
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယနေ့ခေတ် ဘောလုံးလောကမှာ မက်ဆီ နှင့် ရော်နယ်ဒို ဘယ်သူပိုကာင်းလဲဆိုတဲ့ မေးခွန်းက ရှောင်လွဲလို့မရတဲ့ အရာတစ်ခုပါ။
မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်ကလည်း နောက်ဆုံးမှာတော့ ယခုလို အဆုံးသတ်မရှိနိုင်တဲ့ ငြင်းခုန်မှုထဲကို ပါဝင်ပတ်သက်လာပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကနေ လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်းထံ ရော်နယ်ဒို ပြောင်းရွေ့သွားခဲ့တဲ့ ( ၂၀၀၉ ) ခုနှစ်ကတည်းက သူတို့ ( ၂ ) ဦးဟာ ဆယ်စုနှစ်တစ်ခုကျော်သည်ထိ ကမ္ဘာ့ဘောလုံးလောကထိပ်ဆုံးနေရာအတွက် ဆက်လက်ယှဥ်ပြိုင်နေကြဆဲဖြစ်ပါတယ်။
မက်ဆီ နှင့် ရော်နယ်ဒိုတို့ ( ၂ ) ဦးစလုံးဟာ စပိန် လာလီဂါမှာ ရာနဲ့ချီတဲ့ သွင်းဂိုးတွေ ရယူနိုင်ခဲ့ကြပြီး ဘလွန်းဒီအောဆုကိုလည်း ( ၂၀၀၇ ) ခုနှစ် ကာကာ နောက်ပိုင်း မိုဒရစ်ရရှိခဲ့တဲ့ ( ၂၀၁၈ ) ခုနှစ်မှလွဲ၍ သူတို့ ( ၂ ) ဦးတည်းသာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
( ၂၀၀၁ ) ခုနှစ်မှာ ဖွေးဖွားခဲ့တဲ့ ဂရင်းဝုဒ်အနေနဲ့ သူတို့ (၂ ) ဦးရဲ့ လွှမ်းမိုးမှုခံခဲ့ရမှာ သေချာပါတယ်။
ဒါပေမယ့် ယူနိုက်တက် ပရိသတ်တွေနဲ့ သီးသန့် မေးခွန်းဖြေဆိုခြင်း အစီအစဥ်အတွင်း ဂရင်းဝုဒ်က ဂန္တဝင်ကစားသမားကြီး ( ၂ ) ဦးထဲမှ သူ့စိတ်ကြိုက်ကစားသမားတစ်ဦးကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဘရတ်ဖို့ဒ်ဖွား လူငယ်ကစားသမားက “ ကျွန်တော့်အတွက် အမြဲ မက်ဆီပါပဲ။
ကျွန်တော့်အတွက် သူက အခြား ဂြိုဟ်ကနေ လာရောက်တဲ့သူပါ။” လို့ ဆိုခဲ့ပါတယ်။
“ ရော်နယ်ဒိုကလည်း အံ့သြစရာကောင်းတာ ထင်ရှားပါတယ်။
ရုပ်ပိုင်းဆိုင်ရာအရာရော တစ်ကယ် ခမ်းနားတဲ့ ဘောလုံးသမားပါ။
ဒါပေမယ့် သေးငယ်တဲ့ ခန္ဓာကိုယ် အရွယ်အစားနဲ့ မက်ဆီ လုပ်ြပထားတာတွေ ၊ ဘာစီလိုနာအတွက် စွမ်းဆောင်ပြခဲ့တာတွေ နှင့် အာဂျင်တီးနားအတွက် ဆုဖလား အောင်မြင်မှု ရယူပေးထားတာတွေကို ကြည့်ခြင်းဖြင့် သူက နောက်တစ်ဆင့်မှာ ရှိနေပါတယ်။”
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မက္ဆီ ႏွင့္ ေရာ္နယ္ဒို ဘယ္သူပိုေကာင္းတယ္ဆိုတာ အေျဖေပးသြားခဲ့တဲ့ ဂရင္းဝုဒ္ ။
ယေန႔ေခတ္ ေဘာလုံးေလာကမွာ မက္ဆီ ႏွင့္ ေရာ္နယ္ဒို ဘယ္သူပိုကာင္းလဲဆိုတဲ့ ေမးခြန္းက ေရွာင္လြဲလို႔မရတဲ့ အရာတစ္ခုပါ ။ မန္ခ်က္စတာ ယူႏိုက္တက္ ၾကယ္ပြင့္ ေမဆန္ ဂရင္းဝုဒ္ကလည္း ေနာက္ဆုံးမွာေတာ့ ယခုလို အဆုံးသတ္မရွိႏိုင္တဲ့ ျငင္းခုန္မႈထဲကို ပါဝင္ပတ္သက္လာပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္ကေန လာလီဂါကလပ္ ရီးရဲမက္ဒရစ္အသင္းထံ ေရာ္နယ္ဒို ေျပာင္းေ႐ြ႕သြားခဲ့တဲ့ ( ၂၀၀၉ ) ခုႏွစ္ကတည္းက သူတို႔ ( ၂ ) ဦးဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္သည္ထိ ကမာၻ႔ေဘာလုံးေလာကထိပ္ဆုံးေနရာအတြက္ ဆက္လက္ယွဥ္ၿပိဳင္ေနၾကဆဲျဖစ္ပါတယ္။
မက္ဆီ ႏွင့္ ေရာ္နယ္ဒိုတို႔ ( ၂ ) ဦးစလုံးဟာ စပိန္ လာလီဂါမွာ ရာနဲ႔ခ်ီတဲ့ သြင္းဂိုးေတြ ရယူႏိုင္ခဲ့ၾကၿပီး ဘလြန္းဒီေအာဆုကိုလည္း ( ၂၀၀၇ ) ခုႏွစ္ ကာကာ ေနာက္ပိုင္း မိုဒရစ္ရရွိခဲ့တဲ့ ( ၂၀၁၈ ) ခုႏွစ္မွလြဲ၍ သူတို႔ ( ၂ ) ဦးတည္းသာ သိမ္းပိုက္ခဲ့တာျဖစ္ပါတယ္။
( ၂၀၀၁ ) ခုႏွစ္မွာ ေဖြးဖြားခဲ့တဲ့ ဂရင္းဝုဒ္အေနနဲ႔ သူတို႔ (၂ ) ဦးရဲ႕ လႊမ္းမိုးမႈခံခဲ့ရမွာ ေသခ်ာပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ ပရိသတ္ေတြနဲ႔ သီးသန႔္ ေမးခြန္းေျဖဆိုျခင္း အစီအစဥ္အတြင္း ဂရင္းဝုဒ္က ဂႏၲဝင္ကစားသမားႀကီး ( ၂ ) ဦးထဲမွ သူ႔စိတ္ႀကိဳက္ကစားသမားတစ္ဦးကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဘရတ္ဖို႔ဒ္ဖြား လူငယ္ကစားသမားက “ ကြၽန္ေတာ့္အတြက္ အၿမဲ မက္ဆီပါပဲ ။ ကြၽန္ေတာ့္အတြက္ သူက အျခား ၿဂိဳဟ္ကေန လာေရာက္တဲ့သူပါ။” လို႔ ဆိုခဲ့ပါတယ္။
“ ေရာ္နယ္ဒိုကလည္း အံ့ၾသစရာေကာင္းတာ ထင္ရွားပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာအရာေရာ တစ္ကယ္ ခမ္းနားတဲ့ ေဘာလုံးသမားပါ ။ ဒါေပမယ့္ ေသးငယ္တဲ့ ခႏၶာကိုယ္ အ႐ြယ္အစားနဲ႔ မက္ဆီ လုပ္ျပထားတာေတြ ၊ ဘာစီလိုနာအတြက္ စြမ္းေဆာင္ျပခဲ့တာေတြ ႏွင့္ အာဂ်င္တီးနားအတြက္ ဆုဖလား ေအာင္ျမင္မႈ ရယူေပးထားတာေတြကို ၾကည့္ျခင္းျဖင့္ သူက ေနာက္တစ္ဆင့္မွာ ရွိေနပါတယ္။”