မက်ဆီအတွက်တော့ စံချိန်တွေဆိုတာ ကျိုးပျက်ဖို့ ဖြစ်တည်လာရသလိုပါပဲ

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ လာလီဂါတစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် အသင်းဖော်ဟောင်း ဇာဗီကိုကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ အသက် ၁၇နှစ်အရွယ်ရှိ တောင်ပံကစားသမား ဖာတီ အလာဗက်စ်ဘက်ကို အဖွင့်ဂိုးသွင်းယူနိုင်ရေးအတွက် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

Photo Credit

အဲဒီဖန်တီးမှုက မက်ဆီအတွက် ယခုရာသီလာလီဂါမှာ ၂၁ ကြိမ်မြောက် ဂိုးဖန်တီးမှုဖြစ်ရာ ၂၀၀၈-၀၉ ရာသီက ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း ဇာဗီတင်ခဲ့တဲ့စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit

မက်ဆီဟာ ဗယ်လာဒိုးလစ်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပြီးနောက် လာလီဂါတစ်ရာသီအတွင်း ဂိုးဖန်တီးမှု အကြိမ် ၂၀ပြုလုပ်ပေးထားနိုင်တဲ့ ဇာဗီရဲ့စံချိန်ကိုလိုက်မီခဲ့တာဖြစ်သလို အခုပွဲမှာလည်း ဖာတီအတွက် ဂိုးဖန်တီးမှုပြုလုပ်ခဲ့ပြီးနောက် ၁၀မိနစ်အကြာမှာပဲ မက်ဆီက အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းယူသွားပါတယ်။

Photo Credit

၅-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီဟာ နောက်ထပ် ၁ဂိုးသွင်းယူနိုင်ခဲ့ပြီး ယခုရာသီလာလီဂါမှာ ၂၅ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ကြာသပတေးညက အိုဆာဆူနာကို အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် လာလီဂါချန်ပီယံဆုကာကွယ်နိုင်ခွင့်ဆုံးရှုံးခဲ့တာဖြစ်ပြီး ချန်ပီယံဖြစ်သွားတဲ့ ရီးရဲလ်ရဲ့နောက် ဒုတိယနေရာသာရရှိခဲ့ပါတယ်။

Photo Credit

အခုတော့ မက်ဆီဦးဆောင်တဲ့ဘာစီလိုနာလည်း သြဂုတ်လအတွင်း ကျင်းပပြုလုပ်မယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ရေးအတွက် အာရုံစိုက်ရတာ့ဖြစ်ပြီး ၁၆သင်းအဆင့် ဒု-အကျော့ပွဲစဉ်အဖြစ် နာပိုလီကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

မက္ဆီအတြက္ေတာ့ စံခ်ိန္ေတြဆိုတာ က်ိဳးပ်က္ဖို႔ ျဖစ္တည္လာရသလုိပါပဲ

ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီဟာ လာလီဂါတစ္ရာသီအတြင္း ဂိုးဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ အသင္းေဖာ္ေဟာင္း ဇာဗီကိုေက်ာ္ျဖတ္ကာ စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။ ဘာစီလုိနာတုိက္စစ္မွဴး မက္ဆီဟာ အသက္ ၁၇ႏွစ္အရြယ္ရွိ ေတာင္ပံကစားသမား ဖာတီ အလာဗက္စ္ဘက္ကို အဖြင့္ဂုိးသြင္းယူႏုိင္ေရးအတြက္ ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။
အဲဒီဖန္တီးမႈက မက္ဆီအတြက္ ယခုရာသီလာလီဂါမွာ ၂၁ ႀကိမ္ေျမာက္ ဂိုးဖန္တီးမႈျဖစ္ရာ ၂၀၀၈-၀၉ ရာသီက ဘာစီလုိနာအသင္းေခါင္းေဆာင္ေဟာင္း ဇာဗီတင္ခဲ့တဲ့စံခ်ိန္ေဟာင္းကို ခ်ိဳးဖ်က္နို္င္ခဲ့တာျဖစ္ပါတယ္။
မက္ဆီဟာ ဗယ္လာဒိုးလစ္ကို ၁-၀ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပဲြမွာ ဂိုးဖန္တီးမႈျပဳလုပ္ေပးႏိုင္ခဲ့ၿပီးေနာက္ လာလီဂါတစ္ရာသီအတြင္း ဂိုးဖန္တီးမႈ အႀကိမ္ ၂၀ျပဳလုပ္ေပးထားႏိုင္တဲ့ ဇာဗီရဲ႕စံခ်ိန္ကိုလုိက္မီခဲ့တာျဖစ္သလို အခုပြဲမွာလည္း ဖာတီအတြက္ ဂိုးဖန္တီးမႈျပဳလုပ္ခဲ့ၿပီးေနာက္ ၁၀မိနစ္အၾကာမွာပဲ မက္ဆီက အသင္းအတြက္ ဒုတိယေျမာက္ဦးေဆာင္ဂုိးသြင္းယူသြားပါတယ္။
၅-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ မက္ဆီဟာ ေနာက္ထပ္ ၁ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ယခုရာသီလာလီဂါမွာ ၂၅ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။ ဘာစီလုိနာအသင္းဟာ ၾကာသပေတးညက အုိဆာဆူနာကို အိမ္ကြင္းမွာ ၁-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့ၿပီးေနာက္ လာလီဂါခ်န္ပီယံဆုကာကြယ္ႏိုင္ခြင့္ဆုံး႐ံႈးခဲ့တာျဖစ္ၿပီး ခ်န္ပီယံျဖစ္သြားတဲ့ ရီးရဲလ္ရဲ႕ေနာက္ ဒုတိယေနရာသာရရွိခဲ့ပါတယ္။
အခုေတာ့ မက္ဆီဦးေဆာင္တဲ့ဘာစီလုိနာလည္း ၾသဂုတ္လအတြင္း က်င္းပျပဳလုပ္မယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲနိုင္ေရးအတြက္ အာ႐ုံစိုက္ရတာ့ျဖစ္ၿပီး ၁၆သင္းအဆင့္ ဒု-အေက်ာ့ပြဲစဥ္အျဖစ္ နာပိုလီကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ပါတယ္။