မက်ဆီရဲ့ လှုပ်ရှားမှုတွေဆီမှာ မှိုင်းမိနေတဲ့ ပီအက်စ်ဂျီ အသင်းသားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မက်ဆီရဲ့ အသင်းသစ်နဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာတော့ အသင်းမှာရှိတဲ့ လူငယ်ကစားသမား၊ ဝါရင့်ကစားသမား အားလုံးက မက်ဆီနဲ့သူ့ခြေထောက်ထဲက ဘောလုံးအနေအထားကို ကြည့်ပြီး အထင်ကြီးလေးစားခဲ့ကြပါတယ်။

ပီအက်စ်ဂျီ အသင်းကတော့ လူငယ်တိုက်စစ်မှူး ဘာပေဖန်တီးပေးတဲ့ ဘောလုံးကို ကစားသမားသစ် မက်ဆီ ဂိုးသွင်းယူခဲ့တဲ့ ဗွီဒီယို တစ်ခုကို လူမှုကွန်ရက်ပေါ် တင်သွားခဲ့ပြီး ပရိတ်သတ်တွေ အကြား ရေပန်းစားနေပါတယ်။

ဘာပေ ဖန်တီး၊ မက်ဆီ အဆုံးသတ် ဆိုတဲ့ ခေါင်းစဉ်စာသားနဲ့ အတူ လုပ်သမျှ ဖြစ်လာတော့မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ‘ မီးတောက်’ ပုံလေးတွေနဲ့ တွဲပြီး ဗီဒီယိုကို တင်ထားခဲ့တာ ဖြစ်ပါတယ်။

မက်ဆီ တစ်ယောက် ပီအက်စ်ဂျီ အသင်းကို ရောက်ရှိလာခဲ့ပြီးနောက် အသင်းသစ်နဲ့ ပြုံးရွင်စွာ လေ့ကျင့်ခန်း ဆင်းခဲ့ချိန် အသင်းဖော်အချင်းချင်း လူခွဲကစားတဲ့ ပြိုင်ပွဲငယ် တစ်ခုမှာ ဘာပေ ဖန်တီးပေးတဲ့ ဘောလုံးကို မက်ဆီ ဂိုးသွင်းနေတဲ့ ဗီဒီယိုက ရေပန်းစားတာဖြစ်ပါတယ်။

နာမည်မဖော်လိုတဲ့ ပီအက်စ်ဂျီကစားသမားတစ်ယောက်က“မက်ဆီကိုကြည့်ရတာ အရာရာတိုင်းက သူ့အတွက် ရိုးရှင်းနေသလိုပါပဲ။” လို့ ပြင်သစ်သတင်းဌာနတစ်ခုကို မှတ်ချက်ပေးသွားခဲ့ပါတယ်။

မက်ဆီဟာ လက်ရှိအချိန်အထိ ပြင်သစ်ဘာသာစကားကို သင်ကြားရခြင်းမရှိသေးဘဲ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ သူနဲ့သိကျွမ်းပြီးသားဖြစ်တဲ့ နေမာ၊ အာဂျင်တီးနားသားတွေဖြစ်တဲ့ ပါရီဒက်စ်၊ ဒီမာရီယာတို့နဲ့သာ အဓိကစကားပြောဆိုလေ့ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီရဲ႕ လႈပ္ရွားမႈေတြဆီမွာ မႈိင္းမိေနတဲ့ ပီအက္စ္ဂ်ီ အသင္းသားမ်ား

မက္ဆီရဲ႕ အသင္းသစ္နဲ႔ ပထမဆုံးေလ့က်င့္ခန္းအစီအစဥ္မွာေတာ့ အသင္းမွာရွိတဲ့ လူငယ္ကစားသမား၊ ဝါရင့္ကစားသမား အားလုံးက မက္ဆီနဲ႔သူ႔ေျခေထာက္ထဲက ေဘာလုံးအေနအထားကို ၾကည့္ၿပီး အထင္ႀကီးေလးစားခဲ့ၾကပါတယ္။

ပီအက္စ္ဂ်ီ အသင္းကေတာ့ လူငယ္တိုက္စစ္မႉး ဘာေပဖန္တီးေပးတဲ့ ေဘာလုံးကို ကစားသမားသစ္ မက္ဆီ ဂိုးသြင္းယူခဲ့တဲ့ ဗြီဒီယို တစ္ခုကို လူမႈကြန္ရက္ေပၚ တင္သြားခဲ့ၿပီး ပရိတ္သတ္ေတြ အၾကား ေရပန္းစားေနပါတယ္။

ဘာေပ ဖန္တီး၊ မက္ဆီ အဆုံးသတ္ ဆိုတဲ့ ေခါင္းစဥ္စာသားနဲ႔ အတူ လုပ္သမွ် ျဖစ္လာေတာ့မယ္ဆိုတဲ့ အဓိပၸါယ္နဲ႔ ‘ မီးေတာက္’ ပုံေလးေတြနဲ႔ တြဲၿပီး ဗီဒီယိုကို တင္ထားခဲ့တာ ျဖစ္ပါတယ္။

မက္ဆီ တစ္ေယာက္ ပီအက္စ္ဂ်ီ အသင္းကို ေရာက္ရွိလာခဲ့ၿပီးေနာက္ အသင္းသစ္နဲ႔ ၿပဳံး႐ြင္စြာ ေလ့က်င့္ခန္း ဆင္းခဲ့ခ်ိန္ အသင္းေဖာ္အခ်င္းခ်င္း လူခြဲကစားတဲ့ ၿပိဳင္ပြဲငယ္ တစ္ခုမွာ ဘာေပ ဖန္တီးေပးတဲ့ ေဘာလုံးကို မက္ဆီ ဂိုးသြင္းေနတဲ့ ဗီဒီယိုက ေရပန္းစားတာျဖစ္ပါတယ္။

နာမည္မေဖာ္လိုတဲ့ ပီအက္စ္ဂ်ီကစားသမားတစ္ေယာက္က“မက္ဆီကိုၾကည့္ရတာ အရာရာတိုင္းက သူ႔အတြက္ ႐ိုးရွင္းေနသလိုပါပဲ။” လို႔ ျပင္သစ္သတင္းဌာနတစ္ခုကို မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

မက္ဆီဟာ လက္ရွိအခ်ိန္အထိ ျပင္သစ္ဘာသာစကားကို သင္ၾကားရျခင္းမရွိေသးဘဲ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ သူနဲ႔သိကြၽမ္းၿပီးသားျဖစ္တဲ့ ေနမာ၊ အာဂ်င္တီးနားသားေတြျဖစ္တဲ့ ပါရီဒက္စ္၊ ဒီမာရီယာတို႔နဲ႔သာ အဓိကစကားေျပာဆိုေလ့ရွိပါတယ္။