မက်ဆီရဲ့အသင်းခေါင်းဆောင်နေရာ ဆက်ခံမယ့်ကစားသမားသစ်ကို ဘာစီလိုနာ ထုတ်ပြန်ကြေညာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းဟာ နာမည်ကျော်ကစားသမားဟောင်းမက်ဆီနဲ့လမ်းခွဲပြီးတဲ့နောက် လာမယ့်ရာသီကျရင် အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ခွင့်ရမယ့် ကစားသမားသစ်ကို အတည်ပြုထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာကစားသမားဘဝမှာ ဘောလုံးသမားဘဝကအနားမယူခင်မှာဘဲ ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး နာမည်ကျော်ကွင်းလယ်လူဟောင်း အင်နီယေစတာ အသင်းနဲ့လမ်းခွဲခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမှာ အသင်းခေါင်းဆောင်လက်ပတ်ဝင်ဆင်ကစားခွင့်ရခဲ့ပါတယ်။

Ballon d’Or ဆုကို (၆)ကြိမ်အထိရရှိခဲ့သလို ဘာစီလိုနာအသင်းမှာ နောက်လူတွေချိုးဖျက်နိုင်ဖို့ခက်တဲ့ စံချိန်မှတ်တမ်းကောင်းတွေအများကြီးစိုက်ထူခဲ့သူ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ရုတ်တရက်လမ်းခွဲလိုက်တာက ဘောလုံးတစ်ခုလုံးအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရပြီး အစားထိုးဖို့ခက်ခဲခဲ့ဆုံးရှုံးမှုတစ်ခုလည်းဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း ဘာစီလိုနာအသင်းကတော့ မက်ဆီမရှိတော့တဲ့ အနာဂတ်ကို ဆက်လက်လျှောက်လှမ်းဖို့ အကောင်းဆုံးပြင်ဆင်ထားသလို အခု မက်ဆီရဲ့အသင်းခေါင်းဆောင်နေရာဆက်ခံမယ့်သူကို ရွေးချယ်သတ်မှတ်လိုက်ပါပြီ။

လာမယ့်ရာသီကစလို့ ဘာစီလိုနာအသင်းခေါင်းဆောင်အဖြစ် ၀ါရင့်ကွင်းလယ်လူဘူးစကွက်စ်က တာဝန်ယူသွားမှာဖြစ်ပြီး နောက်ခံလူပီကေးက ဒုတိယအသင်းခေါင်းဆောင်၊ ယော်ဒီအယ်လ်ဘာနဲ့ ဆာဂျီရော်ဘတ်တိုတို့က တတိယနဲ့စတုတ္ထအသင်းခေါင်းဆောင်တွေအဖြစ် တာဝန်ယူသွားမှာပါ။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဘူးစကွက်စ်ဟာ လာမာစီယာအကယ်ဒမီကနေထွက်ပေါ်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ အသင်းကြီးအတွက် ပွဲထွက်ခွင့်ရပြီးနောက်ပိုင်း အဓိက,ကွင်းလယ်လူအဖြစ် ပါဝင်ခွင့်ရနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့လက်ရှိကစားသမားတွေထဲမှာ သူနဲ့ပီကေးတို့က နှစ်အကြာဆုံးကစားသမားတွေဖြစ်ပြီး အသင်းနဲ့အတူ လာလီဂါ(၈)ကြိမ်၊ စပိန်ဘုရင့်ဖလား(၇)ကြိမ်၊ ချန်ပီယံလိဂ်(၃)ကြိမ်၊ ဥရောပစူပါဖလားနဲ့

ဖီဖာကလပ်ကမ္ဘာ့ဖလား (၃)ကြိမ်စီ၊ စပိန်စူပါဖလား(၆)ကြိမ်ရယူနိုင်ခဲ့သလို ဘူးစကွက်စ်ဟာ မက်ဆီမရှိတော့တဲ့ ဘာစီလိုနာအသင်းကို တည်ငြိမ်မှုရှိအောင်နဲ့ လာမယ့်ရာသီမှာ အောင်မြင်မှုတွေရယူနိုင်အောင် ဦးဆောင်ပေးရမှာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီရဲ႕အသင္းေခါင္းေဆာင္ေနရာ ဆက္ခံမယ့္ကစားသမားသစ္ကို ဘာစီလိုနာ ထုတ္ျပန္ေၾကညာ

ဘာစီလိုနာအသင္းဟာ နာမည္ေက်ာ္ကစားသမားေဟာင္းမက္ဆီနဲ႔လမ္းခြဲၿပီးတဲ့ေနာက္ လာမယ့္ရာသီက်ရင္ အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ခြင့္ရမယ့္ ကစားသမားသစ္ကို အတည္ျပဳထုတ္ျပန္ေၾကညာလိုက္ၿပီျဖစ္ပါတယ္။ မက္ဆီဟာ ဘာစီလိုနာကစားသမားဘဝမွာ ေဘာလုံးသမားဘဝကအနားမယူခင္မွာဘဲ ဂႏၴဝင္ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရၿပီး နာမည္ေက်ာ္ကြင္းလယ္လူေဟာင္း အင္နီေယစတာ အသင္းနဲ႔လမ္းခြဲခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမွာ အသင္းေခါင္းေဆာင္လက္ပတ္ဝင္ဆင္ကစားခြင့္ရခဲ့ပါတယ္။

Ballon d’Or ဆုကို (၆)ႀကိမ္အထိရရွိခဲ့သလို ဘာစီလိုနာအသင္းမွာ ေနာက္လူေတြခ်ိဳးဖ်က္ႏိုင္ဖို႔ခက္တဲ့ စံခ်ိန္မွတ္တမ္းေကာင္းေတြအမ်ားႀကီးစိုက္ထူခဲ့သူ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔႐ုတ္တရက္လမ္းခြဲလိုက္တာက ေဘာလုံးတစ္ခုလုံးအတြက္ အံ့အားသင့္စရာျဖစ္ခဲ့ရၿပီး အစားထိုးဖို႔ခက္ခဲခဲ့ဆုံးရႈံးမႈတစ္ခုလည္းျဖစ္ခဲ့ရပါတယ္။ ဒါေပမဲ့လည္း ဘာစီလိုနာအသင္းကေတာ့ မက္ဆီမရွိေတာ့တဲ့ အနာဂတ္ကို ဆက္လက္ေလွ်ာက္လွမ္းဖို႔ အေကာင္းဆုံးျပင္ဆင္ထားသလို အခု မက္ဆီရဲ႕အသင္းေခါင္းေဆာင္ေနရာဆက္ခံမယ့္သူကို ေ႐ြးခ်ယ္သတ္မွတ္လိုက္ပါၿပီ။

လာမယ့္ရာသီကစလို႔ ဘာစီလိုနာအသင္းေခါင္းေဆာင္အျဖစ္ ၀ါရင့္ကြင္းလယ္လူဘူးစကြက္စ္က တာဝန္ယူသြားမွာျဖစ္ၿပီး ေနာက္ခံလူပီေကးက ဒုတိယအသင္းေခါင္းေဆာင္၊ ေယာ္ဒီအယ္လ္ဘာနဲ႔ ဆာဂ်ီေရာ္ဘတ္တိုတို႔က တတိယနဲ႔စတုတၳအသင္းေခါင္းေဆာင္ေတြအျဖစ္ တာဝန္ယူသြားမွာပါ။ အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘူးစကြက္စ္ဟာ လာမာစီယာအကယ္ဒမီကေနထြက္ေပၚခဲ့တဲ့ကစားသမားတစ္ဦးျဖစ္ၿပီး ၂၀၀၈ ခုႏွစ္မွာ အသင္းႀကီးအတြက္ ပြဲထြက္ခြင့္ရၿပီးေနာက္ပိုင္း အဓိက,ကြင္းလယ္လူအျဖစ္ ပါဝင္ခြင့္ရေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းရဲ႕လက္ရွိကစားသမားေတြထဲမွာ သူနဲ႔ပီေကးတို႔က ႏွစ္အၾကာဆုံးကစားသမားေတြျဖစ္ၿပီး အသင္းနဲ႔အတူ လာလီဂါ(၈)ႀကိမ္၊ စပိန္ဘုရင့္ဖလား(၇)ႀကိမ္၊ ခ်န္ပီယံလိဂ္(၃)ႀကိမ္၊ ဥေရာပစူပါဖလားနဲ႔ ဖီဖာကလပ္ကမာၻ႔ဖလား (၃)ႀကိမ္စီ၊ စပိန္စူပါဖလား(၆)ႀကိမ္ရယူႏိုင္ခဲ့သလို ဘူးစကြက္စ္ဟာ မက္ဆီမရွိေတာ့တဲ့ ဘာစီလိုနာအသင္းကို တည္ၿငိမ္မႈရွိေအာင္နဲ႔ လာမယ့္ရာသီမွာ ေအာင္ျမင္မႈေတြရယူႏိုင္ေအာင္ ဦးေဆာင္ေပးရမွာလည္းျဖစ္ပါတယ္။