
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား မက်ဆီ တို့ရဲ့ ရေစက်ဟာ နှစ်ပေါင်း ၂၀ အကြာမှာတော့ ကုန်ဆုံးသွားခဲ့ပါပြီ။
ကလေးဘဝအရွယ်ကတည်းက ဘာစီလိုနာအသင်းဆီကို ရောက်လာခဲ့တဲ့ မက်ဆီ ဟာ နောက်ဆုံးမှာတော့ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲလိုက်ရပါပြီ။
ဘာစီလိုနာအသင်းနဲ့ မက်ဆီ လမ်းခွဲလိုက်ရတဲ့ အကြောင်းအရင်းကတော့ စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကြောင့် ဖြစ်တယ်လို့ သတင်းတွေအရသိရပါတယ်။
ငွေကြေးပြဿနာ ကြုံတွေ့နေရတဲ့ ဘာစီလိုနာအသင်းအနေနဲ့ သူ့ကို စာချုပ်သစ်ဆက်ချုပ်နိုင်ဖို့အတွက် မက်ဆီ က လစာငွေလျှော့ယူမယ်လို့တောင် ပြောခဲ့ပါသေးတယ်။
ဒါပေမဲ့ ဘာစီလိုနာ ဖက်က မက်ဆီ ကို စာချုပ်သစ်ချုပ်ဆိုလိုက်ရင် စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းနဲ့ ငြိစွန်းသွားနိုင်တာကြောင့် သူတို့ရဲ့ ဆုံးဖြတ်ချက်ကို လက်လျှော့လိုက်ရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မက်ဆီ အနေနဲ့လည်း ငယ်ဘဝကလပ်မှာသာ ကစားသမားဘဝကို ကုန်ဆုံးဖို့ဆန္ဒရှိခဲ့ပေမဲ့ ရုတ်တရက် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကြောင့် အသင်းသစ်ကိုရှာဖွေရတော့မှာပါ။
ဘာစီလိုနာ ပရိသတ်တွေကတော့ အဆိုပါသတင်းကို ကြားကြားခြင်း နူးကမ့်ကွင်းအပြင်ဖက်ကို လာရောက်စုဝေးခဲ့ကြပြီး ငိုကြွေးခဲ့ကြပါတယ်။
ပရိသတ်တွေ အနေနဲ့ ဘာစီလိုနာအသင်းက မက်ဆီ ကို စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့သာ တထစ်ချယုံကြည်ထားတာဖြစ်လို့ ဒီသတင်းက သူတို့ကို တော်တော်လေး ရှော့ခ်ရစေခဲ့တယ်လို့ ဆိုရမှာပါ။
လက်ရှိအချိန်မှာတော့ မက်ဆီ ကိုခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့အသင်းဟာ ကာတာသူဌေးတွေရဲ့ ငွေကြေးနဲ့တည်ဆောက်ထားတဲ့ ပြင်သစ်ကလပ် PSG ပဲဖြစ်ပါတယ်။
မက်ဆီ နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ သတင်းကိုကြားပြီးနောက် PSG အားကစားဒါရိုက်တာက မက်ဆီ ကို ဆက်သွယ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
အသင်းဖော်ဟောင်း နေမာ နဲ့ အာဂျင်တီးနား အသင်းဖော်တွေဖြစ်ကြတဲ့ ဒီမာရီယာ ၊ ပါရီဒက်စ် တို့ကစားနေကြတဲ့ PSG အသင်းကို မက်ဆီ ရောက်ဖို့ အတော်လေးရာခိုင်နှုန်းများနေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မက္ဆီ စာခ်ဳပ္သစ္ ဆက္မခ်ဳပ္ေတာ့ဘူးဆိုတဲ့ သတင္းၾကားၾကားျခင္း ႏူးကမ့္ကြင္းကိုလာေရာက္ကာ ငိုယိုခဲ့ၾကတဲ့ ပရိသတ္မ်ား
ဘာစီလိုနာအသင္းနဲ႔ အာဂ်င္တီးနား တိုက္စစ္ကစားသမား မက္ဆီ တို႔ရဲ႕ ေရစက္ဟာ ႏွစ္ေပါင္း ၂၀ အၾကာမွာေတာ့ ကုန္ဆုံးသြားခဲ့ပါၿပီ။ ကေလးဘဝအ႐ြယ္ကတည္းက ဘာစီလိုနာအသင္းဆီကို ေရာက္လာခဲ့တဲ့ မက္ဆီ ဟာ ေနာက္ဆုံးမွာေတာ့ ဘာစီလိုနာအသင္းနဲ႔ လမ္းခြဲလိုက္ရပါၿပီ။
ဘာစီလိုနာအသင္းနဲ႔ မက္ဆီ လမ္းခြဲလိုက္ရတဲ့ အေၾကာင္းအရင္းကေတာ့ စပိန္လာလီဂါေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ဘ႑ာေရးစည္းမ်ဥ္းေၾကာင့္ ျဖစ္တယ္လို႔ သတင္းေတြအရသိရပါတယ္။ ေငြေၾကးျပႆနာ ႀကဳံေတြ႕ေနရတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ သူ႔ကို စာခ်ဳပ္သစ္ဆက္ခ်ဳပ္ႏိုင္ဖို႔အတြက္ မက္ဆီ က လစာေငြေလွ်ာ့ယူမယ္လို႔ေတာင္ ေျပာခဲ့ပါေသးတယ္။ ဒါေပမဲ့ ဘာစီလိုနာ ဖက္က မက္ဆီ ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ရင္ စပိန္လာလီဂါေဘာလုံးအဖြဲ႕ခ်ဳပ္ ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းနဲ႔ ၿငိစြန္းသြားႏိုင္တာေၾကာင့္ သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္ကို လက္ေလွ်ာ့လိုက္ရတာျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။
မက္ဆီ အေနနဲ႔လည္း ငယ္ဘဝကလပ္မွာသာ ကစားသမားဘဝကို ကုန္ဆုံးဖို႔ဆႏၵရွိခဲ့ေပမဲ့ ႐ုတ္တရက္ ျဖစ္ပ်က္ခဲ့တဲ့ အေျခအေနေတြေၾကာင့္ အသင္းသစ္ကိုရွာေဖြရေတာ့မွာပါ။
ဘာစီလိုနာ ပရိသတ္ေတြကေတာ့ အဆိုပါသတင္းကို ၾကားၾကားျခင္း ႏူးကမ့္ကြင္းအျပင္ဖက္ကို လာေရာက္စုေဝးခဲ့ၾကၿပီး ငိုေႂကြးခဲ့ၾကပါတယ္။ ပရိသတ္ေတြ အေနနဲ႔ ဘာစီလိုနာအသင္းက မက္ဆီ ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္မယ္လို႔သာ တထစ္ခ်ယုံၾကည္ထားတာျဖစ္လို႔ ဒီသတင္းက သူတို႔ကို ေတာ္ေတာ္ေလး ေရွာ့ခ္ရေစခဲ့တယ္လို႔ ဆိုရမွာပါ။
လက္ရွိအခ်ိန္မွာေတာ့ မက္ဆီ ကိုေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနတဲ့အသင္းဟာ ကာတာသူေဌးေတြရဲ႕ ေငြေၾကးနဲ႔တည္ေဆာက္ထားတဲ့ ျပင္သစ္ကလပ္ PSG ပဲျဖစ္ပါတယ္။ မက္ဆီ နဲ႔ ဘာစီလိုနာအသင္းတို႔ရဲ႕ သတင္းကိုၾကားၿပီးေနာက္ PSG အားကစားဒါ႐ိုက္တာက မက္ဆီ ကို ဆက္သြယ္ခဲ့တယ္လို႔ သတင္းေတြအရ သိရပါတယ္။
အသင္းေဖာ္ေဟာင္း ေနမာ နဲ႔ အာဂ်င္တီးနား အသင္းေဖာ္ေတြျဖစ္ၾကတဲ့ ဒီမာရီယာ ၊ ပါရီဒက္စ္ တို႔ကစားေနၾကတဲ့ PSG အသင္းကို မက္ဆီ ေရာက္ဖို႔ အေတာ္ေလးရာခိုင္ႏႈန္းမ်ားေနပါတယ္။