“ မက်ဆီ ကျွန်တော့်အိမ်မှာ လာနေလို့ရပါတယ်။” _ ရာမို့စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီရို ရာမို့စ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က လီယွန်နယ် မက်ဆီအနေနဲ့ သူ့အိမ်မှာ လာရောက်နေထိုင်နိုင်ကြောင်း အံအားသင့်ဖွယ် ကမ်းလှမ်းမှု ြပုလုပ်ခဲ့ပါတယ်။ ရီးရဲ ခံစစ်ကစားသမားက ဒီရာသီမှာ ကမ့်နူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် မက်ဆီအနေနဲ့ ဘာနေဗျူးကို ပြောင်းရွေ့ပါက နေအိမ်ရှာဖွေနေစဥ်အတောအတွင်း သူနဲ့အတူ လာရောက်နေထိုင်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

Twitch show တစ်ခုမှာ ရာမို့စ်က “မက်ဆီကို ရီးရဲမက်ဒရစ်ကနေ ကြိုဆိုမလား”ဆိုတဲ့ မေးခွန်းအပေါ် “ ဟုတ်တာပေါ့ ၊ ( ၁၀၀ ) ရာခိုင်နှုန်း သေချာပါတယ်။” လို့ တုန့်ပြန်ခဲ့ပါတယ်။ “ အစောပိုင်း ( ၁ ) ပတ် ၊ ( ၂ ) ပတ်လောက် ကျွန်တော်နဲ့အတူ လာနေလို့ရပါတယ်။ သူ့အနေနဲ့ သက်သောင့်သက်သာ နေထိုင်လို့ရပါတယ်။ ဒီလို ပြုလုပ်ခွင့်ရတဲ့အပေါ် ပျော်ရွှင်မိပါလိမ့်မယ်။”

“ မက်ဒရစ် ပရိသတ်တွေက လီယိုရဲ့ အကောင်းဆုံးနှစ်တွေကို သည်းခံပြီး ဖြတ်ကျော်ခဲ့ကြရပါတယ်။ သူနဲ့ ထိပ်တိုက်မတွေ့ဆုံပဲ တစ်သင်းတည်းအတူ ကစားခွင့်ရတာက အောင်မြင်မှုတွေ ပိုရရှိပါလိမ့်မယ်။ မရနိုင်ဘူးလို့ ပြောရင် ရူးတာပဲ ဖြစ်ပါလိမ့်မယ်။” ရာမို့စ်ဟာ ယခုနွေရာသီမှာ ရီးရဲ မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ရှိပေမယ့် ဘာစီလိုနာကိုတော့ ပြောင်းရွေ့ဖို့ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

“ လုံးဝ အခွင့်အရေး မရှိပါဘူး ။ ကျွန်တော် လာပေါ်တာကို သဘောကျပါတယ်။ ကျွန်တော် သူနဲ့ တွေ့ဆုံဖူးပြီး သူ့ကို သဘောကျပါတယ်။” “ ဒါပေမယ့် ဇာဗီ ၊ ပွေယိုးလ် ၊ ဒါမှမဟုတ် မက်ဆီ တို့ကို ရီးရဲမက်ဒရစ်မှာ တွေ့မြင်ရမှာ မဟုတ်ပါဘူး ။ ထို့အတူပဲ ကျွန်တော်တို့ကလည်း ဘာစီလိုနာအတွက် ဘယ်တော့မှ ကစားဖြစ်မှာ မဟုတ်ပါဘူး ။”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

“ မက္ဆီ ကြၽန္ေတာ့္အိမ္မွာ လာေနလို႔ရပါတယ္။” _ ရာမို႔စ္

ရီးရမက္ဒရစ္အသင္းေခါင္းေဆာင္ ဆာဂ်ီ႐ို ရာမို႔စ္ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က လီယြန္နယ္ မက္ဆီအေနနဲ႔ သူ႔အိမ္မွာ လာေရာက္ေနထိုင္ႏိုင္ေၾကာင္း အံအားသင့္ဖြယ္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ပါတယ္။ ရီးရဲ ခံစစ္ကစားသမားက ဒီရာသီမွာ ကမ့္ႏူးနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမယ့္ မက္ဆီအေနနဲ႔ ဘာေနဗ်ဴးကို ေျပာင္းေ႐ြ႕ပါက ေနအိမ္ရွာေဖြေနစဥ္အေတာအတြင္း သူနဲ႔အတူ လာေရာက္ေနထိုင္ႏိုင္ေၾကာင္း ဖိတ္ေခၚခဲ့တာ ျဖစ္ပါတယ္။

Twitch show တစ္ခုမွာ ရာမို႔စ္က “မက္ဆီကို ရီးရဲမက္ဒရစ္ကေန ႀကိဳဆိုမလား”ဆိုတဲ့ ေမးခြန္းအေပၚ “ ဟုတ္တာေပါ့ ၊ ( ၁၀၀ ) ရာခိုင္ႏႈန္း ေသခ်ာပါတယ္။” လို႔ တုန႔္ျပန္ခဲ့ပါတယ္။ “ အေစာပိုင္း ( ၁ ) ပတ္ ၊ ( ၂ ) ပတ္ေလာက္ ကြၽန္ေတာ္နဲ႔အတူ လာေနလို႔ရပါတယ္။ သူ႔အေနနဲ႔ သက္ေသာင့္သက္သာ ေနထိုင္လို႔ရပါတယ္။ ဒီလို ျပဳလုပ္ခြင့္ရတဲ့အေပၚ ေပ်ာ္႐ႊင္မိပါလိမ့္မယ္။”

“ မက္ဒရစ္ ပရိသတ္ေတြက လီယိုရဲ႕ အေကာင္းဆုံးႏွစ္ေတြကို သည္းခံၿပီး ျဖတ္ေက်ာ္ခဲ့ၾကရပါတယ္။ သူနဲ႔ ထိပ္တိုက္မေတြ႕ဆုံပဲ တစ္သင္းတည္းအတူ ကစားခြင့္ရတာက ေအာင္ျမင္မႈေတြ ပိုရရွိပါလိမ့္မယ္။ မရႏိုင္ဘူးလို႔ ေျပာရင္ ႐ူးတာပဲ ျဖစ္ပါလိမ့္မယ္။” ရာမို႔စ္ဟာ ယခုေႏြရာသီမွာ ရီးရဲ မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးဖို႔ရွိေပမယ့္ ဘာစီလိုနာကိုေတာ့ ေျပာင္းေ႐ြ႕ဖို႔ မရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

“ လုံးဝ အခြင့္အေရး မရွိပါဘူး ။ ကြၽန္ေတာ္ လာေပၚတာကို သေဘာက်ပါတယ္။ ကြၽန္ေတာ္ သူနဲ႔ ေတြ႕ဆုံဖူးၿပီး သူ႔ကို သေဘာက်ပါတယ္။” “ ဒါေပမယ့္ ဇာဗီ ၊ ေပြယိုးလ္ ၊ ဒါမွမဟုတ္ မက္ဆီ တို႔ကို ရီးရဲမက္ဒရစ္မွာ ေတြ႕ျမင္ရမွာ မဟုတ္ပါဘူး ။ ထို႔အတူပဲ ကြၽန္ေတာ္တို႔ကလည္း ဘာစီလိုနာအတြက္ ဘယ္ေတာ့မွ ကစားျဖစ္မွာ မဟုတ္ပါဘူး ။”