မက်ဆီအပါအဝင် ဘာစီလိုနာအသင်းသားတချို့ရဲ့လုပ်ရပ်အပေါ် ပရာဟာဟီးရိုး ကိုလာ မပျော်မရွှင်ဖြစ်နေ

Photo Credit

Photo Credit

ဆလားဗီးယားပရာဟာဟီးရိုး အွန်ဒရီကိုလာဟာ ဘာစီလိုနာအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် အိမ်ရှင်အသင်းသားတချို့ သူတို့အသင်းသားတွေကို လက်ဆွဲနှုတ်ဆက် ဒါမှမဟုတ် ဂျာစီမလဲခဲ့တာနဲ့ပတ်သက်လို့ အိမ်ရှင်ကြယ်ပွင့်တချို့ရဲ့လုပ်ရပ်အပေါ် စိတ်ပျက်မိကြောင်း ဝန်ခံပါတယ်။

Photo Credit

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်နဲ့ လာလီဂါပြိုင်ပွဲတွေမှာ ထိပ်ဆုံးကနေဦးဆောင်နေပေမယ့် တည်ငြိမ်တဲ့ခြေစွမ်းမပြနိုင်လို့ ဖိအားတွေနဲ့ရင်ဆိုင်နေရပြီး ပရာဟာနဲ့ပွဲမှာလည်း ပြတ်သားတဲ့နိုင်ပွဲရဖို့ လိုအပ်ခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ ဘာစီလိုနာအသင်းအနေနဲ့ လိုအပ်နေတဲ့နိုင်ပွဲမရယူနိုင်ခဲ့တဲ့အပြင် ပရာဟာအသင်းကတောင် ဂိုးသွင်းနိုင်ခဲ့သေးပြီး လူကျွံဘောဖြစ်နေလို့သာ အိမ်ကွင်းမှာအရေးမနိမ့်ခဲ့ရတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပရာဟာဂိုးသမား ကိုလာက ဘာစီလိုနာအသင်းရဲ့ထိုးဖောက်မှုတွေကို အကောင်းဆုံးတားဆီးကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit

ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားအဖြစ် အငြင်းပွားဖွယ်မရှိ သတ်မှတ်ခံခဲ့ရတဲ့ ကိုလာက ပွဲအပြီး နူးကမ့်ကွင်းအတွင်းရှိ ဥမင်လိုဏ်ခေါင်းအတွင်း သူ့ကို ဂုဏ်ပြုနှုတ်ဆက်ဖို့ စောင့်နေတဲ့ဘာစီလိုနာဂိုးသမား တာစတီဂန်ရဲ့အပြုအမူကို ချီးကျူးခဲ့ပေမယ့် တာစတီဂန်ရဲ့အသင်းဖော်အများစုကတော့ သူတို့ရဲ့ပြိုင်ဘက်တွေကို အလေးမထားခဲ့ပါဘူး။

Photo Credit

”တာစတီဂန်က ဥမင်ထဲမှာ ကျွန်တော့်ကို စောင့်နေခဲ့ပါတယ်။ သူက ကျွန်တော့်ကိုလည်းပြောသေးတယ်။ ကျွန်တော့်လိုစွမ်းဆောင်မှုမျိုး သူမမြင်တွေ့ရတာ ကြာပြီဆိုတဲ့အကြောင်း၊ လက်စွမ်းအရရော ကျွန်တော့်ရဲ့ခြေစွမ်းကိုပါ စောင့်ကြည့်ရတာ ပျော်စရာကောင်းတဲ့အကြောင်း ပြောပါတယ်”

Photo Credit

”ပွဲအပြီးမှာ ကျွန်တော့်ကို သူစောင့်နေတာက ကျွန်တော့်အတွက် ဆုတစ်ခုလိုပါပဲ။ သူ့လိုဂိုးသမားကောင်းတစ်ယောက်ရဲ့ချီးကျူးခံရတာက ကျွန်တော့်အတွက်တော့ ကြက်သီးထရလောက်အောင် ဝမ်းသာမိပါတယ်။ အံ့အားသင့်စရာကောင်းတဲ့အတွေ့အကြုံဖြစ်ပေမယ့် တချို့သောဘာစီလိုနာအသင်းသားတွေကတော့…”

Photo Credit

”မက်ဆီနဲ့ တခြားကစားသမားတွေက ပွဲပြီးတာနဲ့ တန်းပြီးပြန်သွားကြပါတယ်။ သူတို့ထဲက တချို့ဆို ကျွန်တော်တို့ကို လက်ဆွဲနှုတ်ဆက်တာတောင် မလုပ်ခဲ့ပါဘူး။ ဝမ်းနည်းစရာတော့ကောင်းပါတယ်။ ကျွန်တော်တို့အားလုံးလည်း သူတို့လိုနာမည်ကြီးကစားသမားတွေနဲ့ တွေ့ဆုံဖို့ စိတ်အားထက်သန်ခဲ့တာပါ။ ပွဲအပြီးမှာလည်း အမှတ်တရဖြစ်အောင် သူတို့နဲ့ဂျာစီတွေလဲချင်ခဲ့ပေမယ့် သူတို့ရဲ့အပြုအမူက ဝမ်းနည်းစရာပါပဲ”လို့ ကိုလာက ပြောပါတယ်။

Photo Credit

Zawgyi

မက္ဆီအပါအ၀င္ ဘာစီလုိနာအသင္းသားတခ်ိဳ႕ရဲ႕လုပ္ရပ္အေပၚ ပရာဟာဟီး႐ိုး ကိုလာ မေပ်ာ္မရႊင္ျဖစ္ေန

ဆလားဗီးယားပရာဟာဟီး႐ိုး အြန္ဒရီကိုလာဟာ ဘာစီလုိနာအသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့ၿပီးေနာက္ အိမ္ရွင္အသင္းသားတခ်ိဳ႕ သူတုိ႔အသင္းသားေတြကို လက္ဆြဲႏႈတ္ဆက္ ဒါမွမဟုတ္ ဂ်ာစီမလဲခဲ့တာနဲ႔ပတ္သက္လုိ႔ အိမ္ရွင္ၾကယ္ပြင့္တခ်ိဳ႕ရဲ႕လုပ္ရပ္အေပၚ စိတ္ပ်က္မိေၾကာင္း ၀န္ခံပါတယ္။
ဘာစီလုိနာအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္နဲ႔ လာလီဂါၿပိဳင္ပြဲေတြမွာ ထိပ္ဆုံးကေနဦးေဆာင္ေနေပမယ့္ တည္ၿငိမ္တဲ့ေျခစြမ္းမျပႏိုင္လုိ႔ ဖိအားေတြနဲ႔ရင္ဆုိင္ေနရၿပီး ပရာဟာနဲ႔ပြဲမွာလည္း ျပတ္သားတဲ့ႏိုင္ပဲြရဖို႔ လိုအပ္ခဲ့ပါတယ္။
ဒါေပမဲ့ ဘာစီလုိနာအသင္းအေနနဲ႔ လိုအပ္ေနတဲ့ႏိုင္ပဲြမရယူႏိုင္ခဲ့တဲ့အျပင္ ပရာဟာအသင္းကေတာင္ ဂိုးသြင္းႏုိင္ခဲ့ေသးၿပီး လူကၽြံေဘာျဖစ္ေနလုိ႔သာ အိမ္ကြင္းမွာအေရးမနိမ့္ခ့ဲရတာျဖစ္ပါတယ္။ တစ္ဖက္မွာလည္း ပရာဟာဂိုးသမား ကိုလာက ဘာစီလုိနာအသင္းရဲ႕ထိုးေဖာက္မႈေတြကို အေကာင္းဆုံးတားဆီးကာကြယ္ႏိုင္ခဲ့ပါတယ္။
ပြဲစဥ္အလုိက္ အေကာင္းဆံုးကစားသမားအျဖစ္ အျငင္းပြားဖြယ္မရွိ သတ္မွတ္ခံခဲ့ရတဲ့ ကိုလာက ပြဲအၿပီး ႏူးကမ့္ကြင္းအတြင္းရွိ ဥမင္လိုဏ္ေခါင္းအတြင္း သူ႕ကို ဂုဏ္ျပဳႏႈတ္ဆက္ဖုိ႔ ေစာင့္ေနတဲ့ဘာစီလုိနာဂိုးသမား တာစတီဂန္ရဲ႕အျပဳအမူကို ခ်ီးက်ဴးခဲ့ေပမယ့္ တာစတီဂန္ရဲ႕အသင္းေဖာ္အမ်ားစုကေတာ့ သူတုိ႔ရဲ႕ၿပိဳင္ဘက္ေတြကို အေလးမထားခဲ့ပါဘူး။
”တာစတီဂန္က ဥမင္ထဲမွာ ကၽြန္ေတာ့္ကို ေစာင့္ေနခဲ့ပါတယ္။ သူက ကၽြန္ေတာ့္ကိုလည္းေျပာေသးတယ္။ ကၽြန္ေတာ့္လိုစြမ္းေဆာင္မႈမ်ိဳး သူမျမင္ေတြ႕ရတာ ၾကာၿပီဆုိတဲ့အေၾကာင္း၊ လက္စြမ္းအရေရာ ကၽြန္ေတာ့္ရဲ႕ေျခစြမ္းကိုပါ ေစာင့္ၾကည့္ရတာ ေပ်ာ္စရာေကာင္းတ့ဲအေၾကာင္း ေျပာပါတယ္”
”ပြဲအၿပီးမွာ ကၽြန္ေတာ့္ကို သူေစာင့္ေနတာက ကၽြန္ေတာ့္အတြက္ ဆုတစ္ခုလုိပါပဲ။ သူ႕လုိဂိုးသမားေကာင္းတစ္ေယာက္ရဲ႕ခ်ီးက်ဴးခံရတာက ကၽြန္ေတာ့္အတြက္ေတာ့ ၾကက္သီးထရေလာက္ေအာင္ ၀မ္းသာမိပါတယ္။ အ့ံအားသင့္စရာေကာင္းတဲ့အေတြ႕အႀကံဳျဖစ္ေပမယ့္ တခ်ိဳ႕ေသာဘာစီလုိနာအသင္းသားေတြကေတာ့…”
”မက္ဆီနဲ႔ တျခားကစားသမားေတြက ပြဲၿပီးတာနဲ႔ တန္းၿပီးျပန္သြားၾကပါတယ္။ သူတို႔ထဲက တခ်ိဳ႕ဆို ကၽြန္ေတာ္တုိ႔ကို လက္ဆြဲႏႈတ္ဆက္တာေတာင္ မလုပ္ခဲ့ပါဘူး။ ၀မ္းနည္းစရာေတာ့ေကာင္းပါတယ္။ ကၽြန္ေတာ္တုိ႔အားလုံးလည္း သူတုိ႔လုိနာမည္ႀကီးကစားသမားေတြနဲ႔ ေတြ႕ဆုံဖို႔ စိတ္အားထက္သန္ခဲ့တာပါ။ ပြဲအၿပီးမွာလည္း အမွတ္တရျဖစ္ေအာင္ သူတုိ႔နဲ႔ဂ်ာစီေတြလဲခ်င္ခဲ့ေပမယ့္ သူတုိ႔ရဲ႕အျပဳအမူက ၀မ္းနည္းစရာပါပဲ”လုိ႔ ကိုလာက ေျပာပါတယ္။