မက်ဆီရဲ့ ဖရီးကစ်စွမ်းရည် ထိပ်တန်းအဆင့်ရောက်အောင် ကူညီပေးခဲ့သူက ဘယ်သူများလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မက်ဆီဆိုတာက ပါရမီရှင်ကစားသမား၊ သူမတူတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားသူ Gifted Player ဆိုတာ အထွေအထူးပြောဖို့ လိုမယ်မထင်ပါဘူး။ မက်ဆီရဲ့ ကစားသမားဘ၀တစ်လျှောက်မှာ Magic Free kick Goals တွေ သွင်းယူခဲ့တာက အကြိမ်အကြိမ်။ ဒီလို ဖရီးကစ်ကန်သွင်းမှု စွမ်းရည်ကောင်းမွန်တာက သူ့ရဲ့ ပါရမီတစ်ခုတည်းကြောင့် မဟုတ်ဘူး။

နေ့စဉ်နေ့တိုင်း နာရီပေါင်းများစွာ လေ့ကျင့်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရသလို ဘယ်လိုကန်ရမလဲလို့ စနစ်တကျ လေ့ကျင့်ပေးခဲ့တဲ့ ပဲ့ကိုင်ရှင်တစ်ဦး ရှိခဲ့ဖူးတယ်။ အဲဒီသူက ဘယ်သူများဖြစ်မလဲ . . ကွယ်လွန်သွား​ပြီဖြစ်တဲ့ အာဂျင်တီးနား ဂန္ထ၀င်နဲ့ လက်ရွေးစင်အသင်းနည်းပြဟောင်း ဒီယေဂိုမာရာဒိုနာပါပဲ။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အာဂျင်တီးနားအသင်း ကြံ့ခိုင်ရေးနည်းပြဖြစ်သူ ဆစ်ဂ်ညော်ရီက အဲဒီအကြောင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ အထ္ထုပတ္တိစာအုပ်ဖြစ်တဲ့ “Call to Rebellion”ထဲမှာ အခုလို ဖွင့်ဟရေးသားခဲ့ဖူးတယ်။ “အာဂျင်တီးနားအသင်း နည်းပြအဖြစ် မာရာဒိုနာကို ခန့်အပ်ခဲ့ပြီးနောက် လအနည်းငယ်အကြာမှာပေ့ါ၊ ကျွန်တော်တို့ဟာ မာဆေးလ်မှာ အဲဒီမြို့ခံအသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တယ်။

ပွဲမတိုင်ခင် လေ့ကျင့်ခန်းဆင်းခဲ့ပြီး လေ့ကျင့်ခန်းပြီးတော့ မာရှေရာနို၊ တီဗက်ဇ်၊ မက်ဆီတို့ဟာ ဂိုးပေါက်ကန်သွင်းမှု လေ့ကျင့်ခန်းပြုလုပ်ခဲ့ကြပါတယ်။ မက်ဆီ ကန်သွင်းတဲ့အခါကျတော့ ဘောလုံးက ဂိုးသမားရဲ့ ညာဘက်ထောင့်ကနေ ဂိုးတိုင်ကို ကျော်သွားခဲ့တယ်။ အဲဒီအချိန်မှာ မက်ဆီဟာ စိတ်ပျက်သွားတယ်နဲ့တူတယ်၊ အ၀တ်လဲခန်းထဲကို သွားဖို့ ဟန်ပြင်နေချိန်ပေ့ါ။

အဲဒီတော့ ကျွန်တော်က ‘ဒီလို တလွဲဖြစ်နေတာတောင် မင်းက ရေသွားချိုးဦးမှာလား၊ စိတ်ညစ်မနေစမ်းနဲ့၊ ဘောလုံးသွားယူ၊ ထပ်ကန်ကြည့်’လို့ ပြောခဲ့ပါတယ်”။ ဆစ်ဂ်ညော်ရီနဲ့ မက်ဆီတို့ရဲ့အဖြစ်အပျက်ကို မာရာဒိုနာ ကြားသိလိုက်ချိန်မှာတော့ လေ့ကျင့်ခန်းအစီအစဉ်မှာ မက်ဆီရဲ့ပခုံးကို ဖက်ပြီး”ဂိုးပေါက်ကန်ရင် အလျင်မလိုနဲ့ကွ။ ခန္ဓာကိုယ်လွှဲတဲ့နေရာမှာ ခပ်ဖြည်းဖြည်းပဲ လွှဲ။

ဘာဖြစ်လို့လဲဆိုတော့ မင်း ဘယ်လိုကန်ချင်လဲဆိုတာ ဘောလုံးက သိတာမဟုတ်ဘူး”လို့ ပြေကြားခဲ့ပါတယ်။ ပြီးတော့ မာရာဒိုနာဟာ ကိုယ်တိုင်သရုပ်ပြကန်သွင်းခဲ့ပြီး အဲဒီအချိန်မှာ မက်ဆီဟာ လေးစားအားကျတဲ့အကြည့်နဲ့ ငေးနေတယ်လို့ ဆစ်ဂ်ညော်ရီက သူ့စာအုပ်ထဲမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မက်ဆီဟာ အာဂျင်တီးနားမှာရော၊ ဘာစီလိုနာအသင်းမှာပါ ဖရီးကစ်ကန်သွင်းတာကို နေ့တိုင်းလေ့ကျင့်တော့တာပါပဲ။

ဘာစီလိုနာအသင်းမှာ ဂိုးသမားတွေဖြစ်တဲ့ စတီဂန်နဲ့ ဂိုးသမား​ဟောင်းဆီလက်ဆန်တို့ကတော့ မက်ဆီရဲ့ ဒုက္ခကို နေ့စဉ်ခံခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာတော့ မက်ဆီရဲ့ ဖရီးကစ်ကန်ချက်တွေက အလန်းစားတွေဖြစ်လာပါတော့တယ်။ အခုဆိုရင် မက်ဆီရဲ့ ကစားသမားဘ၀တစ်လျှောက် ဖရီးကစ်သွင်းဂိုးအရေအတွက်က (၅၅)ဂိုးအထိရှိနေပြီး အဲဒီထဲက (၄၉)ဂိုးဟာ ဘာစီလိုနာအသင်းအတွက် သွင်းယူခဲ့တာဖြစ်ပါတယ်။

”ဆရာကောင်းတပည့် ပန်းကောင်းပန်”ဆိုတဲ့စကားပုံအတိုင်းပဲ မက်ဆီရဲ့ အလန်းစားဖရီးကစ်တွေက ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ ဆရာဟောင်း မာရာဒိုနာအတွက် ကျေနပ်နှစ်သိမ့်စရာလို့ပဲ ပြောရတော့မှာပါ…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီရဲ႕ ဖရီးကစ္စြမ္းရည္ ထိပ္တန္းအဆင့္ေရာက္ေအာင္ ကူညီေပးခဲ့သူက ဘယ္သူမ်ားလဲ

မက္ဆီဆိုတာက ပါရမီရွင္ကစားသမား၊ သူမတူတဲ့ စြမ္းရည္ေတြ ပိုင္ဆိုင္ထားသူ Gifted Player ဆိုတာ အေထြအထူးေျပာဖို႔ လိုမယ္မထင္ပါဘူး။ မက္ဆီရဲ႕ ကစားသမားဘ၀တစ္ေလွ်ာက္မွာ Magic Free kick Goals ေတြ သြင္းယူခဲ့တာက အႀကိမ္အႀကိမ္။ ဒီလို ဖရီးကစ္ကန္သြင္းမႈ စြမ္းရည္ေကာင္းမြန္တာက သူ႔ရဲ႕ ပါရမီတစ္ခုတည္းေၾကာင့္ မဟုတ္ဘူး။ ေန႔စဥ္ေန႔တိုင္း နာရီေပါင္းမ်ားစြာ ေလ့က်င့္မႈေတြ အႀကိမ္ႀကိမ္ျပဳလုပ္ခဲ့ရသလို ဘယ္လိုကန္ရမလဲလို႔ စနစ္တက် ေလ့က်င့္ေပးခဲ့တဲ့ ပဲ့ကိုင္ရွင္တစ္ဦး ရွိခဲ့ဖူးတယ္။ အဲဒီသူက ဘယ္သူမ်ားျဖစ္မလဲ . . ကြယ္လြန္သြား​ၿပီျဖစ္တဲ့ အာဂ်င္တီးနား ဂႏၴ၀င္နဲ႔ လက္ေ႐ြးစင္အသင္းနည္းျပေဟာင္း ဒီေယဂိုမာရာဒိုနာပါပဲ။

၂၀၁၀ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက အာဂ်င္တီးနားအသင္း ႀကံ့ခိုင္ေရးနည္းျပျဖစ္သူ ဆစ္ဂ္ေညာ္ရီက အဲဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕ အထၳဳပတၱိစာအုပ္ျဖစ္တဲ့ “Call to Rebellion”ထဲမွာ အခုလို ဖြင့္ဟေရးသားခဲ့ဖူးတယ္။ “အာဂ်င္တီးနားအသင္း နည္းျပအျဖစ္ မာရာဒိုနာကို ခန္႔အပ္ခဲ့ၿပီးေနာက္ လအနည္းငယ္အၾကာမွာေပ့ါ၊ ကြၽန္ေတာ္တို႔ဟာ မာေဆးလ္မွာ အဲဒီၿမိဳ႕ခံအသင္းတစ္သင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တယ္။ ပြဲမတိုင္ခင္ ေလ့က်င့္ခန္းဆင္းခဲ့ၿပီး ေလ့က်င့္ခန္းၿပီးေတာ့ မာေရွရာႏို၊ တီဗက္ဇ္၊ မက္ဆီတို႔ဟာ ဂိုးေပါက္ကန္သြင္းမႈ ေလ့က်င့္ခန္းျပဳလုပ္ခဲ့ၾကပါတယ္။ မက္ဆီ ကန္သြင္းတဲ့အခါက်ေတာ့ ေဘာလုံးက ဂိုးသမားရဲ႕ ညာဘက္ေထာင့္ကေန ဂိုးတိုင္ကို ေက်ာ္သြားခဲ့တယ္။ အဲဒီအခ်ိန္မွာ မက္ဆီဟာ စိတ္ပ်က္သြားတယ္နဲ႔တူတယ္၊ အ၀တ္လဲခန္းထဲကို သြားဖို႔ ဟန္ျပင္ေနခ်ိန္ေပ့ါ။ အဲဒီေတာ့ ကြၽန္ေတာ္က ‘ဒီလို တလြဲျဖစ္ေနတာေတာင္ မင္းက ေရသြားခ်ိဳးဦးမွာလား၊ စိတ္ညစ္မေနစမ္းနဲ႔၊ ေဘာလုံးသြားယူ၊ ထပ္ကန္ၾကည့္’လို႔ ေျပာခဲ့ပါတယ္”။

ဆစ္ဂ္ေညာ္ရီနဲ႔ မက္ဆီတို႔ရဲ႕အျဖစ္အပ်က္ကို မာရာဒိုနာ ၾကားသိလိုက္ခ်ိန္မွာေတာ့ ေလ့က်င့္ခန္းအစီအစဥ္မွာ မက္ဆီရဲ႕ပခုံးကို ဖက္ၿပီး”ဂိုးေပါက္ကန္ရင္ အလ်င္မလိုနဲ႔ကြ။ ခႏၶာကိုယ္လႊဲတဲ့ေနရာမွာ ခပ္ျဖည္းျဖည္းပဲ လႊဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ မင္း ဘယ္လိုကန္ခ်င္လဲဆိုတာ ေဘာလုံးက သိတာမဟုတ္ဘူး”လို႔ ေျပၾကားခဲ့ပါတယ္။ ၿပီးေတာ့ မာရာဒိုနာဟာ ကိုယ္တိုင္သ႐ုပ္ျပကန္သြင္းခဲ့ၿပီး အဲဒီအခ်ိန္မွာ မက္ဆီဟာ ေလးစားအားက်တဲ့အၾကည့္နဲ႔ ေငးေနတယ္လို႔ ဆစ္ဂ္ေညာ္ရီက သူ႔စာအုပ္ထဲမွာ ေရးသားခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ မက္ဆီဟာ အာဂ်င္တီးနားမွာေရာ၊ ဘာစီလိုနာအသင္းမွာပါ ဖရီးကစ္ကန္သြင္းတာကို ေန႔တိုင္းေလ့က်င့္ေတာ့တာပါပဲ။

ဘာစီလိုနာအသင္းမွာ ဂိုးသမားေတြျဖစ္တဲ့ စတီဂန္နဲ႔ ဂိုးသမား​ေဟာင္းဆီလက္ဆန္တို႔ကေတာ့ မက္ဆီရဲ႕ ဒုကၡကို ေန႔စဥ္ခံခဲ့ရတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ မက္ဆီရဲ႕ ဖရီးကစ္ကန္ခ်က္ေတြက အလန္းစားေတြျဖစ္လာပါေတာ့တယ္။ အခုဆိုရင္ မက္ဆီရဲ႕ ကစားသမားဘ၀တစ္ေလွ်ာက္ ဖရီးကစ္သြင္းဂိုးအေရအတြက္က (၅၅)ဂိုးအထိရွိေနၿပီး အဲဒီထဲက (၄၉)ဂိုးဟာ ဘာစီလိုနာအသင္းအတြက္ သြင္းယူခဲ့တာျဖစ္ပါတယ္။ ”ဆရာေကာင္းတပည့္ ပန္းေကာင္းပန္”ဆိုတဲ့စကားပုံအတိုင္းပဲ မက္ဆီရဲ႕ အလန္းစားဖရီးကစ္ေတြက ကြယ္လြန္သြားၿပီျဖစ္တဲ့ သူ႔ ဆရာေဟာင္း မာရာဒိုနာအတြက္ ေက်နပ္ႏွစ္သိမ့္စရာလို႔ပဲ ေျပာရေတာ့မွာပါ…