မက်ဆီရဲ့ ဒဏ်ရာအတိမ်အနက်ကိစ္စကို ပြောလာတဲ့ အာဂျင်တီးနားနည်းပြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မက်ဆီဟာ ယမန်နေ့တုန်းက ဗင်နီဇွဲလားနဲ့ ပွဲစဉ်မှာ ကစားသမားဘ၀ အဆုံးသတ်သွားစေနိုင်တဲ့ ဖျက်ထုတ်မှုကနေ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ပါတယ်။
ဗင်နီဇွဲလားကစားသမား အက်ဒရီယန် မာတီနက်ဇ်ဟာ ပထမပိုင်းအတွင်း မက်ဆီကို ပြင်းထန်တဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့တာကြောင့် အထုတ်ခံခဲ့ရပါတယ်။

မာတီနက်ဇ်ဟာ ပီအက်စ်ဂျီစတားကို အန္တရာယ်များလှတဲ့ ခြေထောက်နဲ့ နင်းတဲ့ ဖျက်ထုတ်မှုမျိုး ပြုလုပ်ခဲ့တာပါ။

အဆိုပါ အဖြစ်အပျက်ကို VARပြန်ကြည့်ပြီးချိန်မှာတော့ မာတီနက်ဇ်တစ်ယောက် တိုက်ရိုက် အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

မက်ဆီ ရဲ့ဒဏ်ရာအခြေအနေဟာ ကောင်းမွန်တယ်လို့ အာဂျင်တီးနားအသင်း နည်းပြ စကာလိုနီ က ဘရာဇီးလ် နဲ့ ပွဲမတိုင်ခင် ပြောဆိုလိုက်ပါတယ်။

အာဂျင်တီးနား နဲ့ ဘရာဇီးလ် အသင်းတို့ကတော့ မနက်ဖြန်မှာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ထိပ်တိုက်တွေ့ဆုံကြရမှာဖြစ်ပါတယ်။

နည်းပြ စကာလိုနီ က “မက်ဆီအဆင်ပြေပါတယ်။

အဲဒီဖျက်ထုတ်မှုဟာ ကြောက်စရာကောင်းခဲ့ပေမယ့် ကံကောင်းစွာနဲ့ပဲ သူအဆင်ပြေပါတယ်။

ဒီ‌နေ့နေ့လည် ကွင်းထဲမှာ အလုပ်လုပ်ပြီးနောက် သူရဲ့အခြေအနေ(၁၀၀)ရာခိုင်နှုန်းကို ကျွန်တော်တို့ အတည်ပြုပါမယ်။”

“အဲဒီပွဲကို ဘယ်သူတွေနဲ့ ကစားမလဲဆိုတာတွေးထားပြီးသားပါ။

ဗင်နီဇွဲလားနဲ့ ကစားခဲ့တဲ့ ပွဲစဉ်က ကစားသမားတွေအားလုံးကို ပြန်သုံးမှာမဟုတ်ဘဲ အပြောင်းအလဲအချို့ လုပ်ကောင်းလုပ်သွားမှာပါ။” လို့ ပြောဆိုပါတယ်။

ဘရာဇီးလ် အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတောင်အမေရိကဇုန်မှာ (၇)ပွဲကစား (၇)ပွဲအနိုင်ရထားပြီး ဦးဆောင်နေတာဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းကတော့ (၇)ပွဲကစားအပြီးမှာ (၄)ပွဲနိုင် (၃)ပွဲသရေကျထားတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီရဲ႕ ဒဏ္ရာအတိမ္အနက္ကိစၥကို ေျပာလာတဲ့ အာဂ်င္တီးနားနည္းျပ

မက္ဆီဟာ ယမန္ေန႔တုန္းက ဗင္နီဇြဲလားနဲ႔ ပြဲစဥ္မွာ ကစားသမားဘ၀ အဆုံးသတ္သြားေစႏိုင္တဲ့ ဖ်က္ထုတ္မႈကေန ကံေကာင္းေထာက္မစြာ လြတ္ေျမာက္ခဲ့ပါတယ္။
ဗင္နီဇြဲလားကစားသမား အက္ဒရီယန္ မာတီနက္ဇ္ဟာ ပထမပိုင္းအတြင္း မက္ဆီကို ျပင္းထန္တဲ့ ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့တာေၾကာင့္ အထုတ္ခံခဲ့ရပါတယ္။ မာတီနက္ဇ္ဟာ ပီအက္စ္ဂ်ီစတားကို အႏၲရာယ္မ်ားလွတဲ့ ေျခေထာက္နဲ႔ နင္းတဲ့ ဖ်က္ထုတ္မႈမ်ိဳး ျပဳလုပ္ခဲ့တာပါ။

အဆိုပါ အျဖစ္အပ်က္ကို VARျပန္ၾကည့္ၿပီးခ်ိန္မွာေတာ့ မာတီနက္ဇ္တစ္ေယာက္ တိုက္႐ိုက္ အနီကတ္နဲ႔ အထုတ္ခံခဲ့ရပါတယ္။ မက္ဆီ ရဲ႕ဒဏ္ရာအေျခအေနဟာ ေကာင္းမြန္တယ္လို႔ အာဂ်င္တီးနားအသင္း နည္းျပ စကာလိုနီ က ဘရာဇီးလ္ နဲ႔ ပြဲမတိုင္ခင္ ေျပာဆိုလိုက္ပါတယ္။အာဂ်င္တီးနား နဲ႔ ဘရာဇီးလ္ အသင္းတို႔ကေတာ့ မနက္ျဖန္မွာ (၂၀၂၂) ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ထိပ္တိုက္ေတြ႕ဆုံၾကရမွာျဖစ္ပါတယ္။

နည္းျပ စကာလိုနီ က “မက္ဆီအဆင္ေျပပါတယ္။အဲဒီဖ်က္ထုတ္မႈဟာ ေၾကာက္စရာေကာင္းခဲ့ေပမယ့္ ကံေကာင္းစြာနဲ႔ပဲ သူအဆင္ေျပပါတယ္။ဒီ‌ေန႔ေန႔လည္ ကြင္းထဲမွာ အလုပ္လုပ္ၿပီးေနာက္ သူရဲ႕အေျခအေန(၁၀၀)ရာခိုင္ႏႈန္းကို ကြၽန္ေတာ္တို႔ အတည္ျပဳပါမယ္။”

“အဲဒီပြဲကို ဘယ္သူေတြနဲ႔ ကစားမလဲဆိုတာေတြးထားၿပီးသားပါ။ဗင္နီဇြဲလားနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္က ကစားသမားေတြအားလုံးကို ျပန္သုံးမွာမဟုတ္ဘဲ အေျပာင္းအလဲအခ်ိဳ႕ လုပ္ေကာင္းလုပ္သြားမွာပါ။” လို႔ ​​ေျပာဆိုပါတယ္။

ဘရာဇီးလ္ အသင္းဟာ ကမၻာ့ဖလားေျခစစ္ပြဲေတာင္အေမရိကဇုန္မွာ (၇)ပြဲကစား (၇)ပြဲအနိုင္ရထားၿပီး ဦးေဆာင္ေနတာျဖစ္ပါတယ္။အာဂ်င္တီးနား အသင္းကေတာ့ (၇)ပြဲကစားအၿပီးမွာ (၄)ပြဲနိုင္ (၃)ပြဲသေရက်ထားတာျဖစ္ပါတယ္။