မက်ဆီ အနားယူသွားရင် နံပါတ် ၁၀ ကို တသက်လုံး အနားပေးလိုက်ဖို့ ဘာစီလိုနာကိုပြောခဲ့တဲ့ ရော်နယ်ဒင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရာဇီးလ် နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ဂန္ထဝင်မှော်ဆရာကြီး ရော်နယ်ဒင်ဟို က အသင်းဖော်ဟောင်း မက်ဆီ ကစားသမားဘဝကနေ အနားယူသွားရင် သူ့ရဲ့ကျောနံပါတ် ၁၀ ကို တသက်လုံး အနားပေးလိုက်ဖို့ ဘာစီလိုနာ ကို ပြောဆိုလိုက်ပါတယ်။

ရော်နယ်ဒင်ဟို ဟာ မက်ဆီ ရဲ့ ကစားသမားဘဝအစမှာ အတော်လေးအရေးပါခဲ့တဲ့သူဖြစ်ပြီး မက်ဆီ ကို လက်တွဲခေါ်ခဲ့တဲ့ စီနီယာကစားသမားဖြစ်ပါတယ်။

ဘာစီလိုနာအတွက် မက်ဆီ ပထမဆုံးသွင်းယူခဲ့တဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့သူဟာလည်း ရော်နယ်ဒင်ဟို ဖြစ်ပါတယ်။

ဘာစီလိုနာ ရဲ့ ဂန္တဝင်ကျောနံပါတ်ဖြစ်တဲ့ နံပါတ် ၁၀ ကို ရော်နယ်ဒင်ဟို အေစီမီလန် ကို ပြောင်းရွှေ့သွားပြီးနောက် မက်ဆီ က ဆက်ခံဝတ်ဆင်ခဲ့တာပါ။

လက်ရှိ ဘာစီလိုနာ နဲ့ မက်ဆီ ရဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ ရော်နယ်ဒင်ဟို က “ ဘာစီလိုနာမှာ မက်ဆီ ဆက်ကစားရမှာပါ။

နောက်ထပ်နှစ်ပေါင်းများစွာ ကစားခဲ့ပြီးလို့ သူအနားယူတဲ့အခါမှ နံပါတ် ၁၀ ကို ချန်ထားခဲ့ရမှာပါ။

နောက်ထပ် ဘယ်ကစားသမားကမှ အဲ့ဒီနံပါတ်ကို ဝတ်ဆင်ပြီး မကစားစေချင်ဘူး “ လို့ မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

ရော်နယ်ဒင်ဟို ဟာ ပြီးခဲ့တဲ့နှစ်က ပတ်စ်ပို့တ် အတုနဲ့ ပါရာဂွေး နိုင်ငံထဲဝင်ရောက်ဖို့ကြိုးစားခဲ့လို့ ထောင်ကျမယ့်အရေးနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အခုတော့ အဆင်ပြေပြေနဲ့ ဘဝကိုပြန်ဖြတ်သန်းနေတာကို မီဒီယာစာမျက်နှာတွေပေါ်မှာ မြင်တွေ့နေရပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ရီးရဲလ် ဂန္တဝင်အသင်းနဲ့ ဘာစီလိုနာ ဂန္တဝင်အသင်းတို့ရဲ့ ရန်ပုံငွေပွဲမှာလည်း ဝင်ရောက်ကစားခဲ့ပြီး သူ့ရဲ့ အပြုံးပုံရိပ်တွေ မှော်ခြေစွမ်းတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီ အနားယူသြားရင္ နံပါတ္ ၁၀ ကို တသက္လုံး အနားေပးလိုက္ဖို႔ ဘာစီလိုနာကိုေျပာခဲ့တဲ့ ေရာ္နယ္ဒင္ဟို

ဘရာဇီးလ္ နဲ႔ ဘာစီလိုနာအသင္းတို႔ရဲ႕ ဂႏၴဝင္ေမွာ္ဆရာႀကီး ေရာ္နယ္ဒင္ဟို က အသင္းေဖာ္ေဟာင္း မက္ဆီ ကစားသမားဘဝကေန အနားယူသြားရင္ သူ႔ရဲ႕ေက်ာနံပါတ္ ၁၀ ကို တသက္လုံး အနားေပးလိုက္ဖို႔ ဘာစီလိုနာ ကို ေျပာဆိုလိုက္ပါတယ္။

ေရာ္နယ္ဒင္ဟို ဟာ မက္ဆီ ရဲ႕ ကစားသမားဘဝအစမွာ အေတာ္ေလးအေရးပါခဲ့တဲ့သူျဖစ္ၿပီး မက္ဆီ ကို လက္တြဲေခၚခဲ့တဲ့ စီနီယာကစားသမားျဖစ္ပါတယ္။ ဘာစီလိုနာအတြက္ မက္ဆီ ပထမဆုံးသြင္းယူခဲ့တဲ့ သြင္းဂိုးကို ဖန္တီးေပးခဲ့တဲ့သူဟာလည္း ေရာ္နယ္ဒင္ဟို ျဖစ္ပါတယ္။

ဘာစီလိုနာ ရဲ႕ ဂႏၲဝင္ေက်ာနံပါတ္ျဖစ္တဲ့ နံပါတ္ ၁၀ ကို ေရာ္နယ္ဒင္ဟို ေအစီမီလန္ ကို ေျပာင္းေ႐ႊ႕သြားၿပီးေနာက္ မက္ဆီ က ဆက္ခံဝတ္ဆင္ခဲ့တာပါ။ လက္ရွိ ဘာစီလိုနာ နဲ႔ မက္ဆီ ရဲ႕ အေျခအေနနဲ႔ပတ္သက္ၿပီးေတာ့ ေရာ္နယ္ဒင္ဟို က “ ဘာစီလိုနာမွာ မက္ဆီ ဆက္ကစားရမွာပါ။ ေနာက္ထပ္ႏွစ္ေပါင္းမ်ားစြာ ကစားခဲ့ၿပီးလို႔ သူအနားယူတဲ့အခါမွ နံပါတ္ ၁၀ ကို ခ်န္ထားခဲ့ရမွာပါ။ ေနာက္ထပ္ ဘယ္ကစားသမားကမွ အဲ့ဒီနံပါတ္ကို ဝတ္ဆင္ၿပီး မကစားေစခ်င္ဘူး “ လို႔ မီဒီယာေတြနဲ႔ ေတြ႕ဆုံစဥ္မွာ ေျပာခဲ့ပါတယ္။

ေရာ္နယ္ဒင္ဟို ဟာ ၿပီးခဲ့တဲ့ႏွစ္က ပတ္စ္ပို႔တ္ အတုနဲ႔ ပါရာေဂြး ႏိုင္ငံထဲဝင္ေရာက္ဖို႔ႀကိဳးစားခဲ့လို႔ ေထာင္က်မယ့္အေရးနဲ႔ ရင္ဆိုင္ခဲ့ရေပမဲ့ အခုေတာ့ အဆင္ေျပေျပနဲ႔ ဘဝကိုျပန္ျဖတ္သန္းေနတာကို မီဒီယာစာမ်က္ႏွာေတြေပၚမွာ ျမင္ေတြ႕ေနရပါတယ္။

မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ ရီးရဲလ္ ဂႏၲဝင္အသင္းနဲ႔ ဘာစီလိုနာ ဂႏၲဝင္အသင္းတို႔ရဲ႕ ရန္ပုံေငြပြဲမွာလည္း ဝင္ေရာက္ကစားခဲ့ၿပီး သူ႔ရဲ႕ အၿပဳံးပုံရိပ္ေတြ ေမွာ္ေျခစြမ္းေတြနဲ႔ ပရိသတ္ေတြကို ေဖ်ာ္ေျဖေပးခဲ့ပါေသးတယ္။