မက်ဆီ ရဲ့ ကျောနံပါတ် (၁၀) ကို ဆက်ခံခဲ့တဲ့ ဖာတီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာ အသင်းဟာ အခုနှစ်ရာသီ အတွက် အသင်းရဲ့လူစာရင်းကို ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အသင်းမှ ထွက်ခွာသွားတဲ့ တိုက်စစ်မှူး လီယိုနယ် မက်ဆီ ရဲ့ ဂန္တဝင်ကျောနံပါတ် ကို လူငယ်ကစားသမား အန်ဆူ ဖာတီ မှ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

အသက် ၃၃နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်သလို အသင်းနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်တိုင်တိုင် ရရှိခဲ့တာကြောင့်

အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့သူပါ။

မက်ဆီဟာ အသင်းနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်တိုင်တိုင် ရရှိခဲ့တာကြောင့် အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့သူပါ။

မက်ဆီ တစ်ယောက် ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့စဉ်က မက်ဆီရဲ့ ကျောနံပါတ် ၁၀ကို အနားပေးဖို့ ဘာစီလိုနာအသင်းထံ တောင်းဆိုခဲ့တဲ့ ပရိသတ်တွေ အများအပြား ရှိခဲ့ပါတယ်။

ဒါပေမယ့် စပိန်လာလီဂါ ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းတွေအရ ကလပ်အသင်း တစ်သင်းဟာ ဘောလုံးရာသီ တစ်ခုထဲမှာ နံပါတ် ၁ ကနေ နံပါတ် ၂၄ အထိ ကစားသမားတွေ ရှိနေရမှာ ဖြစ်ပြီး တကယ်လို့ ကျောနံပါတ် ၁ခုကို အနားပေးလိုပါက ကစားသမား ၂၃ဦးသာ စာရင်းသွင်းလို့ ရမှာ ဖြစ်ပါတယ်။

အသက်(၁၈)နှစ်အရွယ်ရှိ ဖာတီ ဟာ မကြာသေးခင်ကမှ ဒဏ်ရာပြဿနာကနေ သက်သာလာပြီး ဘာစီလိုနာ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဖာတီ ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဘက်တစ်နဲ့ ပွဲမှာ ဒူးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

အန်ဆုဖာတီ ဟာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အခုလ(၅)ရက်ကမှ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့တာပါ။

အန်ဆုဖာတီ ဟာ (၂၀၁၉-၂၀) ရာသီက ဘာစီလိုနာ အသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး ပွဲပေါင်း(၄၁)ပွဲမှာ (၁၃)ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီ ရဲ႕ ေက်ာနံပါတ္ (၁၀) ကို ဆက္ခံခဲ့တဲ့ ဖာတီ

ဘာစီလိုနာ အသင္းဟာ အခုႏွစ္ရာသီ အတြက္ အသင္းရဲ႕လူစာရင္းကို ဒီေန႔မွာ ထုတ္ျပန္လိုက္ပါတယ္။အသင္းမွ ထြက္ခြာသြားတဲ့ တိုက္စစ္မႉး လီယိုနယ္ မက္ဆီ ရဲ႕ ဂႏၲဝင္ေက်ာနံပါတ္ ကို လူငယ္ကစားသမား အန္ဆူ ဖာတီ မွ ဝတ္ဆင္သြားမွာ ျဖစ္ပါတယ္။

အသက္ ၃၃ႏွစ္ အ႐ြယ္ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ မက္ဆီဟာ ဘာစီလိုနာအသင္းရဲ႕ သမိုင္းတေလွ်ာက္ ဂိုးသြင္းအမ်ားဆုံး ကစားသမား ျဖစ္သလို အသင္းနဲ႔အတူ ကမာၻ႔အေကာင္းဆုံး ကစားသမားဆုကို ၆ႀကိမ္တိုင္တိုင္ ရရွိခဲ့တာေၾကာင့္ အသင္းရဲ႕ သမိုင္းတေလွ်ာက္ အေကာင္းဆုံး ကစားသမား အျဖစ္ ပရိသတ္ေတြရဲ႕ သတ္မွတ္ျခင္းကို ခံထားရတဲ့သူပါ။

မက္ဆီဟာ အသင္းနဲ႔အတူ ကမာၻ႔အေကာင္းဆုံး ကစားသမားဆုကို ၆ႀကိမ္တိုင္တိုင္ ရရွိခဲ့တာေၾကာင့္ အသင္းရဲ႕ သမိုင္းတေလွ်ာက္ အေကာင္းဆုံး ကစားသမား အျဖစ္ ပရိသတ္ေတြရဲ႕ သတ္မွတ္ျခင္းကို ခံထားရတဲ့သူပါ။

မက္ဆီ တစ္ေယာက္ ဘာစီလိုနာအသင္း ကေန ပီအက္စ္ဂ်ီအသင္းထံ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕စဥ္က မက္ဆီရဲ႕ ေက်ာနံပါတ္ ၁၀ကို အနားေပးဖို႔ ဘာစီလိုနာအသင္းထံ ေတာင္းဆိုခဲ့တဲ့ ပရိသတ္ေတြ အမ်ားအျပား ရွိခဲ့ပါတယ္။

ဒါေပမယ့္ စပိန္လာလီဂါ ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ စည္းမ်ဥ္းေတြအရ ကလပ္အသင္း တစ္သင္းဟာ ေဘာလုံးရာသီ တစ္ခုထဲမွာ နံပါတ္ ၁ ကေန နံပါတ္ ၂၄ အထိ ကစားသမားေတြ ရွိေနရမွာ ျဖစ္ၿပီး တကယ္လို႔ ေက်ာနံပါတ္ ၁ခုကို အနားေပးလိုပါက ကစားသမား ၂၃ဦးသာ စာရင္းသြင္းလို႔ ရမွာ ျဖစ္ပါတယ္။

အသက္(၁၈)ႏွစ္အ႐ြယ္ရွိ ဖာတီ ဟာ မၾကာေသးခင္ကမွ ဒဏ္ရာျပႆနာကေန သက္သာလာၿပီး ဘာစီလိုနာ အသင္းနဲ႔ ေလ့က်င့္မႈေတြ ျပန္လည္ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ဖာတီ ဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလက ဘက္တစ္နဲ႔ ပြဲမွာ ဒူးဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။

အန္ဆုဖာတီ ဟာ ဒူးဒဏ္ရာကို ခြဲစိတ္ကုသမွုခံယူခဲ့ၿပီး အခုလ(၅)ရက္ကမွ အသင္းနဲ႔ ေလ့က်င့္မွုေတြ ျပန္လည္ျပဳလုပ္နိုင္ခဲ့တာပါ။အန္ဆုဖာတီ ဟာ (၂၀၁၉-၂၀) ရာသီက ဘာစီလိုနာ အသင္းအတြက္ စတင္ပြဲထြက္ခြင့္ရခဲ့တာျဖစ္ၿပီး ပြဲေပါင္း(၄၁)ပြဲမွာ (၁၃)ဂိုးသြင္းယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။