မက်ဆီ မရှိမှ ဘာစီလိုနာ ပိုကောင်းလိမ့်မယ်လို့ အာဂျင်တီးနားဂိုးသမားဟောင်း သုံးသပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီးနားလက်ရွေးစင်ဂိုးသမားဟောင်း ဟူဂိုဂတ်တီက ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ အဓိက ကစားသမား မက်ဆီ မရှိတော့ရင်လည်း အခြေအနေဆိုးဖို့ မရှိဘဲ ပိုတောင်ကောင်းလာဖို့ရှိတယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ အသက်(၇၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟူဂိုဂတ်တီဟာ အာဂျင်တီးနားအသင်းအတွက် ၁၉၆၆ ကနေ ၁၉၇၇ ခုနှစ်အထိကစားခဲ့ပြီး ကလပ်အသင်းကစားသမားဘဝမှာလည်း ရေးဗားပလိတ်၊ ဘိုကာဂျူနီယာစတဲ့ ပြည်တွင်းနာမည်ကျော်ကလပ်တွေမှာ ကစားခဲ့သူဖြစ်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို အသင်းအတွက် စံချိန်တွေ အများကြီးရယူခဲ့ပြီး တစ်ဦးချင်းအောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့သူပါ။ ဒီရာသီမှာ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါ(၁၇)ပွဲကစား၊ (၁၁)ဂိုးသွင်းယူထားပြီး အဲဒီ(၁၇)ပွဲမှာ ဘာစီလိုနာအသင်း (၁၀)ပွဲအနိုင်ရခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဒီရာသီ မက်ဆီ မကစားနိုင်တဲ့ လာလီဂါ(၂)ပွဲမှာ (၁)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်ကြောင့် သူ မပါဝင်နိုင်တဲ့ အယ်လ်ချီနဲ့ပွဲမှာ ဘာစီလိုနာအသင်းက (၂)ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ အဲဒါကြောင့်ပဲ အယ်လ်ချီနဲ့ပွဲအပြီး ဟူဂိုဂတ်တီက “ဘာစီလိုနာအသင်းအတွက် မက်ဆီ မကစားနိုင်တဲ့အခါတိုင်း ဘာစီလိုနာအသင်း နိုင်ပွဲတွေရယူလေ့ရှိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မက်ဆီ မပါရင် တခြားကစားသမားတွေက ပိုပြီးအားစိုက်ကစားတတ်တာကြောင့်ပါပဲ။ ဘောလုံးပွဲဆိုတာက နိုင်ပွဲရဖို့ အရေးပါသလို ခြေစွမ်းပြကစားနိုင်ရင်တော့ ပိုကောင်းတာပေ့ါ။ ကျွန်တော်ထပ်ပြောချင်တာက မက်ဆီ မပါရင် ဘာစီလိုနာ ပိုကောင်းတယ်ဆိုတာပဲဖြစ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ လာလီဂါပြိုင်ပွဲမှာတုန်းက ဘာစီလိုနာအသင်းဟာ မက်ဆီ မကစားနိုင်တဲ့ (၅)ပွဲမှာ (၃)ပွဲအထိအနိုင်ရခဲ့ပြီး မက်ဆီ ပါဝင်ခဲ့တဲ့ (၃၃)ပွဲမှာတော့ နိုင်ပွဲ(၂၂)ပွဲရရှိခဲ့ပါတယ်။

အခုလောလောဆယ် မက်ဆီရဲ့ ဘာစီလိုနာကစားသမားဘ၀ အနာဂတ်က မသေချာသေးဘဲ ရာသီကုန်ကျရင် အသင်းကနေ ထွက်ဖို့ရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါပြီ။ မက်ဆီရဲ့ လက်ရှိစာချုပ်က အခုလာမယ့်နွေရာသီကျရင် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် သူက ရာသီကုန်မတိုင်ခင် သူ့အနာဂတ်အတွက် မစဉ်းစားသေးဘူးလို့ ပြောထားပြီး မက်ဆီကို ခေါ်ယူဖို့အတွက် PSG အသင်းက ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီ မရွိမွ ဘာစီလိုနာ ပိုေကာင္းလိမ့္မယ္လို႔ အာဂ်င္တီးနားဂိုးသမားေဟာင္း သုံးသပ္

အာဂ်င္တီးနားလက္ေ႐ြးစင္ဂိုးသမားေဟာင္း ဟူဂိုဂတ္တီက ဘာစီလိုနာအသင္းအေနနဲ႔ သူတို႔ရဲ႕ အဓိက ကစားသမား မက္ဆီ မရွိေတာ့ရင္လည္း အေျခအေနဆိုးဖို႔ မရွိဘဲ ပိုေတာင္ေကာင္းလာဖို႔ရွိတယ္လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။ အသက္(၇၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဟူဂိုဂတ္တီဟာ အာဂ်င္တီးနားအသင္းအတြက္ ၁၉၆၆ ကေန ၁၉၇၇ ခုႏွစ္အထိကစားခဲ့ၿပီး ကလပ္အသင္းကစားသမားဘဝမွာလည္း ေရးဗားပလိတ္၊ ဘိုကာဂ်ဴနီယာစတဲ့ ျပည္တြင္းနာမည္ေက်ာ္ကလပ္ေတြမွာ ကစားခဲ့သူျဖစ္ပါတယ္။ မက္ဆီဟာ ဘာစီလိုနာအသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနသလို အသင္းအတြက္ စံခ်ိန္ေတြ အမ်ားႀကီးရယူခဲ့ၿပီး တစ္ဦးခ်င္းေအာင္ျမင္မႈေတြလည္း ရယူႏိုင္ခဲ့သူပါ။ ဒီရာသီမွာ မက္ဆီဟာ ဘာစီလိုနာအသင္းအတြက္ လာလီဂါ(၁၇)ပြဲကစား၊ (၁၁)ဂိုးသြင္းယူထားၿပီး အဲဒီ(၁၇)ပြဲမွာ ဘာစီလိုနာအသင္း (၁၀)ပြဲအႏိုင္ရခဲ့ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ဒီရာသီ မက္ဆီ မကစားႏိုင္တဲ့ လာလီဂါ(၂)ပြဲမွာ (၁)ပြဲႏိုင္၊ (၁)ပြဲသေရက်ခဲ့ၿပီး ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ သူ မပါဝင္ႏိုင္တဲ့ အယ္လ္ခ်ီနဲ႔ပြဲမွာ ဘာစီလိုနာအသင္းက (၂)ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။ အဲဒါေၾကာင့္ပဲ အယ္လ္ခ်ီနဲ႔ပြဲအၿပီး ဟူဂိုဂတ္တီက “ဘာစီလိုနာအသင္းအတြက္ မက္ဆီ မကစားႏိုင္တဲ့အခါတိုင္း ဘာစီလိုနာအသင္း ႏိုင္ပြဲေတြရယူေလ့ရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မက္ဆီ မပါရင္ တျခားကစားသမားေတြက ပိုၿပီးအားစိုက္ကစားတတ္တာေၾကာင့္ပါပဲ။ ေဘာလုံးပြဲဆိုတာက ႏိုင္ပြဲရဖို႔ အေရးပါသလို ေျခစြမ္းျပကစားႏိုင္ရင္ေတာ့ ပိုေကာင္းတာေပ့ါ။ ကြၽန္ေတာ္ထပ္ေျပာခ်င္တာက မက္ဆီ မပါရင္ ဘာစီလိုနာ ပိုေကာင္းတယ္ဆိုတာပဲျဖစ္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီ လာလီဂါၿပိဳင္ပြဲမွာတုန္းက ဘာစီလိုနာအသင္းဟာ မက္ဆီ မကစားႏိုင္တဲ့ (၅)ပြဲမွာ (၃)ပြဲအထိအႏိုင္ရခဲ့ၿပီး မက္ဆီ ပါဝင္ခဲ့တဲ့ (၃၃)ပြဲမွာေတာ့ ႏိုင္ပြဲ(၂၂)ပြဲရရွိခဲ့ပါတယ္။

အခုေလာေလာဆယ္ မက္ဆီရဲ႕ ဘာစီလိုနာကစားသမားဘ၀ အနာဂတ္က မေသခ်ာေသးဘဲ ရာသီကုန္က်ရင္ အသင္းကေန ထြက္ဖို႔ရွိတယ္လို႔လည္း သတင္းေတြထြက္ေပၚေနပါၿပီ။ မက္ဆီရဲ႕ လက္ရွိစာခ်ဳပ္က အခုလာမယ့္ေႏြရာသီက်ရင္ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္ သူက ရာသီကုန္မတိုင္ခင္ သူ႔အနာဂတ္အတြက္ မစဥ္းစားေသးဘူးလို႔ ေျပာထားၿပီး မက္ဆီကို ေခၚယူဖို႔အတြက္ PSG အသင္းက ျပင္ဆင္ေနတယ္ဆိုတဲ့ သတင္းေတြလည္း က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနပါတယ္။