မက်ဆီ ရွှေဘောလုံးဆုရသွားပြီးနောက်ပိုင်း ရူးသွပ်စရာကောင်းလာတဲ့ ရော်နယ်ဒိုရဲ့ဂိုးသွင်းစွမ်းရည်

Photo Credit

Photo Credit

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ ၆ကြိမ်မြောက် ရွှေဘောလုံးဆုရယူနိုင်ခဲ့ပြီးနာက်ပိုင်း ယခုအချိန်အထိ ၁၄ဂိုးသွင်းယူထားရာ အဆိုပါကာကလအတွင်း ကမ္ဘာ့ဘောလုံးလောကရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

Photo Credit

အသက် ၃၅ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ စနေညက ဗီရိုနာကို ၂-၁ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ရာ ၂လအတွင်း သူ့ရဲ့ ၁၄ဂိုးမြောက်သွင်းဂိုးလည်းဖြစ်လာပါတယ်။ မက်ဆီကတော့ ဘက်တစ်နဲ့ပွဲမတိုင်ခင် အဲဒီကာလအတွင်း စုစုပေါင်း ၅ဂိုးပဲ သွင်းယူထားနိုင်ပါတယ်။

Photo Credit

ရော်နယ်ဒိုဟာ ၂၀၁၉ ရွှေဘောလုံးဆုပေးပွဲအခမ်းအနားမှာ တတိယနေရာသာရရှိခဲ့ပြီး လက်ရှိဂိုးသွင်းနှုန်းအရ ၂၀၂၀ ခုနှစ်မှာ အဲဒီပုံစံမျိုး ထပ်မဖြစ်ရအောင် သူအစွမ်းကုန်ကြိုးစားနေပြီဆိုတာ ရှင်းလင်းတဲ့အဖြေတစ်ခုဖြစ်ပါတယ်။ အဲဒီကာလအတွင်း ရော်နယ်ဒိုရဲ့အနီးကပ်ဆုံးကစားသမားကတော့ လာဇီယိုတိုက်စစ်မှူး အင်မိုဘီလီဖြစ်ပြီး ဒါတောင် သူက ၉ဂိုးပဲ သွင်းယူနိုင်ခဲ့တာပါ။

Photo Credit

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက လိုက်ပ်ဇစ်နဲ့ပွဲမတိုင်ခင် ၈ဂိုးသွင်းယူနိုင်ခဲ့ပြီး ရော်နယ်ဒိုအနေနဲ့ သူ့အနေအထားအရ ရာသီအစ တာထွက်နှေးခဲ့ပြီးနောက် အခုလိုဂိုးသွင်းစွမ်းရည်မျိုး အံ့အားသင့်ဖွယ်ပြောင်းလဲနိုင်ခဲ့တာပါ။ သူဟာ နိုဝင်ဘာလအတွင်း အေစီမီလန်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ စောစောစီးစီးလူစားလဲခံခဲ့ရပြီးနောက် နည်းပြဆာရီနဲ့ ပြဿနာတက်ခဲ့တယ်လို့ သတင်ေးတွ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit

အဲဒီအချိန်ကတည်းက သူဟာ ဂိုးသွင်းစွမ်းရည်ပြသနေတာဖြစ်ပြီး ယခုရာသီ စီးရီးအေမှာ ပျမ်းမျှ ၈၈မိနစ်မှာ ၁ဂိုးသွင်းယူနိုင်တဲ့မှတ်တမ်းတင်ထားပါတယ်။ သူဟာ ယခုရာသီစီးရီးအေမှာ ဂိုး ၂၀သွင်းယူထားပြီး အီတလီလက်ရွေးစင် အင်မိုဘီလီကတော့ ၂၅ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

Photo Credit

Zawgyi

မက္ဆီ ေရႊေဘာလုံးဆုရသြားၿပီးေနာက္ပိုင္း ႐ူးသြပ္စရာေကာင္းလာတဲ့ ေရာ္နယ္ဒိုရဲ႕ဂိုးသြင္းစြမ္းရည္

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလအတြင္း ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီ ၆ႀကိမ္ေျမာက္ ေရႊေဘာလုံးဆုရယူႏိုင္ခဲ့ၿပီးနာက္ပိုင္း ယခုအခ်ိန္အထိ ၁၄ဂိုးသြင္းယူထားရာ အဆုိပါကာကလအတြင္း ကမၻာ့ေဘာလုံးေလာကရဲ႕ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။
အသက္ ၃၅ ႏွစ္အရြယ္ရွိ ေရာ္နယ္ဒုိဟာ စေနညက ဗီ႐ိုနာကို ၂-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ရာ ၂လအတြင္း သူ႕ရဲ႕ ၁၄ဂိုးေျမာက္သြင္းဂိုးလည္းျဖစ္လာပါတယ္။ မက္ဆီကေတာ့ ဘက္တစ္နဲ႔ပဲြမတိုင္ခင္ အဲဒီကာလအတြင္း စုစုေပါင္း ၅ဂိုးပဲ သြင္းယူထားႏိုင္ပါတယ္။
ေရာ္နယ္ဒုိဟာ ၂၀၁၉ ေရႊေဘာလုံးဆုေပးပြဲအခမ္းအနားမွာ တတိယေနရာသာရရွိခဲ့ၿပီး လက္ရွိဂုိးသြင္းႏႈန္းအရ ၂၀၂၀ ခုႏွစ္မွာ အဲဒီပုံစံမ်ိဳး ထပ္မျဖစ္ရေအာင္ သူအစြမ္းကုန္ႀကိဳးစားေနၿပီဆုိတာ ရွင္းလင္းတဲ့အေျဖတစ္ခုျဖစ္ပါတယ္။ အဲဒီကာလအတြင္း ေရာ္နယ္ဒိုရဲ႕အနီးကပ္ဆုံးကစားသမားကေတာ့ လာဇီယိုတုိက္စစ္မွဴး အင္မိုဘီလီျဖစ္ၿပီး ဒါေတာင္ သူက ၉ဂိုးပဲ သြင္းယူႏိုင္ခဲ့တာပါ။
ဘိုင္ယန္ျမဴးနစ္တုိက္စစ္မွဴး လီ၀န္ေဒါစကီးက လုိက္ပ္ဇစ္နဲ႔ပြဲမတုိင္ခင္ ၈ဂုိးသြင္းယူႏိုင္ခဲ့ၿပီး ေရာ္နယ္ဒိုအေနနဲ႔ သူ႕အေနအထားအရ ရာသီအစ တာထြက္ေႏွးခဲ့ၿပီးေနာက္ အခုလုိဂိုးသြင္းစြမ္းရည္မ်ိဳး အံ့အားသင့္ဖြယ္ေျပာင္းလဲႏိုင္ခဲ့တာပါ။ သူဟာ ႏို၀င္ဘာလအတြင္း ေအစီမီလန္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ေစာေစာစီးစီးလူစားလဲခံခဲ့ရၿပီးေနာက္ နည္းျပဆာရီနဲ႔ ျပႆနာတက္ခဲ့တယ္လုိ႔ သတင္ေးတြ ထြက္ေပၚခဲ့ပါတယ္။
အဲဒီအခ်ိန္ကတည္းက သူဟာ ဂိုးသြင္းစြမ္းရည္ျပသေနတာျဖစ္ၿပီး ယခုရာသီ စီးရီးေအမွာ ပ်မ္းမွ် ၈၈မိနစ္မွာ ၁ဂိုးသြင္းယူႏုိင္တဲ့မွတ္တမ္းတင္ထားပါတယ္။ သူဟာ ယခုရာသီစီးရီးေအမွာ ဂိုး ၂၀သြင္းယူထားၿပီး အီတလီလက္ေရြးစင္ အင္မိုဘီလီကေတာ့ ၂၅ဂိုးနဲ႔ ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။