မက်ဆီအတွက် ပေါင် ၆၃၁သန်းအထိ တောင်းဆိုဖို့ ဘာစီလိုနာ ပြင်ဆင်

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘာစီလိုနာအသင်းဟာ ယခုနွေရာသီအတွင်း အသင်းခေါင်းဆောင် မက်ဆီကို ခေါ်ယူချင်တဲ့ ဘယ်အသင်းဆီကမဆို ပေါင် ၆၃၁ သန်းတောင်းဆိုဖွယ်ရှိနေပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ အသင်းကနေ ထွက်ခွာချင်တဲ့အကြောင်း တာဝန်ရှိသူတွေဆီ အသိပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။

Photo Credit

ချန်ပီယံလိဂ် ၁၆သင်းအဆင့် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို အရှက်ရဖွယ် ၈-၂ ဂိုးနဲ့ ဘာစီလိုနာအသင်း အရေးနိမ့်ခဲ့ရပြီးနောက် မက်ဆီက မိမိအနေနဲ့ အသင်းကနေ ထွက်ခွာချင်တယ်လု့ိ အသင်းတာဝန်ရှိသူတွေကို အသိပေးခဲ့တာပါ။

Photo Credit

ဘာစီလိုနာအသင်းက နည်းပြ ဆက်တီယန်ကို ရာထူးကနေ ထုတ်ပယ်ကာ အသင်းရဲ့ဂန္ထဝင်ကစားသမား ရော်နယ်ကိုးမန်းကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခဲ့ပေမယ့် မက်ဆီကတော့ အခုချိန်အထိ အသင်းကနေ ထွက်ခွာချင်နေဆဲဖြစ်ကြောင်း သိရပါတယ်။

Photo Credit

ဒါပေမဲ့ တကယ်လို့ ယခုနွေရာသီအတွင်း အသင်းကနေ ထွက်ခွာချင်တယ်ဆိုရင် မက်ဆီကို ခေါ်ယူမယ့်ဘယ်အသင်းမဆို သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃၁ သန်းပေးချေရလိမ့်မယ်လို့ ကာယကံရှင်ဖြစ်သူကို အသိပေးထားတယ်လို့ စပိန်သတင်းစာ Mundo Deportivo က ရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit

နည်းပြသစ်ကိုးမန်းကတော့ မိမိအနေနဲ့ အသင်းမှာ မက်ဆီ ဆက်ရှိစေလိုကြောင်းနဲ့ အသင်းဘက်ကလည်း မက်ဆီရဲ့ရည်မှန်းချက်တွေကို မဖြစ်မနေလိုက်မီရလိမ့်မယ်လို့ ပြောပါတယ်။

Photo Credit

”မက်ဆီက တကယ့်ကိုစစ်မှန်တဲ့ Winner ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဂွါဒီယိုလာနဲ့ အရမ်းရင်းနှီးပြီး အခုချိန်အထိလည်း သူနဲ့ အဆက်အသွယ်ရှိနေဆဲပါပဲ။ ဂွါဒီယိုလာကတော့ မက်ဆီအနေနဲ့ အရာအားလုံး အနိုင်ရချင်တဲ့အကြောင်း ကျွန်တော့်ကို ပြောပါတယ်”

Photo Credit

”တကယ်လို့ အောင်မြင်မှုမရဘူးဆိုရင်တော့ မက်ဆီက အရမ်းကိုစိတ်ပျက်သွားလေ့ရှိပါတယ်။ ကျွန်တော်လည်း သူနဲ့အတူ လက်တွဲအလုပ်လုပ်ဖို့ စိတ်လှုပ်ရှားနေပါတယ်။ မက်ဆီက ဘာစီလိုနာဖြစ်သလို ဘာစီလိုနာကလည်း မက်ဆီဖြစ်ပါတယ်”လို့ ကိုးမန်းက ပြောပါတယ်။

 

Photo Credit

မက်ဆီက လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁နှစ်ပဲ ကျန်တော့ပြီး အခုချိန်အထိလည်း စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ အဆင်မပြေသေးပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

မက္ဆီအတြက္ ေပါင္ ၆၃၁သန္းအထိ ေတာင္းဆုိဖို႔ ဘာစီလုိနာ ျပင္ဆင္

ဘာစီလုိနာအသင္းဟာ ယခုေႏြရာသီအတြင္း အသင္းေခါင္းေဆာင္ မက္ဆီကို ေခၚယူခ်င္တဲ့ ဘယ္အသင္းဆီကမဆုိ ေပါင္ ၆၃၁ သန္းေတာင္းဆုိဖြယ္ရွိေနပါတယ္။ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ အသင္းကေန ထြက္ခြာခ်င္တဲ့အေၾကာင္း တာ၀န္ရွိသူေတြဆီ အသိေပးထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။
ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ကြာတားဖိုင္နယ္ပြဲစဥ္မွာ ဘုိင္ယန္ျမဴးနစ္ကို အရွက္ရဖြယ္ ၈-၂ ဂိုးနဲ႔ ဘာစီလုိနာအသင္း အေရးနိမ့္ခဲ့ရၿပီးေနာက္ မက္ဆီက မိမိအေနနဲ႔ အသင္းကေန ထြက္ခြာခ်င္တယ္လု႔ိ အသင္းတာ၀န္ရွိသူေတြကို အသိေပးခဲ့တာပါ။
ဘာစီလုိနာအသင္းက နည္းျပ ဆက္တီယန္ကို ရာထူးကေန ထုတ္ပယ္ကာ အသင္းရဲ႕ဂႏၳ၀င္ကစားသမား ေရာ္နယ္ကိုးမန္းကို နည္းျပသစ္အျဖစ္ အစားထိုးခန္႔အပ္ခဲ့ေပမယ့္ မက္ဆီကေတာ့ အခုခ်ိန္အထိ အသင္းကေန ထြက္ခြာခ်င္ေနဆဲျဖစ္ေၾကာင္း သိရပါတယ္။
ဒါေပမဲ့ တကယ္လုိ႔ ယခုေႏြရာသီအတြင္း အသင္းကေန ထြက္ခြာခ်င္တယ္ဆိုရင္ မက္ဆီကို ေခၚယူမယ့္ဘယ္အသင္းမဆို သူ႕ရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၆၃၁ သန္းေပးေခ်ရလိမ့္မယ္လုိ႔ ကာယကံရွင္ျဖစ္သူကို အသိေပးထားတယ္လုိ႔ စပိန္သတင္းစာ Mundo Deportivo က ေရးသားေဖာ္ျပခဲ့ပါတယ္။
နည္းျပသစ္ကိုးမန္းကေတာ့ မိမိအေနနဲ႔ အသင္းမွာ မက္ဆီ ဆက္ရွိေစလုိေၾကာင္းနဲ႔ အသင္းဘက္ကလည္း မက္ဆီရဲ႕ရည္မွန္းခ်က္ေတြကို မျဖစ္မေနလုိက္မီရလိမ့္မယ္လုိ႔ ေျပာပါတယ္။
”မက္ဆီက တကယ့္ကိုစစ္မွန္တဲ့ Winner ျဖစ္ပါတယ္။ ကၽြန္ေတာ္ဟာ ဂြါဒီယိုလာနဲ႔ အရမ္းရင္းႏွီးၿပီး အခုခ်ိန္အထိလည္း သူနဲ႔ အဆက္အသြယ္ရွိေနဆဲပါပဲ။ ဂြါဒီယိုလာကေတာ့ မက္ဆီအေနနဲ႔ အရာအားလုံး အႏိုင္ရခ်င္တဲ့အေၾကာင္း ကၽြန္ေတာ့္ကို ေျပာပါတယ္”
”တကယ္လုိ႔ ေအာင္ျမင္မႈမရဘူးဆိုရင္ေတာ့ မက္ဆီက အရမ္းကိုစိတ္ပ်က္သြားေလ့ရွိပါတယ္။ ကၽြန္ေတာ္လည္း သူနဲ႔အတူ လက္တြဲအလုပ္လုပ္ဖို႔ စိတ္လႈပ္ရွားေနပါတယ္။ မက္ဆီက ဘာစီလိုနာျဖစ္သလုိ ဘာစီလုိနာကလည္း မက္ဆီျဖစ္ပါတယ္”လုိ႔ ကိုးမန္းက ေျပာပါတယ္။
မက္ဆီက လက္ရွိစာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၁ႏွစ္ပဲ က်န္ေတာ့ၿပီး အခုခ်ိန္အထိလည္း စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ ေဆြးေႏြးမႈေတြ အဆင္မေျပေသးပါဘူး။