မက်ဆီရဲ့ သွင်းဂိုးစံချိန်ကို အမ်ဘာပေ ချိုးဖျက်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြင်သစ်တိုက်စစ်မှူးဟာ ပဲရစ်မြို့မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့် ပွဲစဥ်မှာ ဘာစီလိုနာအသင်းဘက်ကို သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့ပါတယ်။ ကိုင်လီယန် အမ်ဘာပေဟာ မက်ဆီရဲ့ စံချိန်ကို ချိုးဖျက်ပြီး ချန်ပီယံသွင်းဂိုး ( ၂၅ ) ဂိုးရယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာပါတယ်။
အမ်ဘာပေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဥ် ၊ ပွဲကစားချိန်( ၃၁ ) မိနစ်မှာ ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့ပါတယ်။ အသက် ( ၂၂ ) နှစ် ၊ ( ၈၀ ) ရက် အရွယ် ဘာပေက အသက် ( ၂၂ ) နှစ် ၊ ( ၂၈၆ ) ရက် အရွယ်မှာ မက်ဆီ စွမ်းဆောင်ထားခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာပေဟာ ကမ့်နူးမှာ ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဥ်တွင် ဟက်ထရစ်သွင်းယူကာ ပီအက်စ်ဂျီအသင်းကို ( ၄ -၁ ) ရလာဒ်နဲ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ထို့နောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိမ်ကွင်းမှာ ( ၁ – ၁ ) သရေကျခဲ့တဲ့ ဒုတိယအကျော့ပွဲစဥ်မှာလည်း အမ်ဘာပေက နောက်ထပ် သွင်းဂိုးစံချိန် ရယူနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်းရလာဒ် ( ၅ -၂ ) ရလာဒ်နဲ့ ပီအက်စ်ဂျီအသင်းက ကွာတားဖိုင််နယ် တက်ရောက်သွားခဲ့ပါတယ်။
ဒါ့အပြင် တိုက်စစ်မှူးဟာ ချန်ပီယံလိဂ် တစ်ရာသီအတွင်း ဘာစီလိုနာအသင်းဘက်ကို ( ၄ ) ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစးသမားဖြစ်လာပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi