မက်ဆီရဲ့ ခြေစွမ်းပြ သွင်းဂိုးတွေနဲ့အတူ ပီအက်စ်ဂျီကို သတိပေးလိုက်တဲ့ ဘာစီလိုနာ
လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ စနေနေ့က ကမ့်နူးမှာ အလာဗတ်ကို ( ၅ – ၁ ) အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်အတွင်း ခြေစွမ်းပြ ကစားခဲ့ပြီး သွင်းဂိုး ( ၂ ) ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ မက်ဆီရဲ့ စံချိန်တင် လာလီဂါပွဲစဥ် ( ၅၀၅ ) ပွဲ မြောက်မှာ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့် ပွဲစဥ်အတွက် အသင့်ဖြစ်နေပြီဆိုတာ သက်ေသပြသွားခဲ့ပါတယ်။
ဘာစီလိုနာအသင်းအတွက် ဦးေဆာင်ဂိုးကို ေပါ်တူဂီတိုက်စစ်မှူး ထရန်ကာအိုက ( ၁၈ ) နှစ်အရွယ် ကွင်းလယ် ကစားသမား Ilaix Moriba ရဲ့ ပေးပို့မှုကနေ သွင်းယူခဲ့ပြီး လီယွန်နယ် မက်ဆီက ဒုတိယ ဦးဆောင်ဂိုးကို ဧရိယာထိပ်ကနေ လှလှပပ ရယူပေးခဲ့ပါတယ်။ Luis Rioja က အလာဗတ်အသင်းအတွက် ‌ြေခပဂိုး တစ်ဂိုး ရယူပေးခဲ့ပေမယ့် ဘာစီလိုနာက မက်ဆီ ၊ ထရန်ကာအို နှင့် ဖာပို တို့ရဲ့ နောက်ထပ်သွင်းဂိုးတွေနဲ့အတူ ပွဲအပြီးမှာ ( ၅ -၁ ) ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ယခုနိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့် ( ၂ ) နေရာကို ရောက်ရှိလာပြီး တစ်ပွဲလျော့ ကစားထားတဲ့ အဆင့် ( ၁ ) နေရာက အက်သလက်တီကို အသင်းအောက် ( ၈ ) မှတ် လျော့နည်းလျက်ရှိပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့် ၊ ပထမအကျော့ ပွဲစဥ်အဖြစ် ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီအသင်းကို လက်ခံကစားရဖို့ရှိနေပါတယ်။ ဘာစီလိုနာ ကစားသမားဟောင်း နေမာကတော့ ဒဏ်ရာပြဿနာကြောင့် အဆိုပါ ပွဲစဥ်ကို လွဲခေျာ်ဖို့ရှိနေပါတယ်။
Zawgyi
ဘာစီလိုနာအသင်းဟာ မက်ဆီရဲ့ စံချိန်တင် လာလီဂါပွဲစဉ် ( ၅၀၅ ) ပွဲ မြောက်မှာ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့် ပွဲစဉ်အတွက် အသင့်ဖြစ်နေပြီဆိုတာ သက်သေပြသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုးကို ပေါ်တူဂီတိုက်စစ်မှူး ထရန်ကာအိုက ( ၁၈ ) နှစ်အရွယ် ကွင်းလယ် ကစားသမား Ilaix Moriba ရဲ့ ပေးပို့မှုကနေ သွင်းယူခဲ့ပြီး လီယွန်နယ် မက်ဆီက ဒုတိယ ဦးဆောင်ဂိုးကို ဧရိယာထိပ်ကနေ လှလှပပ ရယူပေးခဲ့ပါတယ်။