M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လီယွန်နယ်မက်ဆီဟာမနေ့ညတုန်းကဘရက်စ်နှင့်ပွဲတွင်မပါဝင်ဘဲဘာစီလိုနာရှိနေအိမ်သို့ပြန်ကာခဏအနားယူမှုပြုလုပ်နေကြောင်းသိရပါတယ်။
အာဂျင်တီးနားဂန္ထဝင်ကစားသမားဟာယခုလအစောပိုင်းတုန်းကပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာပြီးနောက်ကြံ့ခိုင်မှုမပြည့်ဝသေးမှုကြောင့်ပီအက်စ်ဂျီအတွက်တစ်ပွဲမျှကစားနိုင်ခြင်းမရှိသေးပါဘူး။
သူဟာမနေ့ညတုန်းကဘရက်စ်အားအဝေးကွင်းတွင်၄-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲလည်းပါဝင်နိုင်ခြင်းမရှိပါဘူး။
သူဟာလာမယ့်အပတ်မှာရိမ်းစ်နှင့်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်တွင်မှပီအက်စ်ဂျီအတွက်ပထမဆုံးပွဲအဖြစ်ကစားလာနိုင်ဖို့ရှိပါတယ်။
မက်ဆီဟာယင်းအတောအတွင်းတွင်ဘာစီလိုနာရှိပေါင်၅.၅သန်းတန်နေအိမ်သို့ကာလတိုသွားရောက်ကာအပန်းဖြေမှုပြုလုပ်ခဲ့ပါတယ်။
မက်ဆီရဲ့ဘာစီလိုနာရှိပေါင်၅.၅သန်းနေအိမ်တွင်ဘောလုံးကွင်းငယ်၊ရေကူးကန်၊အားကစားလေ့ကျင့်ရုံ၊ကလေးသုံးယောက်အတွက်ကစားကွင်းပါဝင်ပါတယ်။
ဒါ့အပြင်ယင်းနေအိမ်မှာဘာစီလိုနာကစားဖော်ဟောင်းလူးဝစ်ဆွာရက်ဇ်ရဲ့နေအိမ်နဲ့ကိုက်၁၀၀မျှသာကွာဝေးပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
မက်ဆီ အိမ်လွမ်းတဲ့ဒဏ် ခံနေရပြီလား…?