မက်ဆီ ပီအက်စ်ဂျီဂျာစီဝတ်တာ ရင်နာနေတဲ့ ဘာစီလိုနာဂန္တဝင်ကစားသမား အင်နီယေစတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာ အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ အင်နီယေစတာ က အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီ အနေနဲ့ အခြားအသင်းတစ်သင်းအတွက် ကစားပေးမှာကို စိတ်တောင် မကူးခဲ့ဖူးကြောင်းနဲ့

လီယွန်နယ် မက်ဆီ တစ်ယောက် ပီအက်စ်ဂျီ အင်္ကျီဝတ်ဆင်ထားတာက နာကျင်ရကြောင်း ပြောဆိုလိုက်ပါတယ်။

မက်ဆီဟာ အနှစ် ၂၀ ကစားခဲ့တဲ့ ဘာစီလိုနာကနေ ထွက်သွားပြီးနောက် ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားတဲ့အတွက် အင်နီယေစတာက အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။အင်နီယေစတာနဲ့ မက်ဆီ တို့ဟာ ဘာစီလိုနာအသင်းမှာ ၁၄ နှစ်ကြာအောင် အတူတွဲကစားခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

အင်နီယေစတာက “ ဘာတွေဖြစ်ခဲ့ကြတယ်ဆိုတာကို အတွင်းကျကျတော့ ကျွန်တော်လည်း မသိပါဘူး။

ဒါပေမယ့် အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့က‌နေ ပြန်ကောင်းလာဖို့ လိုပါလိမ့်မယ်။

သူ့ကို အခြားအသင်း အင်္ကျီ နဲ့ တွဲမြင်ရတာက နာကျင်ရပါတယ်။”

“မက်ဆီ ဆိုတာ ဘာစီလိုနာကို ကိုယ်စားပြုပါတယ်။ သူက အရာရာပါပဲ။

သူက အသင်းထက်တောင်ကျော်ကြားတဲ့ ကစားသမားပါ။

သူ့လို ကစားသမားမျိုးကို ကျွန်တော် မ‌တွေ့ဖူးပါဘူး။

ထပ်မံတွေ့ရမယ်လို့လည်း မထင်ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီမှာ ဘာစီလိုနာအသင်းကို စရောက်ခဲ့တုန်းက ဝတ်ခဲ့တဲ့ နံပါတ် ၃၀ ဂျာစီကို ဝတ်ဆင်မှာလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီ ပီအက္စ္ဂ်ီဂ်ာစီဝတ္တာ ရင္နာေနတဲ့ ဘာစီလိုနာဂႏၲဝင္ကစားသမား အင္နီေယစတာ

ဘာစီလိုနာ အသင္းရဲ႕ ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္တဲ့ အင္နီေယစတာ က အာဂ်င္တီးနားၾကယ္ပြင့္ လီယြန္နယ္ မက္ဆီ အေနနဲ႔ အျခားအသင္းတစ္သင္းအတြက္ ကစားေပးမွာကို စိတ္ေတာင္ မကူးခဲ့ဖူးေၾကာင္းနဲ႔ လီယြန္နယ္ မက္ဆီ တစ္ေယာက္ ပီအက္စ္ဂ်ီ အက်ႌဝတ္ဆင္ထားတာက နာက်င္ရေၾကာင္း ေျပာဆိုလိုက္ပါတယ္။

မက္ဆီဟာ အႏွစ္ ၂၀ ကစားခဲ့တဲ့ ဘာစီလိုနာကေန ထြက္သြားၿပီးေနာက္ ျပင္သစ္ထိပ္သီးကလပ္ ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕သြားတဲ့အတြက္ အင္နီေယစတာက အခုလိုေျပာခဲ့တာ ျဖစ္ပါတယ္။အင္နီေယစတာနဲ႔ မက္ဆီ တို႔ဟာ ဘာစီလိုနာအသင္းမွာ ၁၄ ႏွစ္ၾကာေအာင္ အတူတြဲကစားခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။

အင္နီေယစတာက “ ဘာေတြျဖစ္ခဲ့ၾကတယ္ဆိုတာကို အတြင္းက်က်ေတာ့ ကြၽန္ေတာ္လည္း မသိပါဘူး။ ဒါေပမယ့္ အသင္းအေနနဲ႔ ဒီအေျပာင္းအေ႐ႊ႕က‌ေန ျပန္ေကာင္းလာဖို႔ လိုပါလိမ့္မယ္။ သူ႔ကို အျခားအသင္း အက်ႌ နဲ႔ တြဲျမင္ရတာက နာက်င္ရပါတယ္။”

“မက္ဆီ ဆိုတာ ဘာစီလိုနာကို ကိုယ္စားျပဳပါတယ္။ သူက အရာရာပါပဲ။ သူက အသင္းထက္ေတာင္ေက်ာ္ၾကားတဲ့ ကစားသမားပါ။ သူ႔လို ကစားသမားမ်ိဳးကို ကြၽန္ေတာ္ မ‌ေတြ႕ဖူးပါဘူး။ထပ္မံေတြ႕ရမယ္လို႔လည္း မထင္ပါဘူး။” လို႔ ေျပာဆိုခဲ့ပါတယ္။

မက္ဆီဟာ ပီအက္စ္ဂ်ီမွာ ဘာစီလိုနာအသင္းကို စေရာက္ခဲ့တုန္းက ဝတ္ခဲ့တဲ့ နံပါတ္ ၃၀ ဂ်ာစီကို ဝတ္ဆင္မွာလည္း ျဖစ္ပါတယ္။