
photo-marca
photo-scmp
အိမ်သာသုံးစက္ကူ challenge ကို နောက်ဆုံးလက်ခံလိုက်တဲ့ကစားသမားကတော့ ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဖြစ်ပါတယ်။ အဲဒီ Ballon d’Or ၆ ဆုရှင်ကို challenge လုပ်ခဲ့သူကတော့ ဘာစီလိုနာအသင်းဖော်ဟောင်းဇာဗီဖြစ်ပါတယ်။ အဲဒါကြောင့် မက်ဆီဟာ သူ့ရဲ့အိမ်သာသုံးစက္ကူ challenge ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ ပရိသတ်တွေဆီ ပြန်လည်မျှဝေခဲ့ပါတယ်။
photo-givemesport
ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြောင့် ဥရောပတစ်ဝန်း ဘောလုံးပွဲတွေ ရပ်ဆိုင်းသွားချိန်မှာ ကစားသမားတွဟာ ပိုမိုအားလပ်သွားခဲ့ကြကာ အိမ်ပြင်လည်း မထွက်ကြရတဲ့အတွက် ဒီအိုင်ဒီယာရသွားခဲ့ကြကာ အခုရက်ပိုင်း ဆိုရှယ်မီဒီယာထက်မှာ အတော်လေးကို ရေပန်းစားနေတာပါ။ အိမ်သာသုံးစက္ကူနဲ့ ဘောလုံးတော့ရတဲ့ဒီ challenge ကို ဘရူနိုဖာနန်ဒက်စ်နဲ့ဘင်ဂျမီမန်ဒီတို့လို ပရီးမီးယားလိဂ်ကြယ်ပွင့်အများအပြားလည်း လုပ်ခဲ့ကြပါတယ်။
https://twitter.com/i/status/1240737473170493440
ဒီ challenge ကို toilet roll challenge လို့ ခေါ်ရုံတင်မဟုတ်ဘဲ 10 touch challenge(၁၀ ချက်ထိ chllenge) ဒါမှမဟုတ် stay at home challlenge(ဗိုင်းရပ်စ်မကူနိုင်အောင် အိမ်မှာနေ challenge)လို့လည်း ခေါ်ကြပါတယ်။ ၁၀ ချက်တော့နိုင်ရုံနဲ့ challenge အောင်တာဖြစ်ပေမယ့်လည်း မက်ဆီက ၁၉ ချက်အထိတော့ပြခဲ့ကာ အဲဒါက သူ့အတွက် အရမ်းကို လွယ်ကူနေပုံပါပဲ။ အဲဒီဗီဒီယိုကနေ မက်ဆီဟာ သူ့ရဲ့ဘာစီလိုနာအသင်းဖော်တွေဖြစ်တဲ့ ဗီဒယ်၊ဂျော်ဒီအယ်ဘာနဲ့ဆွာရက်ဇ်တို့အပြင် အာဂျင်တီးနားအသင်းဖော်အဂူရိုတို့ကို Tag တွဲပြီး ထပ်မံ challenge လုပ်ခဲ့ပါတယ်။
[Zawgyi]
မက္ဆီလည္း ပါ၀င္ဆင္ႏႊဲၿပီျဖစ္တဲ့ အိမ္သာသုံးစကၠဴ challenge
အိမ္သာသုံးစကၠဴ challenge ကို ေနာက္ဆုံးလက္ခံလိုက္တဲ့ကစားသမားကေတာ့ ဘာစီလိုနာအသင္းေခါင္းေဆာင္ လီယြန္နယ္မက္ဆီျဖစ္ပါတယ္။ အဲဒီ Ballon d’Or ၆ ဆုရွင္ကို challenge လုပ္ခဲ့သူကေတာ့ ဘာစီလုိနာအသင္းေဖာ္ေဟာင္းဇာဗီျဖစ္ပါတယ္။ အဲဒါေၾကာင့္ မက္ဆီဟာ သူ႔ရဲ႕အိမ္သာသုံးစကၠဴ challenge ဗီဒီယိုဖိုင္ကို ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚမွာ ပရိသတ္ေတြဆီ ျပန္လည္မွ်ေ၀ခဲ့ပါတယ္။
ကုိရိုနာဗုိင္းရပ္စ္အက်ပ္အတည္းေၾကာင့္ ဥေရာပတစ္၀န္း ေဘာလုံးပြဲေတြ ရပ္ဆုိင္းသြားခ်ိန္မွာ ကစားသမားတြဟာ ပိုမိုအားလပ္သြားခဲ့ၾကကာ အိမ္ျပင္လည္း မထြက္ၾကရတဲ့အတြက္ ဒီအိုင္ဒီယာရသြားခဲ့ၾကကာ အခုရက္ပိုင္း ဆုိရွယ္မီဒီယာထက္မွာ အေတာ္ေလးကို ေရပန္းစားေနတာပါ။ အိမ္သာသုံးစကၠဴနဲ႔ ေဘာလုံးေတာ့ရတဲ့ဒီ challenge ကို ဘရူႏိုဖာနန္ဒက္စ္နဲ႔ဘင္္ဂ်မီမန္ဒီတို႔လို ပရီးမီးယားလိဂ္ၾကယ္ပြင့္အမ်ားအျပားလည္း လုပ္ခဲ့ၾကပါတယ္။
ဒီ challenge ကို toilet roll challenge လုိ႔ ေခၚရုံတင္မဟုတ္ဘဲ 10 touch challenge(၁၀ ခ်က္ထိ chllenge) ဒါမွမဟုတ္ stay at home challlenge(ဗုိင္းရပ္စ္မကူႏိုင္ေအာင္ အိမ္မွာေန challenge)လို႔လည္း ေခၚၾကပါတယ္။ ၁၀ ခ်က္ေတာ့ႏိုင္ရုံနဲ႔ challenge ေအာင္တာျဖစ္ေပမယ့္လည္း မက္ဆီက ၁၉ ခ်က္အထိေတာ့ျပခဲ့ကာ အဲဒါက သူ႔အတြက္ အရမ္းကို လြယ္ကူေနပုံပါပဲ။ အဲဒီဗီဒီယိုကေန မက္ဆီဟာ သူ႔ရဲ႕ဘာစီလုိနာအသင္းေဖာ္ေတြျဖစ္တဲ့ ဗီဒယ္၊ေဂ်ာ္ဒီအယ္ဘာနဲ႔ဆြာရက္ဇ္တို႔အျပင္ အာဂ်င္တီးနားအသင္းေဖာ္အဂူရိုတို႔ကို Tag တြဲၿပီး ထပ္မံ challenge လုပ္ခဲ့ပါတယ္။