မက်ဆီ၊ယူနိုက်တက်၊ လူကာကူတို့နဲ့ ပတ်သက်တဲ့ သတင်းတိုများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG ဟာ မက်ဆီ ကို ၃ နှစ် စာချုပ် ( ၂ နှစ် + ထပ်တိုး ၁ နှစ် ) နဲ့ ခေါ်ယူ နိုင်ဖို့ အပြည့်အ၀ ယုံကြည်ထားပြီး အခြား ကလပ် အသင်းတွေ အားလုံး နီးပါး မက်ဆီ ကို လက်ရှောင် ထားခဲ့ကြတယ်လို့ သိရ ပါတယ်။

ဘာစီလိုနာအသင်းဟာ ဖီးလစ်ကော်တင်ဟိုကို လီဗာပူးအသင်းကနေ ခေါ်ယူခဲ့စဉ်တုန်းက အသင်းအတွက် ပြိုင်ပွဲပေါင်း (၁၀၀)ပြည့်အောင် ကစားနိုင်ခဲ့မယ်ဆိုရင် လီဗာပူးအသင်းဆီကို နောက်ထပ် အပိုကြေးအဖြစ် ပေါင်သန်း(၂၀) ပေးချေသွားဖို့ စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားတယ်ဆိုပြီး

သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘာစီလိုနာကတော့ ဒီလိုသဘောတူညီမှုမျိုး မပြုလုပ်ထားဘူးလို့ ငြင်းဆန်သွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းနဲ့ လက်တွဲဖြုတ်လိုက်တဲ့ လီယွန်နယ်မက်ဆီကို အသင်းဆီ အရခေါ်ယူသွားဖွယ် မရှိဘဲ သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့

အင်တာမီလန် တိုက်စစ်ကစားသမား လူကာကူကိုသာ ခေါ်ယူနိုင်ဖို့ကို အဓိကထားနေလျက်ရှိနေသလို Football London ရဲ့ ဖော်ပြချက်အရ လူကာကူဟာ ချယ်လ်ဆီးကို (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရှိရပါတယ်။

ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ်ဟာ ကလပ် အသင်းက ဘောလုံး သမား အားလုံးကို ကိုဗစ် ကာကွယ်ဆေး ထိုးနှံဖို့ အတွက် ဖိအားပေး လုပ်ဆောင် ဖွယ် ရှိနေပြီး ဆေးမထိုးပါက ပွဲကစားခွင့် မပြုဘူး ဆိုတဲ့ စည်းမျဉ်းကို ထုတ်ပြန်ဖို့ လုပ်ဆောင် နေတယ်လို့ သိရ ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အချို့က ကစားသမားတွေဟာ ကိုဗစ် ကာကွယ်ဆေး ထိုးဖို့ ဆန္ဒ မရှိကြဘဲ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကလည်း သူတို့ အသင်းက ကစားသမားအချို့ ဟာ ကာကွယ်ဆေး ထိုးဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ် လို့ ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ်။

နွေဈေးကွက်အတွင်းမှာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ ထွက်ခွာရဖွယ် ရှိလို့နေတဲ့ နောက်ခံကစားသမား တွမ်ဇီဘီကို အက်စတွန်ဗီလာနဲ့ နယူးကာဆယ် ယူနိုက်တက်အသင်းတွေကနေ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြပြီး

လတ်တလောမှာတော့ တွမ်ဇီဘီက နယူးကာဆယ်ဆီ တစ်ရာသီအငှားနဲ့ ရောက်ရှိဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီ၊ယူႏိုက္တက္၊ လူကာကူတို႔နဲ႔ ပတ္သက္တဲ့ သတင္းတိုမ်ား

PSG ဟာ မက္ဆီ ကို ၃ ႏွစ္ စာခ်ဳပ္ ( ၂ ႏွစ္ + ထပ္တိုး ၁ ႏွစ္ ) နဲ႔ ေခၚယူ ႏိုင္ဖို႔ အျပည့္အ၀ ယုံၾကည္ထားၿပီး အျခား ကလပ္ အသင္းေတြ အားလုံး နီးပါး မက္ဆီ ကို လက္ေရွာင္ ထားခဲ့ၾကတယ္လို႔ သိရ ပါတယ္။

ဘာစီလိုနာအသင္းဟာ ဖီးလစ္ေကာ္တင္ဟိုကို လီဗာပူးအသင္းကေန ေခၚယူခဲ့စဥ္တုန္းက အသင္းအတြက္ ၿပိဳင္ပြဲေပါင္း (၁၀၀)ျပည့္ေအာင္ ကစားႏိုင္ခဲ့မယ္ဆိုရင္ လီဗာပူးအသင္းဆီကို ေနာက္ထပ္ အပိုေၾကးအျဖစ္ ေပါင္သန္း(၂၀) ေပးေခ်သြားဖို႔ စာခ်ဳပ္ထဲမွာ ထည့္သြင္းခ်ဳပ္ဆိုထားတယ္ဆိုၿပီး သတင္းေတြ ထြက္ေပၚေနေပမယ့္ ဘာစီလိုနာကေတာ့ ဒီလိုသေဘာတူညီမႈမ်ိဳး မျပဳလုပ္ထားဘူးလို႔ ျငင္းဆန္သြားခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ဘာစီလိုနာအသင္းနဲ႔ လက္တြဲျဖဳတ္လိုက္တဲ့ လီယြန္နယ္မက္ဆီကို အသင္းဆီ အရေခၚယူသြားဖြယ္ မရွိဘဲ သူတို႔အသင္းရဲ႕ အဓိကပစ္မွတ္ျဖစ္တဲ့ အင္တာမီလန္ တိုက္စစ္ကစားသမား လူကာကူကိုသာ ေခၚယူႏိုင္ဖို႔ကို အဓိကထားေနလ်က္ရွိေနသလို Football London ရဲ႕ ေဖာ္ျပခ်က္အရ လူကာကူဟာ ခ်ယ္လ္ဆီးကို (၅)ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ကစားဖို႔ သေဘာတူညီမႈ ရရွိထားတယ္လို႔ သိရွိရပါတယ္။

ပရီးမီးယားလိဂ္ ေဘာလုံး အဖြဲ႕ခ်ဳပ္ဟာ ကလပ္ အသင္းက ေဘာလုံး သမား အားလုံးကို ကိုဗစ္ ကာကြယ္ေဆး ထိုးႏွံဖို႔ အတြက္ ဖိအားေပး လုပ္ေဆာင္ ဖြယ္ ရွိေနၿပီး ေဆးမထိုးပါက ပြဲကစားခြင့္ မျပဳဘူး ဆိုတဲ့ စည္းမ်ဥ္းကို ထုတ္ျပန္ဖို႔ လုပ္ေဆာင္ ေနတယ္လို႔ သိရ ပါတယ္။

ပရီးမီးယားလိဂ္ ကလပ္ အခ်ိဳ႕က ကစားသမားေတြဟာ ကိုဗစ္ ကာကြယ္ေဆး ထိုးဖို႔ ဆႏၵ မရွိၾကဘဲ ယူႏိုက္တက္ နည္းျပ ဆိုးလ္ရွား ကလည္း သူတို႔ အသင္းက ကစားသမားအခ်ိဳ႕ ဟာ ကာကြယ္ေဆး ထိုးဖို႔ မေသခ်ာတဲ့ အေနအထားမွာ ရွိေနပါတယ္ လို႔ ထုတ္ေဖာ္ေျပာဆို သြားခဲ့ ပါတယ္။

ေႏြေဈးကြက္အတြင္းမွာ ယူႏိုက္တက္အသင္းကေန အငွားနဲ႔ ထြက္ခြာရဖြယ္ ရွိလို႔ေနတဲ့ ေနာက္ခံကစားသမား တြမ္ဇီဘီကို အက္စတြန္ဗီလာနဲ႔ နယူးကာဆယ္ ယူႏိုက္တက္အသင္းေတြကေန ေခၚယူသြားဖို႔ အၿပိဳင္စိတ္ဝင္စားေနၾကၿပီး လတ္တေလာမွာေတာ့ တြမ္ဇီဘီက နယူးကာဆယ္ဆီ တစ္ရာသီအငွားနဲ႔ ေရာက္ရွိဖို႔ နီးစပ္ေနတယ္လို႔ သိရပါတယ္။