မက်ဆီရဲ့အနာဂါတ်နဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို အရိပ်အမြွက်ဆိုလာတဲ့ ဖခင်ဖြစ်သူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မက်ဆီရဲ့ဖခင်လည်းဖြစ်၊ အေးဂျင့်လည်းဖြစ်သူ ဂျော့မက်ဆီက ၂၀၂၁ နွေရာသီအထိ နူးကမ့်မှာ သူ့သားဆက်ရှိနိုင်တဲ့ သဘောတူညီမှုမျိုးရရှိနိုင်ကြောင်း အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ အဲဒီ Ballon d’Or ၆ ဆုရှင်ဟာ နူးကမ့်က ထွက်ခွာလိုကြောင်း ပြောထားပေမယ့် သူ့ဖခင်နဲ့ အသင်းဥက္ကဌဘာတိုမြူတို့ဟာ လက်ရှိမှာ မျက်နှာချင်းဆိုင်ဆွေးနွေးမှုတွေလုပ်နေကြတာပါ။

photo-credit

ဘာစီလိုနာမြို့ကိုရောက်လာလာချင်းတုန်းကတော့ သူသားရဲ့အနာဂါတ်နဲ့ပတ်သက်လို့ ဘာမှမသိသေးကြောင်း ပြောခဲ့ပေမယ့် အခုနောက်ဆုံးအနေနနဲ့ စပိန်ရုပ်သံတစ်ခုရဲ့မေးမြန်းမှုမှာတော့ အစတုန်းကနဲ့ မတူညီတဲ့အဖြေကို ပြောခဲ့ပါတယ်။ ဘာစီလိုနာနဲ့ဆွေးတွေးမှုတွေဟာ အဆင်ပြေကြောင်း ပြောခဲ့တာဖြစ်ပြီး အသင်းမှာ သူဆက်ရှိနိုင်မယ့် သဘောတူညီမှုကိုရောက်ရှိနိုင်တဲ့ အခွင့်အလမ်းရှိနေသေးတဲ့သဘောဆိုခဲ့တာပါ။

photo-credit

မက်ဆီဟာ သူ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၁ အထိ ဘာစီလိုနာမှာ ဆက်ရှိနိုင်မလားလို့ မေးမြန်းတော့ ဂျော့မက်ဆီက ”ဟုတ်ကဲ့”လို့ ပြန်ဖြေခဲ့ပါတယ်။ ဘာစီလိုနာဘက်ကတော့ သူတို့ရဲ့အကောင်းဆုံးကစားသမားဖြစ်တဲ့မက်ဆီကို ဆက်ထိန်းရေးအတွက် အစွမ်းကုန်ကြိုးစားနေပါတယ်။

photo-credit

လက်ရှိမှာလည်း စာချုပ်ပါထွက်ခွာကြေးအပြင် သူ့ရဲ့မြင့်မားလှတဲ့လစာကြောင့် မန်စီးတီးဟာ မက်ဆီကို အခုနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ အခွင့်အရေးနည်းနေပါတယ်။ မက်ဆီအနေနဲ့ သူ့ဆရာဟောင်းဂွါဒီယိုလာနဲ့ ပြန်လည်လက်တွဲချင်တယ်ဆိုရင် လာမယ့်ရာသီကုန်အထိ စောင့်ရဖို့ များနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

မက္ဆီရဲ႕အနာဂါတ္နဲ႔ပတ္သက္လုိ႔ ေနာက္ဆုံးအေျခအေနကို အရိပ္အျမြက္ဆိုလာတဲ့ ဖခင္ျဖစ္သူ

မက္ဆီရဲ႕ဖခင္လည္းျဖစ္၊ ေအးဂ်င့္လည္းျဖစ္သူ ေဂ်ာ့မက္ဆီက ၂၀၂၁ ေႏြရာသီအထိ ႏူးကမ့္မွာ သူ႔သားဆက္ရွိႏိုင္တဲ့ သေဘာတူညီမႈမ်ိဳးရရွိႏိုင္ေၾကာင္း အရိပ္အျမြက္ေျပာၾကားလိုက္ပါတယ္။ အဲဒီ Ballon d’Or ၆ ဆုရွင္ဟာ ႏူးကမ့္က ထြက္ခြာလိုေၾကာင္း ေျပာထားေပမယ့္ သူ႔ဖခင္နဲ႔ အသင္းဥကၠဌဘာတုိျမဴတို႔ဟာ လက္ရွိမွာ မ်က္ႏွာခ်င္းဆိုင္ေဆြးေႏြးမႈေတြလုပ္ေနၾကတာပါ။

ဘာစီလိုနာၿမိဳ႕ကိုေရာက္လာလာခ်င္းတုန္းကေတာ့ သူသားရဲ႕အနာဂါတ္နဲ႔ပတ္သက္လို႔ ဘာမွမသိေသးေၾကာင္း ေျပာခဲ့ေပမယ့္ အခုေနာက္ဆုံးအေနနနဲ႔ စပိန္ရုပ္သံတစ္ခုရဲ႕ေမးျမန္းမႈမွာေတာ့ အစတုန္းကနဲ႔ မတူညီတဲ့အေျဖကုိ ေျပာခဲ့ပါတယ္။ ဘာစီလုိနာနဲ႔ေဆြးေတြးမႈေတြဟာ အဆင္ေျပေၾကာင္း ေျပာခဲ့တာျဖစ္ၿပီး အသင္းမွာ သူဆက္ရွိႏိုင္မယ့္ သေဘာတူညီမႈကုိေရာက္ရွိႏိုင္တဲ့ အခြင့္အလမ္းရွိေနေသးတဲ့သေဘာဆုိခဲ့တာပါ။

မက္ဆီဟာ သူ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ၂၀၂၁ အထိ ဘာစီလိုနာမွာ ဆက္ရွိႏိုင္မလားလုိ႔ ေမးျမန္းေတာ့ ေဂ်ာ့မက္ဆီက ”ဟုတ္ကဲ့”လို႔ ျပန္ေျဖခဲ့ပါတယ္။ ဘာစီလုိနာဘက္ကေတာ့ သူတို႔ရဲ႕အေကာင္းဆုံးကစားသမားျဖစ္တဲ့မက္ဆီကို ဆက္ထိန္းေရးအတြက္ အစြမ္းကုန္ႀကိဳးစားေနပါတယ္။

လက္ရွိမွာလည္း စာခ်ဳပ္ပါထြက္ခြာေၾကးအျပင္ သူ႔ရဲ႕ျမင့္မားလွတဲ့လစာေၾကာင့္ မန္စီးတီးဟာ မက္ဆီကို အခုေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူႏုိင္ဖို႔ အခြင့္အေရးနည္းေနပါတယ္။ မက္ဆီအေနနဲ႔ သူ႔ဆရာေဟာင္းဂြါဒီယိုလာနဲ႔ ျပန္လည္လက္တြဲခ်င္တယ္ဆုိရင္ လာမယ့္ရာသီကုန္အထိ ေစာင့္ရဖို႔ မ်ားေနပါတယ္။