မက်ဆီ လှုပ်မရဘဲ ဆွာရက်ဇ် ပင်နယ်တီတောင်းစားတာ မရခဲ့တဲ့ နူးကမ့်အားပြိုင်ပွဲ သရေနဲ့ပြီးဆုံး

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၃ပွင့်ဆိုင် အကြိတ်အနယ်ဖြစ်နေတဲ့ လာလီဂါချန်ပီယံဆုအတွက် တိုက်ရီုက် အားပြိုင်ပွဲဖြစ်တဲ့ အက်သလက်တီကိုနဲ့ ဘာစီလိုနာတို့ ပွဲမှာတော့ ဂိုးတောင် မသွင်းနိုင်ကြဘဲ သရေပွဲဖြစ်သွားပါတယ်။

တကယ်တော့ ဒီလိုရလဒ်မျိုးကို ရီးရဲလ်က သိပ်ကြိုက်မှာပါ။ မနက်ဖြန် ဆီဗီလာနဲ့ပွဲမှာ နိုင်ရင် ရီးရဲလ်ဟာ ထိပ်ဆုံးက အက်သလက်တီကိုနဲ့ ရမှတ်တူသွားတော့မှာ ဖြစ်သလို

ဘာစီလိုနာအပေါ်ကိုတက်ပြီး အဆင့်၂ နေရာကို သိမ်းပိုက်သွားမှာပါ။

နှစ်သင်းစလုံးက ၃-၁-၄-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ကြပြီး အက်သလက်တီကိုတိုက်စစ်မှုး ဆွာရက်ဇ်နဲ့ ဘာစီလိုနာက ဂရက်ဇ်မန်းတို့ဟာ

သူတို့ရဲ့ အသင်းဟောင်းတွေကိ ပြန်လည်ရင်ဆိုင်ရတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာကွင်းဆိုပေမယ့် တကယ်တမ်း ဂိုးရနိုင်တဲ့ သေချာပေါက်အခွင့်အရေး ၃ကြိမ်လောက်ရခဲပတာက အက်သလက်တီကို အသင်းပါ။

ဘာစီလိုနာဂိုးသမား တာစတီဂျန်သာ ဒီ၃ကြိမ်ကို မကာကွယ်နိုင်ခဲ့ဖူးဆိုရင် ရှုံးသွားနိုင်တဲ့ အနေအထားပါပဲ။

ဘာစီလိုနာကွင်းလယ်က ဝါရင့်ကစားသမား ဘက်စကွက်ဇ်ဟာ အက်သလက်တီကို က ဆီဗစ်နဲ့ထိခိုက်မိခဲ့ပြီး

ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့ကာ ပထမပိုင်း ၃၂မိနစ်မှာတင် မော်ရီဘာနဲ့ လူစားလဲခဲ့ရပါတယ်။

အသင်းပြောင်းသွားပေမယ့် အကျင့်မပြောင်းတဲ့ ဆွာရာက်ဇ်ဟာ ဒိုင်လူကြီးဆီက ပင်နယ်တီတစ်လုံးတောင်းစားပေမယ့် အထမမြောက်ခဲ့ပါဘူး။

ဆွာရက်ဇ်ရဲ့ အနီးကပ်ကန်ချက်အပါအဝင် လော်ရန်တီရဲ့ ကန်ချက်တစ်လုံးကိုလည်း ဘာစီလိုနာဂိုးသမား တာစတီဂျန် ကာကွယ်သွားနိုင်ခဲ့လို့ ဘာစီလိုနာ သက်သာခဲ့တာပါ။

မက်ဆီကိုလည်း အက်သလက်တီကို ကစားသမားတွေက ခပ်မာမာဖျက်ထုတ်တာတွေနဲ့ ထိန်းချုပ်ထားပြီး လှုပ်မရခဲ့ပါဘူး။

ပွဲပြီးခါနီးမှာ မက်ဆီဖရီးကစ်ကန်ခွင့်ရခဲ့ပေမယ့် အပေါ်ထောင်သွားတဲ့အတွက် အိမ်ရှင်တို့ရဲ့ နောက်ဆုံးမျှော်လင့်ချက် ပျက်သွားခဲ့ပါတယ်။

ဒီပွဲအပြီးမှာ အက်သလက်တီကိုက ထိပ်ဆုံးမှာ ၃၅ပွဲကစား ၇၇မှတ်နဲ့ ဦးဆောင်နေပြီး ဘာစီလိုနာက ၇၅မှတ်နဲပ ဒုတိယနေရာမှာရှိနေပါတယ်။

ရီးရဲလ်ကတော့ မနက်ဖြန် ဆီဗီလာပွဲအခြေအနေကြည့်ရမှာဖြစ်ပြီး နိုင်ခဲ့ရင် အက်သလက်တီကိုနဲ့ အမှတ်တူသွားတော့မှာပါ။ ဂိုးကွာခြားချက်မှာတော့ ရီးရဲလ်က အက်သလက်တီကိုထက် ၅ဂိုး နည်းနေပါတယ်။

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီ လႈပ္မရဘဲ ဆြာရက္ဇ္ ပင္နယ္တီေတာင္းစားတာ မရခဲ့တဲ့ ႏူးကမ့္အားၿပိဳင္ပြဲ သေရနဲ႔ၿပီးဆုံး

၃ပြင့္ဆိုင္ အႀကိတ္အနယ္ျဖစ္ေနတဲ့ လာလီဂါခ်န္ပီယံဆုအတြက္ တိုက္႐ီုက္ အားၿပိဳင္ပြဲျဖစ္တဲ့ အက္သလက္တီကိုနဲ႔ ဘာစီလိုနာတို႔ ပြဲမွာေတာ့ ဂိုးေတာင္ မသြင္းႏိုင္ၾကဘဲ သေရပြဲျဖစ္သြားပါတယ္။

တကယ္ေတာ့ ဒီလိုရလဒ္မ်ိဳးကို ရီးရဲလ္က သိပ္ႀကိဳက္မွာပါ။ မနက္ျဖန္ ဆီဗီလာနဲ႔ပြဲမွာ ႏိုင္ရင္ ရီးရဲလ္ဟာ ထိပ္ဆုံးက အက္သလက္တီကိုနဲ႔ ရမွတ္တူသြားေတာ့မွာ ျဖစ္သလို ဘာစီလိုနာအေပၚကိုတက္ၿပီး
အဆင့္၂ ေနရာကို သိမ္းပိုက္သြားမွာပါ။

ႏွစ္သင္းစလုံးက ၃-၁-၄-၂ ကစားကြက္နဲ႔ ပြဲထြက္လာခဲ့ၾကၿပီး အက္သလက္တီကိုတိုက္စစ္မႈး ဆြာရက္ဇ္နဲ႔ ဘာစီလိုနာက ဂရက္ဇ္မန္းတို႔ဟာ သူတို႔ရဲ႕ အသင္းေဟာင္းေတြကိ ျပန္လည္ရင္ဆိုင္ရတာလည္း

ျဖစ္ပါတယ္။

ဘာစီလိုနာကြင္းဆိုေပမယ့္ တကယ္တမ္း ဂိုး၇ႏိုင္တဲ့ ေသခ်ာေပါက္အခြင့္အေရး ၃ႀကိမ္ေလာက္ရခဲပတာက အက္သလက္တီကို အသင္းပါ။ ဘာစီလိုနာဂိုးသမား တာစတီဂ်န္သာ ဒီ၃ႀကိမ္ကို
မကာကြယ္ႏိုင္ခဲ့ဖူးဆိုရင္ ရႈံးသြားႏိုင္တဲ့ အေနအထားပါပဲ။

ဘာစီလိုနာကြင္းလယ္က ဝါရင့္ကစားသမား ဘက္စကြက္ဇ္ဟာ အက္သလက္တီကို က ဆီဗစ္နဲ႕ထိခိုက္မိခဲ့ၿပီး ဦးေခါင္းမွာ ဒဏ္ရာရရွိခဲ့ကာ ပထမပိုင္း ၃၂မိနစ္မွာတင္ ေမာ္ရီဘာနဲ႔ လူစားလဲခဲ့ရပါတယ္။

အသင္းေျပာင္းသြားေပမယ့္ အက်င့္မေျပာင္းတဲ့ ဆြာရာက္ဇ္ဟာ ဒိုင္လူႀကီးဆီက ပင္နယ္တီတစ္လုံးေတာင္းစားေပမယ့္ အထမေျမာက္ခဲ့ပါဘူး။

ဆြာရက္ဇ္ရဲ႕ အနီးကပ္ကန္ခ်က္အပါအဝင္ ေလာ္ရန္တီရဲ႕ ကန္ခ်က္တစ္လုံးကိုလည္း ဘာစီလိုနာဂိုးသမား တာစတီဂ်န္ ကာကြယ္သြားႏိုင္ခဲ့လို႔ ဘာစီလိုနာ သက္သာခဲ့တာပါ။

မက္ဆီကိုလည္း အက္သလက္တီကို ကစားသမားေတြက ခပ္မာမာဖ်က္ထုတ္တာေတြနဲ႔ ထိန္းခ်ဳပ္ထားၿပီး လႈပ္မရခဲ့ပါဘူး။ ပြဲၿပီးခါနီးမွာ မက္ဆီဖရီးကစ္ကန္ခြင့္ရခဲ့ေပမယ့္ အေပၚေထာင္သြားတဲ့အတြက္
အိမ္ရွင္တို႔ရဲ႕ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ ပ်က္သြားခဲ့ပါတယ္။ ဒီပြဲအၿပီးမွာ အက္သလက္တီကိုက ထိပ္ဆုံးမွာ ၃၅ပြဲကစား ၇၇မွတ္နဲ႔ ဦးေဆာင္ေနၿပီး ဘာစီလိုနာက ၇၅မွတ္နဲပ ဒုတိယေနရာမွာရွိေနပါတယ္။

ရီးရဲလ္ကေတာ့ မနက္ျဖန္ ဆီဗီလာပြဲအေျခအေနၾကည့္ရမွာျဖစ္ၿပီး ႏိုင္ခဲ့ရင္ အက္သလက္တီကိုနဲ႔ အမွတ္တူသြားေတာ့မွာပါ။ ဂိုးကြာျခားခ်က္မွာေတာ့ ရီးရဲလ္က အက္သလက္တီကိုထက္ ၅ဂိုး နည္းေနပါတယ္။