မက်ဆီအတွက် ကြီးမားတဲ့ အဟန့်အတား အုတ်တံတိုင်း ဖြစ်ခဲ့တဲ့ ဂိုးသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ထိပ်တန်းကစားသမားတွေအတွက် ဂိုးသွင်းယူတဲ့ကိစ္စဟာလွယ်တဲ့ အနေအထားတွေရှိသလို၊ ခက်ခဲတဲ့အခြေအနေတွေလည်းရှိတတ်ပါတယ်။ အထူးသဖြင့် တော်လွန်းတဲ့ ဂိုးသမားနဲ့ တွေ့တဲ့အခါ ဂိုးပေါက်ကိုထိုးဖောက်နိုင်ဖို့ အတော့်ကို ကြိုးစားရပါတယ်။ စူပါစတားဘောလုံးသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မက်ဆီအတွက် ကျော်ဖြတ်ဖို့ခက်ခဲတဲ့ဂိုးသမားတစ်ယောက်လည်းရှိပါတယ်။

သူကတော့ချယ်လ်ဆီးနဲ့အာဆင်နယ်အသင်းတို့ရဲ့ ဂိုးသမားဟောင်းကြီးတစ်ဦးဖြစ်သလို လက်ရှိမှာ ချယ်လ်ဆီးရဲ့ နည်းစနစ်ဒါရိုက်တာ/ကစားသမားအဖြစ်နဲ့ ဆောင်ရွက်နေတဲ့ ပီတာချက်ပဲဖြစ်ပါတယ်။ သူက သူ့အနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူခဲ့စဉ်တုန်းက ဘာစီလိုနာတိုက်စစ်ကစားသမားမက်ဆီနဲ့ အကြိမ်ကြိမ်ရင်ဆိုင်တွေ့ဆုံခဲ့ရဖူးပြီး မက်ဆီက သူ့ကို ဂိုးသွင်းယူနိုင်ဖို့အတွက် အတော်လေးကြိုးစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ပီတာချက်က “မက်ဆီက ကျွန်တော်တာဝန်ယူထားတဲ့ဂိုးပေါက်ထဲကို သွင်းဂိုးသွင်းယူနိုင်ဖို့အတွက်အတော်လေးကို အချိန်ယူကြိုးစားခဲ့ရပါတယ်။ ကျွန်တော်ချယ်လ်ဆီးအသင်းမှာ ကစားခဲ့တုန်းက သူနဲ့(6)ပွဲအထိ ရင်ဆိုင်ခဲ့ရပြီးတော့ တစ်ပွဲမှာမှ ဂိုးမပေးခဲ့ရပါဘူး။”

“ကျွန်တော်အာဆင်နယ်အသင်းဆီ ရောက်ရှိတဲ့အခါမှပဲ မက်ဆီရဲ့ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ မက်ဆီလို ကစားသမားမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ဖိအားတော့ဖြစ်စေပါတယ်။ ဒါပေမယ့် သူပင်နယ်တီကန်သွင်းတဲ့အခါ လွဲချော်တာတွေရှိသလို၊ သူ့ရဲ့ကန်သွင်းချက်ကို ကျွန်တော်ကာကွယ်နိုင်ခဲ့တာတွေလည်းရှိပါတယ်။”

“မက်ဆီရဲ့ကန်ချက်တွေ တိုင်ထိတာမျိုးလည်းရှိပါတယ်။ ကျွန်တော့်မှာလည်း ပွဲစဉ်တွေမှာ Clean Sheet ရယူဖို့ အတွက်က ပိုပြီးတော့ ဖိအားများပါသေးတယ်။ မက်ဆီနဲ့တွေ့တဲ့အခါ ဘယ်ပွဲစဉ်ကဖိအားအများဆုံးလဲဆိုရင် ၂၀၁၂ခုနှစ်တုန်းက နူးကမ့်မှာ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်နေရချိန် သူပင်နယ်တီကန်တာကို ကာကွယ်ရတာက ကျွန်တော့်အတွက် ဖိအားအများဆုံးပါပဲ။”

“အဲဒီအချိန်တုန်းကဆိုရင် မက်ဆီဘာလုပ်နိုင်လဲ သူဘယ်လိုကန်သွင်းနိုင်မလဲဆိုတာကို စိတ်ထဲမှာ မှန်းဆတွေးတောနေခဲ့ရတာပါ။ အဲဒီအချိန်မှာ ကျွန်တော့်ရဲ့နည်းဗျူဟာကတော့ သူဘယ်နေရာကို ကန်မလဲဆိုတာကို သိလာတဲ့အချိန်ထိ ခဏလောက်စောင့်ဆိုင်းလိုက်ပါတယ်။ သူ့ရဲ့ဘောလုံးလမ်းကြောင်း လာမယ့်နေရာကို ကျွန်တော်မှန်းဆမိနိုင်ခဲ့ပါတယ်။”

“မက်ဆီကလည်း အဲဒါကို သိသွားတော့ အပေါ်ဘက်ကိုရောက်အောင် ကန်သွင်းလိုက်တယ်။ ဒါပေမယ့်အဲဒီကန်ချက်က တိုင်ထိသွားခဲ့ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ၂၀၀၄ခုနှစ်ကနေ ၂၀၁၂ခုနှစ်အတွင်း ဥရောပပြိုင်ပွဲတွေအတွင်း (၁၀)ကြိမ်အထိ မကြာခဏရင်ဆိုင်တွေ့ဆုံခဲ့ရပြီး ဂိုးသမားကြီးပီတာချက်တစ်ယောက်လည်း မက်ဆီနဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။

နောက်တော့ ပီတာချက်လည်း အသင်းပြောင်းခဲ့ပြီး၊ မက်ဆီနဲ့ထပ်မံတွေ့ဆုံခဲ့ပါတယ်။ ပီတာချက်ဟာ လက်ရှိမှာ ချယ်လ်ဆီးအသင်းရဲ့နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူနေသလို အရေးလိုရင် အသုံးပြုနိုင်ဖို့အတွက် သူ့ကို နည်းပြလမ်းပတ်ကအသင်းရဲ့လူစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီအတြက္ ႀကီးမားတဲ့ အဟန္႔အတား အုတ္တံတိုင္း ျဖစ္ခဲ့တဲ့ ဂိုးသမား

ထိပ္တန္းကစားသမား​ေတြအတြက္ ဂိုးသြင္းယူတဲ့ကိစၥဟာလြယ္တဲ့ အ​ေနအထား​ေတြရွိသလို၊ ခက္ခဲတဲ့အ​ေျခအ​ေန​ေတြလည္းရွိတတ္ပါတယ္။ အထူးသျဖင့္ ​ေတာ္လြန္းတဲ့ ဂိုးသမားနဲ႔ ​ေတြ႕တဲ့အခါ ဂိုး​ေပါက္ကိုထိုး​ေဖာက္ႏိုင္ဖို႔ အ​ေတာ့္ကို ႀကိဳးစားရပါတယ္။ စူပါစတား​ေဘာလုံးသမား​​ေတြထဲမွာ တစ္​ေယာက္အပါအ၀င္ျဖစ္တဲ့ မက္ဆီအတြက္ ​ေက်ာ္ျဖတ္ဖို႔ခက္ခဲတဲ့ဂိုးသမားတစ္​ေယာက္လည္းရွိပါတယ္။

သူက​ေတာ့ခ်ယ္လ္ဆီးနဲ႔အာဆင္နယ္အသင္းတို႔ရဲ႕ ဂိုးသမားေဟာင္းႀကီးတစ္ဦးျဖစ္သလို လက္ရွိမွာ ခ်ယ္လ္ဆီးရဲ႕ နည္းစနစ္ဒါ႐ိုက္တာ/ကစားသမားအျဖစ္နဲ႔ ေဆာင္႐ြက္ေနတဲ့ ပီတာခ်က္ပဲျဖစ္ပါတယ္။ သူက သူ႔အေနနဲ႔ ခ်ယ္လ္ဆီးအသင္းရဲ႕ ဂိုးေပါက္ကို တာဝန္ယူခဲ့စဥ္တုန္းက ဘာစီလိုနာတိုက္စစ္ကစားသမားမက္ဆီနဲ႔ အႀကိမ္ႀကိမ္ရင္ဆိုင္ေတြ႕ဆုံခဲ့ရဖူးၿပီး မက္ဆီက သူ႔ကို ဂိုးသြင္းယူႏိုင္ဖို႔အတြက္ အေတာ္ေလးႀကိဳးစားခဲ့ရတယ္လို႔ ထုတ္ေဖာ္ေျပာဆိုလာခဲ့ပါတယ္။

ပီတာခ်က္က “မက္ဆီက ကြၽန္ေတာ္တာ၀န္ယူထားတဲ့ဂိုးေပါက္ထဲကို သြင္းဂိုးသြင္းယူႏိုင္ဖို႔အတြက္အေတာ္ေလးကို အခ်ိန္ယူႀကိဳးစားခဲ့ရပါတယ္။ ကြၽန္​ေတာ္ခ်ယ္လ္ဆီးအသင္းမွာ ကစားခဲ့တုန္းက သူနဲ႔(6)ပြဲအထိ ရင္ဆိုင္ခဲ့ရၿပီး​ေတာ့ တစ္ပြဲမွာမွ ဂိုးမေပးခဲ့ရပါဘူး။”

“ကြၽန္​ေတာ္အာဆင္နယ္အသင္းဆီ ေရာက္ရွိတဲ့အခါမွပဲ မက္ဆီရဲ႕ဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ မက္ဆီလို ကစားသမားမ်ိဳးနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ရတဲ့အခါ ဖိအားေတာ့ျဖစ္​ေစပါတယ္။ ဒါ​ေပမယ့္ သူပင္နယ္တီကန္သြင္းတဲ့အခါ လြဲေခ်ာ္တာ​ေတြရွိသလို၊ သူ႔ရဲ႕ကန္သြင္းခ်က္ကို ကြၽန္ေတာ္ကာကြယ္ႏိုင္ခဲ့တာ​ေတြလည္းရွိပါတယ္။”

“မက္ဆီရဲ႕ကန္ခ်က္​ေတြ တိုင္ထိတာမ်ိဳးလည္းရွိပါတယ္။ ကၽြန္ေတာ့္မွာလည္း ပြဲစဥ္​ေတြမွာ Clean Sheet ရယူဖို႔ အတြက္က ပိုၿပီးေတာ့ ဖိအားမ်ားပါေသးတယ္။ မက္ဆီနဲ႔​ေတြ႕တဲ့အခါ ဘယ္ပြဲစဥ္ကဖိအားအမ်ားဆုံးလဲဆိုရင္ ၂၀၁၂ခုႏွစ္တုန္းက ႏူးကမ့္မွာ ဘာစီလိုနာအသင္းနဲ႔ ရင္ဆိုင္ေနရခ်ိန္ သူပင္နယ္တီကန္တာကို ကာကြယ္ရတာက ကြၽန္ေတာ့္အတြက္ ဖိအားအမ်ားဆုံးပါပဲ။”

“အဲဒီအခ်ိန္တုန္းကဆိုရင္ မက္ဆီဘာလုပ္ႏိုင္လဲ သူဘယ္လိုကန္သြင္းႏိုင္မလဲဆိုတာကို စိတ္ထဲမွာ မွန္းဆေတြးေတာေနခဲ့ရတာပါ။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ့္ရဲ႕နည္းဗ်ဴဟာကေတာ့ သူဘယ္ေနရာကို ကန္မလဲဆိုတာကို သိလာတဲ့အခ်ိန္ထိ ခဏေလာက္ေစာင့္ဆိုင္းလိုက္ပါတယ္။ သူ႔ရဲ႕ေဘာလုံးလမ္းေၾကာင္း လာမယ့္ေနရာကို ကြၽန္ေတာ္မွန္းဆမိႏိုင္ခဲ့ပါတယ္။”

“မက္ဆီကလည္း အဲဒါကို သိသြားေတာ့ အေပၚဘက္ကိုေရာက္ေအာင္ ကန္သြင္းလိုက္တယ္။ ဒါ​ေပမယ့္အဲဒီကန္ခ်က္က တိုင္ထိသြားခဲ့ပါတယ္” လို႔ ေျပာဆိုသြားခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ၂၀၀၄ခုႏွစ္ကေန ၂၀၁၂ခုႏွစ္အတြင္း ဥေရာပၿပိဳင္ပြဲေတြအတြင္း (၁၀)ႀကိမ္အထိ မၾကာခဏရင္ဆိုင္ေတြ႕ဆုံခဲ့ရၿပီး ဂိုးသမားႀကီးပီတာခ်က္တစ္​ေယာက္လည္း မက္ဆီနဲ႔ အႀကိမ္ႀကိမ္ေတြ႕ဆုံခဲ့ပါတယ္။

​ေနာက္​ေတာ့ ပီတာခ်က္လည္း အသင္း​ေျပာင္းခဲ့ၿပီး၊ မက္ဆီနဲ႔ထပ္မံ​ေတြ႕ဆုံခဲ့ပါတယ္။ပီတာခ်က္ဟာ လက္ရွိမွာ ခ်ယ္လ္ဆီးအသင္းရဲ႕နည္းစနစ္ဒါ႐ိုက္တာအျဖစ္ တာဝန္ယူေနသလို အေရးလိုရင္ အသုံးျပဳႏိုင္ဖို႔အတြက္ သူ႔ကို နည္းျပလမ္းပတ္ကအသင္းရဲ႕လူစာရင္းထဲမွာ ထည့္သြင္းထားပါတယ္။