမားကို လက္လႊတ္လိုျခင္းမရွိေသးပဲ မက္ဆီနဲ႔ စာခ်ဳပ္ အသစ္တဖန္ထပ္မံျပဳလုပ္ရန္ေမွ်ာ္လင့္ေနပါတယ္။

ဘာစီလိုနာပရိသတ္ေတြကလည္း မက္ဆီကို အသင္းမွာဆက္ရွိေနေစလိုတာေၾကာင့္ ဘယ္လို ဆက္ျဖစ္လာမဲဆိုတာ ေစာင့္ၾကည့္ရ ဦးမွာပါ။ ဒီညမွာသာ စာခ်ဳပ္သက္တမ္းမတိုးျဖစ္ခဲ့ေတာ့ဘူးဆိုရင္ေတာ့ မက္ဆီဟာ ႏွစ္ (၂၀) ေက်ာ္ကာလတြင္းမွာပထမဆုံးအႀကိမ္အျဖစ္စာခ်ဳပ္လက္မဲ့ျဖစ္လာေတာ့ မွာပါ။ မက္ဆီဟာ ဘာစီလိုနာနဲ႔ ေနာက္ဆုံးအႀကိမ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာက၂၀၁၇ခုႏွစ္၊ႏိုဝင္ဘာလတုန္းကျဖစ္ပါတယ္။ မက္ဆီဟာ၂၀၀၁ခုႏွစ္၊ မတ္လ၆ရက္ေန႔က ဘာစီလိုနာကစားသမား အျဖစ္ တရားဝင္ျဖစ္လာခဲ့တာျဖစ္ၿပီး၊ ၂၀၀၅ခုႏွစ္၊ ဇြန္လမွာေတာ့ သူ႕ရဲ႕ ပထမဆုံးပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ကို ဆိုခဲ့ပါတယ္။

စပိန္သတင္းစာ Marca က မက္ဆီရဲ႕စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္အေျခအေနကို “Messi:Tonight Is Free”ဆိုတဲ့ေခါင္းစည္းနဲ႕ အားကစား သတင္းစာေရွ႕ဖံုးမွာ ေဖာ္ျပလာသလို AS သတင္းစာကလည္း ” Messi Day”ဆိုၿပီးေဖာ္ျပထားပါတယ္။

ဒီညဟာ ဘာေတြ ျဖစ္လာမလဲ …. စာခ်ဳပ္သာမခ်ဳပ္ဆိုျဖစ္ခဲ့ရင္ မနက္ဖန္မွာ ဘာစီလိုနာဘက္က မက္ဆီရဲ႕အေျပာင္းအေရႊ႕နဲ႔ပတ္သက္လို႔ ဘာမွသက္ဆိုင္ေတာ့မွာမဟုတ္ပါဘူး။ မႏွစ္ကလို မန္စီးတီးနဲ႔ေျပာင္းေရႊ႕မႈေနာက္ဆံုးအဆင့္မွာ ဝင္ေရာက္ပါဝင္ခဲ့သလိုအခြင့္အေရးေတြမရွိႏိုင္ေတာ့သလို တစ္စံုတစ္ရာ တားဆီးမႈေတြလုပ္ႏိုင္ေတာ့မွာမဟုတ္ပါဘူး။

မက္ဆီက လည္း မည္သည့္ကလပ္ႏွင့္မဆိုလြတ္လပ္စြာေဆြးေႏြးေျပာင္းေ႐ႊ႕ခြင့္ရရွိသြားပါၿပီ။ မက္ဆီက သူခ်စ္ခင္ႏွစ္သက္တဲ့ အသင္းနဲ႕ ႏွစ္ (၂၀)ေက်ာ္ၾကာ ေႏွာင္းၾကိဳးေတြက စာခ်ဳပ္ တစ္ေစာင္ ေပၚကေန႕စြဲမွာ အဆံုးသတ္ၿပီးခ်ိန္မွာ ဘယ္ေတါဆက္ျဖစ္လာမလဲ…ဆက္လက္ လက္တြဲသြားမလား…၊ လမ္းခြဲခ်ိန္ေရာက္ၿပီလားဆိုတာ မၾကာခင္သိရေတာ့မွာျဖစ္ပါတယ္။