
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘဏ္ဍာရေးအခြေအနေတွေကြောင့် ဘာစီလိုနာအနေနဲ့ မက်ဆီလိုကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ကို လက်လွှတ်ခဲ့ရတာလို့ သတင်းတွေက ဖော်ပြပြီးနောက်မက်ဆီရဲ့ အသင်းပြောင်းကိစ္စကို စိတ်ဝင်စားလာကြပါတယ်။
မက်ဆီလို ကစားသမားတစ်ယောက်ကို ပြောင်းရွှေ့ကြေးမပေးရဘဲ ခေါ်ယူနိုင်မှာ ဖြစ်တဲ့ အတွက် အသင်းတိုင်းက အလိုရှိနေပေမယ့်လည်း မက်ဆီရဲ့ များပြားလှတဲ့လစာငွေကြောင့် သူ့ကိုခေါ်ယူနိုင်မယ့်အသင်းက အနည်းစုပဲ ရှိပါတယ်။
အီတလီ က နာမည်ကြီး သတင်းထောက် ဖြစ်တဲ့ ဒီမာဇီယို ကတော့ ပီအက်စ်ဂျီအသင်း တာဝန် ရှိသူတွေဟာ ဘာစီလိုနာ ရဲ့ ကြေငြာချက်ကို မြင်ပြီးနောက်ပိုင်းမှာပဲ ၊ မက်ဆီ ရဲ့ ကိုယ်စားလှယ်တွေဆီ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် ဖြစ်နိုင်ချေတွေကို စုံစမ်းလျှက် ရှိနေတယ်လို့ ဆိုပါတယ်။
ပြင်သစ် ဘောလုံးလောက ရဲ့ နာမည်ကြီး သတင်းထောက် ဖြစ်သူ Mohamed Bouhafsi ကတော့ “ မက်ဆီ နဲ့ ပီအက်စ်ဂျီ တို့အကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာ နာရီပေါင်း အတော်ကြာနေပါပြီ။
ဆက်ပြီး ဆွေးနွေးနေကြဆဲပါ။ ပီအက်စ်ဂျီ ဘက်က အသင့်တော်ဆုံး အဖြေတစ်ခု ပေါ်ထွက်လာဖို့ ဆန္ဒပြုလျှက် ရှိနေပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။
The Athletic ကတော့ “ မက်ဆီ ဟာ ပီအက်စ်ဂျီ နည်းပြ ပိုချက်တီ တို့နဲ့တောင် တိုက်ရိုက် စကားပြောနေပါပြီ။
စာချုပ် ဆိုင်ရာ ဆွေးနွေးမှု လုပ်ငန်းစဉ်တွေကို ပီအက်စ်ဂျီ ဘက်က ဥက္ကဌ အယ်ခီလာဖီ ကိုယ်တိုင် ဦးဆောင်နေပါတယ်။
ပြင်သစ် ကလပ်ဟာ မက်ဆီ အတွက် ပေးချေရမယ့် လစာ ကုန်ကျစားရိတ် အားလုံးကို ၊ သူ့ ရဲ့ ပုံရိပ်ကြောင့် ပြန်လည် ရရှိလာမယ့် စီးပွားရေး လုပ်ငန်း ကြော်ငြာတွေ ကနေ ပြန်လည် ကာမိနိုင်တယ်လို့ ယူဆထားပါတယ်။
ဒါ့အပြင် ပြင်သစ် လိဂ် ရဲ့ အဆင့်အတန်း ပုံရိပ်ကိုလည်း မြင့်တင်ပြီးသား ဖြစ်မှာပါ” လို့ ရေးသားထားပါတယ်။
လောလောဆယ်မှာ ပီအက်စ်ဂျီက ရေပန်းအစားဆုံးဖြစ်နေပြီး မန်စီးတီးက ဒုတိယနေရာမှာ ရှိနေပါတယ်။
မက်ဆီအနေနဲ့ ပီအက်စ်ဂျီ၊ မန်စီးတီးတို့အပြင် မေဂျာလိဂ်ကလပ်တွေ၊ အသင်းဟောင်း နယူးဝဲလ်အိုဘွိုင်းလ်ကို ရောက်ရှိနိုင်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မက္ဆီ တစ္ေယာက္ ပီအက္စ္ဂ်ီကို ေရာက္ဖို႔ ေရပန္းအစားဆုံးျဖစ္ေန
ဘ႑ာေရးအေျခအေနေတြေၾကာင့္ ဘာစီလိုနာအေနနဲ႔ မက္ဆီလိုကမာၻ႔အေကာင္းဆုံးေဘာလုံးသမားတစ္ေယာက္ကို လက္လႊတ္ခဲ့ရတာလို႔ သတင္းေတြက ေဖာ္ျပၿပီးေနာက္မက္ဆီရဲ႕ အသင္းေျပာင္းကိစၥကို စိတ္ဝင္စားလာၾကပါတယ္။
မက္ဆီလို ကစားသမားတစ္ေယာက္ကို ေျပာင္းေ႐ႊ႕ေၾကးမေပးရဘဲ ေခၚယူႏိုင္မွာ ျဖစ္တဲ့ အတြက္ အသင္းတိုင္းက အလိုရွိေနေပမယ့္လည္း မက္ဆီရဲ႕ မ်ားျပားလွတဲ့လစာေငြေၾကာင့္ သူ႔ကိုေခၚယူႏိုင္မယ့္အသင္းက အနည္းစုပဲ ရွိပါတယ္။
အီတလီ က နာမည္ႀကီး သတင္းေထာက္ ျဖစ္တဲ့ ဒီမာဇီယို ကေတာ့ ပီအက္စ္ဂ်ီအသင္း တာဝန္ ရွိသူေတြဟာ ဘာစီလိုနာ ရဲ႕ ေၾကျငာခ်က္ကို ျမင္ၿပီးေနာက္ပိုင္းမွာပဲ ၊ မက္ဆီ ရဲ႕ ကိုယ္စားလွယ္ေတြဆီ ဆက္သြယ္ကာ အေျပာင္းအေ႐ႊ႕ အတြက္ ျဖစ္ႏိုင္ေခ်ေတြကို စုံစမ္းလွ်က္ ရွိေနတယ္လို႔ ဆိုပါတယ္။
ျပင္သစ္ ေဘာလုံးေလာက ရဲ႕ နာမည္ႀကီး သတင္းေထာက္ ျဖစ္သူ Mohamed Bouhafsi ကေတာ့ “ မက္ဆီ နဲ႔ ပီအက္စ္ဂ်ီ တို႔အၾကား ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတာ နာရီေပါင္း အေတာ္ၾကာေနပါၿပီ။ ဆက္ၿပီး ေဆြးေႏြးေနၾကဆဲပါ။ ပီအက္စ္ဂ်ီ ဘက္က အသင့္ေတာ္ဆုံး အေျဖတစ္ခု ေပၚထြက္လာဖို႔ ဆႏၵျပဳလွ်က္ ရွိေနပါတယ္” လို႔ ေျပာဆိုသြားခဲ့ ပါတယ္။
The Athletic ကေတာ့ “ မက္ဆီ ဟာ ပီအက္စ္ဂ်ီ နည္းျပ ပိုခ်က္တီ တို႔နဲ႔ေတာင္ တိုက္႐ိုက္ စကားေျပာေနပါၿပီ။ စာခ်ဳပ္ ဆိုင္ရာ ေဆြးေႏြးမႈ လုပ္ငန္းစဥ္ေတြကို ပီအက္စ္ဂ်ီ ဘက္က ဥကၠဌ အယ္ခီလာဖီ ကိုယ္တိုင္ ဦးေဆာင္ေနပါတယ္။ ျပင္သစ္ ကလပ္ဟာ မက္ဆီ အတြက္ ေပးေခ်ရမယ့္ လစာ ကုန္က်စားရိတ္ အားလုံးကို ၊ သူ႔ ရဲ႕ ပုံရိပ္ေၾကာင့္ ျပန္လည္ ရရွိလာမယ့္ စီးပြားေရး လုပ္ငန္း ေၾကာ္ျငာေတြ ကေန ျပန္လည္ ကာမိႏိုင္တယ္လို႔ ယူဆထားပါတယ္။ ဒါ့အျပင္ ျပင္သစ္ လိဂ္ ရဲ႕ အဆင့္အတန္း ပုံရိပ္ကိုလည္း ျမင့္တင္ၿပီးသား ျဖစ္မွာပါ” လို႔ ေရးသားထားပါတယ္။
ေလာေလာဆယ္မွာ ပီအက္စ္ဂ်ီက ေရပန္းအစားဆုံးျဖစ္ေနၿပီး မန္စီးတီးက ဒုတိယေနရာမွာ ရွိေနပါတယ္။ မက္ဆီအေနနဲ႔ ပီအက္စ္ဂ်ီ၊ မန္စီးတီးတို႔အျပင္ ေမဂ်ာလိဂ္ကလပ္ေတြ၊ အသင္းေဟာင္း နယူးဝဲလ္အိုဘြိဳင္းလ္ကို ေရာက္ရွိႏိုင္တယ္လို႔ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။