မက်ဆီရဲ့အပြောင်းအရွှေ့ကြောင့် (၃)ရက်အတွင်းမှာပဲ PSG ရဲ့ Instagram မှာ Follower (၁)သန်းကျော်ပိုများလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ အာဂျင်တီးနားနာမည်ကျော်ကစားသမားမက်ဆီကို တရားဝင်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပြီး မက်ဆီဟာ အသင်းအတွက်တစ်ပွဲမှမကစားရသေးခင်မှာပဲ ကွင်းပြင်ပအောင်မြင်မှုတွေ စတင်ရယူပေးနေပြီဖြစ်ပါတယ်။

အခုဆိုရင် မက်ဆီရဲ့အပြောင်းအရွှေ့ကြောင့် (၃)ရက်အတွင်းမှာပဲ PSG အသင်းရဲ့ Instagram မှာ Followers အရေအတွက်(၁.၄)သန်းကျော် ပိုများလာပြီး Facebook မှာလည်း Like လုပ်တဲ့သူ (၂၀၀,၀၀၀)အထိ မြင့်တက်လာခဲ့ပါတယ်။

Twitter မှာ စပိန်ဘာသာနဲ့ဖွင့်လှစ်ထားတဲ့ PSG အသင်းရဲ့ Page ကိုလည်း Follow လုပ်တဲ့သူအရေအတွက် တဖြည်းဖြည်းများပြားနေပြီး လာလီဂါပရိသတ်တွေပါ မက်ဆီကြောင့် PSG အသင်း Page ကို Follow လုပ်နေကြတာလည်းဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက စီးရီးအေထိပ်သီးဂျူဗင်တပ်စ်အသင်း ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ချိန်မှာ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ Followers အရေအတွက် (၂.၂)သန်းအထိ မြင့်တက်လာခဲ့ပြီး

နောက်(၁)နှစ်ခွဲအတွင်းမှာပဲ Facebook followers အရေအတွက် (၇.၅)သန်း၊ YouTube မှာ Viewers အရေအတွက် (၁.၅)သန်း၊ တရုတ်နိုင်ငံက နာမည်ကျော် App တစ်ခုဖြစ်တဲ့ Sina Weibo မှာ (၂)သန်းကျော်အထိ မြင့်တက်လာခဲ့ပါတယ်။

အခုအချိန်မှာလည်း PSG အသင်းဟာ စီရော်နယ်လ်ဒိုရဲ့အဓိကပြိုင်ဘက် မက်ဆီကို ခေါ်ယူလိုက်နိုင်ပြီဖြစ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ Like နဲ့ Follwers အရေအတွက် မြင့်တက်လာခဲ့တဲ့အပြင် ရုပ်သံထုတ်လွှင့်ကြေးတွေလည်း အရင်ကထက်ပိုရဖို့ရှိနေပါပြီ။

ပြင်သစ်လီဂူးပွဲတွေထုတ်လွှင့်ပြသဖို့မူပိုင်ခွင့်ကို ၂၀၂၄ ခုနှစ်အထိရယူထားတဲ့ Amazon ၊ Canal+ နဲ့ RMC Sport ရုပ်သံဌာနတွေဟာ မက်ဆီရဲ့အပြောင်းအရွှေ့ကြောင့် ရုပ်သံထုတ်လွှင့်ခရရှိမှု မြင့်တက်လာဖို့ရှိနေပြီး အဲဒီကနေတစ်ဆင့် PSG အသင်းရဲ့ ရုပ်သံဝင်ငွေပမာဏကလည်း မြင့်တက်လာဖို့ရှိနေပါတယ်။

မက်ဆီရဲ့ထင်ရှားကျော်ကြားတဲ့ပုံရိပ်ကြောင့် PSG အသင်းအတွက် စီးပွားရေးကဏ္ဍမှာ ဝင်ငွေရရှိမှုမြင့်တက်နေပြီး မက်ဆီနာမည်ပါတဲ့ဂျာစီတွေဟာ မိနစ်ပိုင်းအတွင်းမှာပဲ အကုန်လုံးရောင်းချခဲ့ရပြီဖြစ်ပါတယ်။

မက်ဆီကို ခေါ်ယူနိုင်ခဲ့လို့ PSG အသင်းရဲ့ဝင်ငွေမြင့်မားလာချိန်မှာ မက်ဆီကို ဆုံးရှုံးလိုက်ရတဲ့ ဘာစီလိုနာအသင်းကတော့ ရက်ပိုင်းအတွင်းမှာပဲ ငွေကြေးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။

ဘာစီလိုနာအသင်းဟာ မက်ဆီကို လက်လွှတ်လိုက်ရတဲ့အတွက် သူ့အတွက်ပေးချေရမယ့် မြင့်မားတဲ့လစာငွေပမာဏအသုံးစရိတ်ကို ကာမိလိုက်ပေမယ့် အသင်းနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေရောင်းချရမှုက

ပေါင်(၃၆)သန်းအထိကျဆင်းသွားပြီး တခြားစီးပွားရေးကဏ္ဍတွေကနေ ဝင်ငွေရရှိမှုက ပေါင်(၆၅)သန်းအထိကျဆင်းသွားတာအပါအဝင် အခုရက်ပိုင်းအတွင်းမှာပဲ ပေါင်(၁၁၆)သန်းအထိ ငွေကြေးဆုံးရှုံးခဲ့တယ်လို့ စပိန်အားကစားသတင်းစာ Sport က ဖော်ပြခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီရဲ႕အေျပာင္းအေ႐ႊ႕ေၾကာင့္ (၃)ရက္အတြင္းမွာပဲ PSG ရဲ႕ Instagram မွာ Follower (၁)သန္းေက်ာ္ပိုမ်ားလာ

ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းဟာ အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမားမက္ဆီကို တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ၿပီး မက္ဆီဟာ အသင္းအတြက္တစ္ပြဲမွမကစားရေသးခင္မွာပဲ ကြင္းျပင္ပေအာင္ျမင္မႈေတြ စတင္ရယူေပးေနၿပီျဖစ္ပါတယ္။ အခုဆိုရင္ မက္ဆီရဲ႕အေျပာင္းအေ႐ႊ႕ေၾကာင့္ (၃)ရက္အတြင္းမွာပဲ PSG အသင္းရဲ႕ Instagram မွာ Followers အေရအတြက္(၁.၄)သန္းေက်ာ္ ပိုမ်ားလာၿပီး Facebook မွာလည္း Like လုပ္တဲ့သူ (၂၀၀,၀၀၀)အထိ ျမင့္တက္လာခဲ့ပါတယ္။

Twitter မွာ စပိန္ဘာသာနဲ႔ဖြင့္လွစ္ထားတဲ့ PSG အသင္းရဲ႕ Page ကိုလည္း Follow လုပ္တဲ့သူအေရအတြက္ တျဖည္းျဖည္းမ်ားျပားေနၿပီး လာလီဂါပရိသတ္ေတြပါ မက္ဆီေၾကာင့္ PSG အသင္း Page ကို Follow လုပ္ေနၾကတာလည္းျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းက စီးရီးေအထိပ္သီးဂ်ဴဗင္တပ္စ္အသင္း ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုကို ေခၚယူခဲ့ခ်ိန္မွာ သူတို႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ Followers အေရအတြက္ (၂.၂)သန္းအထိ ျမင့္တက္လာခဲ့ၿပီး ေနာက္(၁)ႏွစ္ခြဲအတြင္းမွာပဲ Facebook followers အေရအတြက္ (၇.၅)သန္း၊ YouTube မွာ Viewers အေရအတြက္ (၁.၅)သန္း၊ တ႐ုတ္ႏိုင္ငံက နာမည္ေက်ာ္ App တစ္ခုျဖစ္တဲ့ Sina Weibo မွာ (၂)သန္းေက်ာ္အထိ ျမင့္တက္လာခဲ့ပါတယ္။

အခုအခ်ိန္မွာလည္း PSG အသင္းဟာ စီေရာ္နယ္လ္ဒိုရဲ႕အဓိကၿပိဳင္ဘက္ မက္ဆီကို ေခၚယူလိုက္ႏိုင္ၿပီျဖစ္လို႔ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ Like နဲ႔ Follwers အေရအတြက္ ျမင့္တက္လာခဲ့တဲ့အျပင္ ႐ုပ္သံထုတ္လႊင့္ေၾကးေတြလည္း အရင္ကထက္ပိုရဖို႔ရွိေနပါၿပီ။ ျပင္သစ္လီဂူးပြဲေတြထုတ္လႊင့္ျပသဖို႔မူပိုင္ခြင့္ကို ၂၀၂၄ ခုႏွစ္အထိရယူထားတဲ့ Amazon ၊ Canal+ နဲ႔ RMC Sport ႐ုပ္သံဌာနေတြဟာ မက္ဆီရဲ႕အေျပာင္းအေ႐ႊ႕ေၾကာင့္ ႐ုပ္သံထုတ္လႊင့္ခရရွိမႈ ျမင့္တက္လာဖို႔ရွိေနၿပီး အဲဒီကေနတစ္ဆင့္ PSG အသင္းရဲ႕ ႐ုပ္သံဝင္ေငြပမာဏကလည္း ျမင့္တက္လာဖို႔ရွိေနပါတယ္။

မက္ဆီရဲ႕ထင္ရွားေက်ာ္ၾကားတဲ့ပုံရိပ္ေၾကာင့္ PSG အသင္းအတြက္ စီးပြားေရးက႑မွာ ဝင္ေငြရရွိမႈျမင့္တက္ေနၿပီး မက္ဆီနာမည္ပါတဲ့ဂ်ာစီေတြဟာ မိနစ္ပိုင္းအတြင္းမွာပဲ အကုန္လုံးေရာင္းခ်ခဲ့ရၿပီျဖစ္ပါတယ္။ မက္ဆီကို ေခၚယူႏိုင္ခဲ့လို႔ PSG အသင္းရဲ႕ဝင္ေငြျမင့္မားလာခ်ိန္မွာ မက္ဆီကို ဆုံးရႈံးလိုက္ရတဲ့ ဘာစီလိုနာအသင္းကေတာ့ ရက္ပိုင္းအတြင္းမွာပဲ ေငြေၾကးဆုံးရႈံးမႈေတြနဲ႔ ရင္ဆိုင္ေနရပါၿပီ။

ဘာစီလိုနာအသင္းဟာ မက္ဆီကို လက္လႊတ္လိုက္ရတဲ့အတြက္ သူ႔အတြက္ေပးေခ်ရမယ့္ ျမင့္မားတဲ့လစာေငြပမာဏအသုံးစရိတ္ကို ကာမိလိုက္ေပမယ့္ အသင္းနဲ႔ပတ္သက္တဲ့ကုန္ပစၥည္းေတြေရာင္းခ်ရမႈက ေပါင္(၃၆)သန္းအထိက်ဆင္းသြားၿပီး တျခားစီးပြားေရးက႑ေတြကေန ဝင္ေငြရရွိမႈက ေပါင္(၆၅)သန္းအထိက်ဆင္းသြားတာအပါအဝင္ အခုရက္ပိုင္းအတြင္းမွာပဲ ေပါင္(၁၁၆)သန္းအထိ ေငြေၾကးဆုံးရႈံးခဲ့တယ္လို႔ စပိန္အားကစားသတင္းစာ Sport က ေဖာ္ျပခဲ့ပါတယ္။