မက်ဆီ အနားယူမယ့် ကိစ္စကိုပြောလာတဲ့ ဆွာရက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရဲ့ အသင်းဖော်ဟောင်း အက်သလက်တီကိုမက်ထရစ်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က မက်ဆီဟာ သူ အနားယူချင်တဲ့ အသင်းမှာပဲ ဘောလုံးသမားဘဝက အနားယူလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

တစ်ဖက်မှာတော့ ဘာစီလိုနာအသင်း အဓိကတိုက်စစ်မှူးမက်ဆီဟာ မန်စီးတီးအသင်းနဲ့ပီအက်စ်ဂျီအသင်းထံကနေ တရားဝင်ကမ်းလှမ်းမှုများ လက်ခံမရရှိသေးကြောင်း၊ သူရဲ့အနာဂတ်ကို ရာသီကုန်ချိန်မှာသာ အပြီးသတ်ဆုံးဖြတ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

အာဂျင်တီးနားအသင်း တိုက်စစ်မှူးမက်ဆီကိုခေါ်ယူဖို့အတွက် မန်စီးတီးအသင်းနဲ့ ပီအက်ဂျီအသင်းတို့အပြိုင် ကြိုးပမ်းနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် မက်ဆီက အဲဒီလိုမျိုးတုံ့ပြန်ထားတာပါ။ ဆွာရက်ဇ်ကတော့ အက်သလက်တီကိုအသင်းကို နွေရာသီမှာ မရောက်ရှိခင်တုန်းက ဘာစီလိုနာမှာ မက်ဆီနဲ့အတူ ခြေစွမ်းပြကစားခဲ့ပြီး ဆုဖလား ၆လုံးအထိ ရရှိခဲ့ပါတယ်။

ဆွာရက်ဇ်က“မက်ဆီနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။သူဟာ ကြီးကျယ်ခမ်းနားတဲ့ အဆင့် ၁ခုမှာ ကစားနေတာ ဖြစ်ပြီး သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားလည်း ဖြစ်ပါတယ်။ မက်ဆီက သူအနားယူချင်တဲ့ ဘယ်နေရာမှာမဆို အနားယူပါလိမ့်မယ်။” “ဘာစီလိုနာမှာပဲအနားယူ ဖြစ်မလား။ အာဂျင်တီးနားမှာပဲ ဖြစ်မလား။ ဘယ်အသင်းမှာ အနားယူမလဲဆိုတာကတော့ သူ ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်”ဆိုပြီး ပြောဆိုထားပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၅လကျန်ရှိနေပြီး ရာသီကုန်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွင့်ရမှာဖြစ်ရာ အဲဒီအချိန်မှာ အနာဂတ်ကိုအပြီးသတ်ဆုံးဖြတ်မှာဖြစ်ပါတယ်။ မက်ဆီဟာဘာစီလိုနာအသင်းမှာငယ်စဉ်ကလေးဘဝတည်းကပါဝင်ကစားခဲ့ပြီးကစားသမားဘဝတစ်လျှောက်လုံးဘာစီလိုနာအသင်းနဲ့အတူ အဓိကချန်ပီယံဆုဖလားအများအပြား ရယူနိုင်ခဲ့သူဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းထားပေမယ့် မက်ဆီကတော့ စာချုပ်သက်တမ်းတိုးမတိုးကို ချက်ချင်းမဆုံးဖြတ်သေးဘဲရာသီကုန်ချိန်မှာသာ အပြီးသတ်ဆုံးဖြတ်ဖွယ်ရှိနေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ လက်ရှိမှာ ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ပေါ်နေပြီး ဖြေရှင်းရမယ့် ပြဿနာတွေ များစွာရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီ အနားယူမယ့္ ကိစၥကို​ေျပာလာတဲ့ ဆြာရက္ဇ္

ဘာစီလိုနာတိုက္စစ္မႉး မက္ဆီရဲ႕ အသင္းေဖာ္ေဟာင္း အက္သလက္တီကိုမက္ထရစ္တိုက္စစ္မႉး လူးဝစ္ဆြာရက္ဇ္က မက္ဆီဟာ သူ အနားယူခ်င္တဲ့ အသင္းမွာပဲ ေဘာလုံးသမားဘဝက အနားယူလိမ့္မယ္လို႔ ​ေျပာဆိုလိုက္ပါတယ္။တစ္ဖက္မွာ​ေတာ့ဘာစီလိုနာအသင္းအဓိကတိုက္စစ္မႉးမက္ဆီဟာမန္စီးတီးအသင္းနဲ႔ပီအက္စ္ဂ်ီအသင္းထံက​ေနတရားဝင္ကမ္းလွမ္းမႈမ်ားလက္ခံမရရွိေသးေၾကာင္း၊သူရဲ႕အနာဂတ္ကိုရာသီကုန္ခ်ိန္မွာသာအၿပီးသတ္ဆုံးျဖတ္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

အာဂ်င္တီးနားအသင္းတိုက္စစ္မႉးမက္ဆီကိုေခၚယူဖို႔အတြက္မန္စီးတီးအသင္းနဲ႔ပီအက္ဂ်ီအသင္းတို႔အၿပိဳင္ႀကိဳးပမ္းေနတယ္လို႔သတင္းေတြထြက္ေပၚခဲ့ၿပီးေနာက္မက္ဆီကအဲဒီလိုမ်ိဳးတုံ႔ျပန္ထားတာပါ။ ဆြာရက္ဇ္က​ေတာ့ အက္သလက္တီကိုအသင္းကို ေႏြရာသီမွာ မေရာက္ရွိခင္တုန္းက ဘာစီလိုနာမွာ မက္ဆီနဲ႔အတူ ေျခစြမ္းျပကစားခဲ့ၿပီး ဆုဖလား ၆လုံးအထိ ရရွိခဲ့ပါတယ္။

ဆြာရက္ဇ္က“မက္ဆီနဲ႔ စကားေျပာျဖစ္ခဲ့ပါတယ္။သူဟာ ႀကီးက်ယ္ခမ္းနားတဲ့ အဆင့္ ၁ခုမွာ ကစားေနတာ ျဖစ္ၿပီး သူဟာ ကမာၻေပၚမွာ အေကာင္းဆုံးကစားသမားလည္း ျဖစ္ပါတယ္။ မက္ဆီက သူအနားယူခ်င္တဲ့ ဘယ္ေနရာမွာမဆို အနားယူပါလိမ့္မယ္။” “ဘာစီလိုနာမွာပဲအနားယူ ျဖစ္မလား။ အာဂ်င္တီးနားမွာပဲ ျဖစ္မလား။ ဘယ္အသင္းမွာ အနားယူမလဲဆိုတာက​ေတာ့ သူ ကိုယ္တိုင္ ဆုံးျဖတ္ႏိုင္ပါတယ္”ဆိုၿပီး ​ေျပာဆိုထားပါတယ္။ မက္ဆီဟာဘာစီလိုနာအသင္းနဲ႔စာခ်ဳပ္သက္တမ္း၅လက်န္ရွိေနၿပီးရာသီကုန္ခ်ိန္မွာအလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ထြက္ခြင့္ရမွာျဖစ္ရာအဲဒီအခ်ိန္မွာအနာဂတ္ကိုအၿပီးသတ္ဆုံးျဖတ္မွာျဖစ္ပါတယ္။

မက္ဆီဟာဘာစီလိုနာအသင္းမွာငယ္စဥ္ကေလးဘဝတည္းကပါဝင္ကစားခဲ့ၿပီးကစားသမားဘဝတစ္ေလွ်ာက္လုံးဘာစီလိုနာအသင္းနဲ႔အတူအဓိကခ်န္ပီယံဆုဖလားအမ်ားအျပားရယူႏိုင္ခဲ့သူျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာမက္ဆီကိုစာခ်ဳပ္သက္တမ္းတိုးဖို႔ကမ္းလွမ္းထားေပမယ့္မက္ဆီက​ေတာ့စာခ်ဳပ္သက္တမ္းတိုးမတိုးကိုခ်က္ခ်င္းမဆုံးျဖတ္ေသးဘဲရာသီကုန္ခ်ိန္မွာသာအၿပီးသတ္ဆုံးျဖတ္ဖြယ္ရွိေနတာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းက​ေတာ့ လက္ရွိမွာ ဘ႑ာေရး အက်ပ္အတည္း ျဖစ္ေပၚေနၿပီး ေျဖရွင္းရမယ့္ ျပႆနာေတြ မ်ားစြာရွိေနပါတယ္။